Bomber တွေကတော့ ဖက်ရှင်ချစ်သူတွေကြားမှာ လူကြိုက်များ ရေပန်းစားပြီးသား ဂျက်ကတ်အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ လူငယ်တွေအများစု စွဲလန်းနှစ်ခြိုက်စွာ ဝတ်ကြသလို လူလတ်ပိုင်း အမျိုးသားတွေလည်း အဝတ်များကြပါတယ်။ များသောအားဖြင့် Bomber တွေ ကို နိုင်လွန်၊ Suede ၊ သိုးမွှေးသားတွေနဲ့ ချုပ်လေ့ရှိပြီး ရာသီဥတုအေးတဲ့အချိန်တွေမှာ စတိုင် မိမိနဲ့ ဝတ်လို့အကောင်းဆုံး ဂျက်ကတ်တစ်ထည်ပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Bomber ချစ်သူ ကွီး တို့အတွက် စတိုင် အမိဆုံး ဝတ်နိုင်မယ့် Bomber Jacket Outfits လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) Burgundy Bomber Jacket

Photo : The Trend Spotter

အနီမှိုင်းမှိုင်း Burgundy Bomber တွေကတော့ ၆၀ ခုနှစ်ဝန်းကျင်လောက်စပြီး ပန့်ခ် လူငယ်တွေ စတင်ဝတ်ခဲ့ကြတဲ့ ဂျက်ကတ်စတိုင်တစ်ခု ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ Burgundy တွေကို စတိုင်အမျိုးမျိုး ၊ ပုံစံအမျိုးမျိုးနဲ့ ဝတ်နေကြပါပြီ။ Burgundy တွေ ဝတ်မယ်ဆိုရင် Black Jeans ၊ T-shirt ဒါမှမဟုတ် Hoodie တွေနဲ့ တွဲဝတ်လို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ အားလပ်ရက်မှာ လူငယ်ဆန်ဆန် စတိုင်အမိဆုံး ဝတ်လို့ရတဲ့ Outfit တစ်မျိုးပဲ ဖြစ်ပါတယ်။

(၂) Olive Bomber Jacket

Photo : The Trend Spotter

သံလွင်သီးရောင် Olive Bomber တွေကတော့ ယောကျာ်းလေးအများစုရဲ့ ရွေးချယ်မှုတစ်ခု လို့တောင် ပြောနိုင်ပါတယ်။ အရောင်အားဖြင့်လည်း တခြား Bomber တွေထက် ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ ဘက်ကိုသွားပါတယ်။ Chinos နဲ့ Jeans တွေကတော့ Olive Bomber တွေနဲ့ အလိုက်ဖက်ဆုံး ဖက်ရှင်အတွဲအစပ် တစ်ခုဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ Neutral ကာလာတွေနဲ့ အညိုဘက်သမ်းတဲ့ Earth Tones ကာလာ ဘောင်းဘီတွေကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။

(၃) Long Bomber Jacket

Photo : The Trend Spotter

ဆောင်းတွင်းလို အအေးဓာတ်ကဲတဲ့ ရာသီတွေမှာ အနွေးဓာတ်ကောင်းကောင်းပေးနိုင်ပြီး ဖက်ရှင်လည်းကျချင်တဲ့ ကွီးတို့ကတော့ Long Bomber တွေကို ရွေးချယ်သင့်ပါတယ်။ Long Bomber တွေက ခါးအောက်ပိုင်းအထိ လုံတဲ့အတွက် အအေးဒဏ်ကို ကောင်းကောင်းကာကွယ်ပေးနိုင်မှာ ဖြစ်သလို ဝတ်ရတာလည်း စတိုင်ကျပါတယ်။ Long Bomber တွေဝတ်တဲ့အခါ သပ်သပ်ရပ်ရပ်နဲ့ Fit ဖြစ်နေဖို့ အတွင်းက ဝတ်မယ့် အင်္ကျီကို အရမ်းပွတာမျိုး မရွေးချယ်မိဖို့တော့ သတိပြုသင့်ပါတယ်။ ဘောင်းဘီအနေနဲ့ကတော့ Black Jeans နဲ့ တွဲဝတ်လို့ အကောင်းဆုံး ဖြစ်ပါတယ်။

(၄) Leather Bomber Jacket

Photo : The Trend Spotter

Leather Bomber တွေကတော့ ကွီးတို့ကို အချိန်တိုင်း အထာကျစေမယ့် ဂျက်ကတ်တွေပဲ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ စတိုင်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ Leather Bomber တွေနဲ့ အလိုက်ဖက်ဆုံးကတော့ Slim Black Jeans ၊ T-shirt ၊ Hoodie တွေဖြစ်ပြီး Sneakers ဒါမှမဟုတ် Boots ကောင်းကောင်းတစ်ရံနဲ့ တွဲဝတ်မယ်ဆိုရင်တော့  ပြီးပြည့်စုံ စတိုင်ကျတဲ့ ဖက်ရှင်ကိုရစေမှာပဲ ဖြစ်ပါတယ်။ All Black ဝတ်ရတာ ငြီးငွေ့နေပြီဆိုရင် အဖြူရောင် T-shirt ၊ Blue jeans တွေနဲ့ တွဲဝတ်နိုင်ပါတယ်။

(၅) Suede Bomber Jacket

Photo : The Trend Spotter

မိုးတွင်းလို ကာလတွေ မှာတော့ Suede Bomber တွေက ဝတ်လို့ သိပ်အဆင်မပြေပေမယ့် ကျန်ရာသီတွေမှာတော့ တကယ်ကို စမတ်ကျပြီး စတိုင်မိုက်တဲ့ ဖက်ရှင်အသွင်ကို ဖန်တီးနိုင်မယ့် အကောင်းဆုံး ရွေးချယ်စရာ ဂျက်ကတ် အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဖက်ရှင်ချစ်သူတွေကြားမှာတော့ Suede Bomber တွေက ရိုးရှင်းတယ် ၊ ပေါ်လွင်တယ် ၊ စမတ်ကျပြီး သစ်လွင်တဲ့စတိုင်အတွက် အကောင်းဆုံးရွေးချယ်စရာတစ်ခုလို့ ပြောလေ့ရှိကြပါတယ်။ Suede သားရေသား ဂျက်ကတ်တွေ ဝတ်မယ်ဆိုရင်တော့ အညိုရောင်၊ အဝါနုရောင်နဲ့ အရောင်ခပ်မှိုင်းမှိုင်း ကာလာတွေကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ အရောင်ခပ်ရင့်ရင့်နဲ့ တည်ငြိမ်တဲ့ ဘက်သွားချင်ရင်တော့ Black နဲ့ Navy Suede Bomber တွေကို ရွေးချယ်နိုင်ပါတယ်။

(၆) Red Bomber Jacket


Photo : The Trend Spotter

ခေတ်ဆန်ရမယ် ၊ တက်ကြွပြီး လူငယ်လည်း ဆန်ရမယ်ဆိုတဲ့ ကွီးတို့အတွက် ကတော့ Red Bomber တွေက အကောင်းဆုံး ရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။ အနီရောင် တောက်တောက် Red Bomber တွေက လူတွေကြားမှာ ထင်ပေါ်စေပြီး ဆွဲဆောင်မှုရှိစေတာကြောင့် ပါတီပွဲတွေ ၊ Festival တွေ သွားတဲ့အခါမျိုးမှာ ဝတ်လို့အကောင်းဆုံး ဂျက်ကတ်တစ်ထည်ပဲ ဖြစ်ပါတယ်။ Dark Blue Jeans ၊ လည်ပင်းအနားပတ်ပါတဲ့ Crew-neck T-shirt နဲ့ Sneakers ကောင်းကောင်းတစ်ရံ တွဲဝတ်လိုက်ရင်တော့ တကယ်ကိုပဲ လူငယ်ဆန်ပြီး စတိုင်မိမိုက်နေစေမှာ ဖြစ်ပါတယ်။

Bomber ချစ်သူ ကွီး တို့ရော အခုပြောပြပေးခဲ့တဲ့ စတိုင် အမိဆုံး Bomber Jacket Outfits တွေထဲက ဘယ်တစ်ခုကို အကြိုက်ဆုံးဖြစ်မလဲဗျ။

Featured Photo : Men’s Journal