ခန္ဓာကိုယ်တွင်းရှိ သွေးတွင်းသကြားဓာတ် မြင့်မားနေခြင်းကို ဆီးချိုရောဂါ ခံစားရခြင်းလို့ ခေါ်ကြပါတယ်။ ဆီးချိုရောဂါကို အမျိုးအစား သတ်မှတ်ရာတွင် Type 1 Diabetes နှင့် Type 2 Diabetes ဆိုပြီး အမျိုးအစား (၂) မျိုး သတ်မှတ်နိုင်ပါတယ်။ ကွီး တို့အနေနဲ့ Type 1 Diabetes ဆီးချိုရောဂါ ကို ခံစားရပါက ငယ်ရွယ်စဉ်ကလေးဘဝကတည်းက ခံစားရတာဖြစ်ပြီး Type 2 ကတော့ မည်သည့်အသက်အရွယ်မဆို ဖြစ်ပွားနိုင်ပြီး အထူးသဖြင့် လူကြီးပိုင်းများတွင် အဖြစ်များပါတယ်။

ကွီး တို့အနေနဲ့ ဒုတိယအမျိုးအစား ဆီးချိုရောဂါ ကို ခံစားရခြင်း အကြောင်းအရင်းများသည် များသောအားဖြင့် လူနေမှုဘဝ၊ နေ့စဉ် စားသောက်သော အစားအစာများကြောင့် အဖြစ်များလေ့ရှိပါတယ်။ မိမိမှာ ဆီးချိုရောဂါခံစားရနေပြီလားဆိုတာကိုလည်း အခုဖော်ပြပေးမယ့် လက္ခဏာများနှင့် တိုက်စစ်နိုင်ပါတယ်။

မကြာခဏ ဆီးသွားခြင်း

man wants to pee

Photo: Medicalnewstoday

သင့်ရဲ့ခန္ဓာကိုယ်ထဲမှာ သွေးတွင်းသကြားဓာတ်က မြင့်မားနေတဲ့အခါ ကျောက်ကပ်သည် သွေးတွင်းသကြားများကို စစ်ထုတ်ပေးရပါတယ်။ ထိုအချက်ကြောင့် မကြာခဏ ဆီးသွားရခြင်းဖြစ်ပါတယ်။ ဘယ်လောက်တောင် ဆီးသွားချင်သလဲဆိုရင် ညဘက် အိပ်နေရင်းနဲ့တောင်မှ မအောင့်နိုင်တော့ဘဲ ဆီး ထသွားရတဲ့အထိ ဖြစ်နိုင်ပါတယ်။

အမြဲတစေ ရေငတ်နေခြင်း

man drinks water

ကွီး တို့ရဲ့ ကျောက်ကပ်က အလွန်အကျွံ အလုပ်လုပ်ရတဲ့အတွက်ကြောင့် မကြာခဏ ဆီးသွားနေရခြင်းသည် ဆီးချိုရောဂါ ရဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ မကြာခဏ ဆီးသွားတဲ့အတွက်ကြောင့် အမြဲတစေ ဆိုသလို ရေငတ်နေမှာပဲဖြစ်ပါတယ်။

ပင်ပန်းနွမ်းနယ်နေခြင်း

ကွီး ဆီးချိုရောဂါ

ခန္ဓာကိုယ်ရှိ ပိုလှံျနေတဲ့ သွေးတွင်းသကြားဓာတ်များကို ဖယ်ရှားနေရတဲ့အတွက်ကြောင့် ခန္ဓာကိုယ်သည်လည်း အလိုလို ပင်ပန်းနွမ်းနယ်နေမှာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူသားများသည် စွမ်းအင်ကို ကလူးကို့စ်ထံမှ ပြောင်းလဲအသုံးပြုနေရတာဖြစ်ပြီး သွေးတွင်းသကြားဓာတ်ကို စစ်ထုတ်နေရတဲ့အခါ ကလူးကို့စ်ပမာဏကိုလည်း ကမောက်ကမဖြစ်စေပြီး လုံလောက်တဲ့ စွမ်းအင်မရရှိတဲ့အတွက်ကြောင့် ပင်ပန်းနွမ်းနယ်နေရခြင်းဖြစ်ပါတယ်။

အမြင်အာရုံဝေဝါးနေခြင်း

ကွီး ဆီးချိုရောဂါ

မြင့်မားလွန်းသော သွေးတွင်းသကြားဓာတ်သည် မျက်လုံးရဲ့ သွေးကြောမျှင်လေးများကို ထိခိုက်စေပါတယ်။ နောက်ဆက်တွဲအနေနဲ့ မျက်လုံးမှန်ပြောင်း ရောင်ရမ်းလာပြီး အမြင်အာရုံ ဝေဝါးသွားပါတော့တယ်။ သွေးတွင်းသကြားဓာတ် မြင့်တက်လိုက် ကျသွားလိုက်ဖြင့် တစ်လှည့်စီ ဖြစ်ပေါ်နေခြင်းသည် အမြင်အာရုံကို ပုံမှန်ပြန်ဖြစ်တာမျိုးလည်း ဖြစ်စေနိုင်သလို ပိုမိုဆိုးရွားသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကိုယ်အလေးချိန်ကျသွားခြင်း

ကွီး ဆီးချိုရောဂါ

အစားအစာများကို ပုံမှန်အတိုင်း စားနေလျက်သားနှင့် အကြောင်းပြချက်မရှိဘဲ ကိုယ်အလေးချိန်သည် ၁၀ ပေါင်ခန့် ကျသွားခြင်း (သို့) အရင်က ခန္ဓာကိုယ်အလေးချိန်ထက် ၅ ရာခိုင်နှုန်းခန့် ကျသွားခြင်းသည် ကွီး တို့မှာ ဆီးချိုရောဂါ ခံစားရနေခြင်း ဖော်ပြနေတဲ့အချက်ပဲဖြစ်ပါတယ်။

ဒဏ်ရာ အနာကျက် နှေးခြင်း

ကွီး ဆီးချိုရောဂါ

Photo: Diabetes UK

ဒီအချက်ကတော့ ဆီးချိုဝေဒနာရှင်တိုင်း ကြုံတွေ့နေရတဲ့အချက်ပါ။ ဒဏ်ရာ အနာကျက်နှေးတတ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာမရအောင် အမြဲတစေ ဂရုစိုက်နေရတာဖြစ်ပါတယ်။ အချို့ပြင်းထန်လွန်းတဲ့ အခြေအနေမျိုးဆိုရင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

အထက်ဖော်ပြပါ လက္ခဏာများ ခံစားနေရပြီဆိုရင် မိမိရဲ့ နေထိုင်မှုပုံစံ၊ စားသောက်မှု စနစ်များကို ပြန်လည်ဆန်းစစ်ဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။ အဆီ၊ အဆိမ့်များ လျော့စားပြီး ကျန်းမာရေးနှင့် ညီညွှတ်တဲ့ အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများကို မပျက်မကွက်ဖြင့် မှန်မှန်ပြုလုပ်သင့်ပါတယ်။ ဒါမှ ဆီးချိုဝေဒနာကို တဖြည်းဖြည်း သက်သာပျောက်ကင်းသွားအောင် ကုသနိုင်မှာဖြစ်ပါတယ်။ ဆီးချိုရောဂါမရှိမှ ဆီးချိုရောဂါကြောင့် ဖြစ်ပေါ်တဲ့ နောက်ဆက်တွဲ ဝေဒနာများကိုလည်း ကြိုတင်တားဆီးနိုင်မှာမဟုတ်လား။

Source: Voyagehealthcare

Featured Image: Ro.co