ဆံပင် ညှပ်ဆိုင်သွားပြီး ပုံသွားသွင်းတဲ့တစ်ရက်ပဲ ဆံပင် ပုံက စတိုင်လ်ကျလှပနေတတ်ပြီး ကျန်ရက်တွေမှာတော့ ဆံပင် က ပုံမလာဖြစ်နေလို့ စိတ်ညစ်နေပါသလား။ ကွီး တို့ရဲ့ ဆံကေသာကို ၂၄ နာရီလုံးလုံး ပုံကျလှပစေချင်တယ်ဆိုရင်တော့ Hairspray အကူအညီရယူသင့်ပါတယ်။ Hairspray သည် အမျိုးသားတိုင်း ဆောင်ထားသင့်တဲ့ ဆံကေသာ အသုံးအဆောင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ကွီး တို့ စတိုင်လ် ကျလှပတဲ့ ဆံပင် စတိုင်လ် မျိုး ဖန်တီးဖို့ရန်အတွက် Hairspray ရဲ့ အရေးပါပုံများ ကိုလေ့လာကြည့်ရအောင်ပါ။
အချိန်တိုအတွင်း ဆံပင် ကို စတိုင်လ် ကျအောင် ပြုလုပ်နိုင်ခြင်း

Photo: Mankind
ကွီး တို့ရဲ့ဆံပင် စတိုင်လ် ကို ဘယ်လို စတိုင်လ် မျိုး ပြုလုပ်ချင်ပါသလဲ။ ကိုယ် လုပ်ချင်တဲ့ ဆံပင် စတိုင်လ် အတိုင်း ဆံပင်စပရေးက ကူညီပေးမှာဖြစ်ပါတယ်။ စပရေးရဲ့ အားသာချက်ကတော့ ဆံပင်စတိုင်လ်တစ်ခုသည် ကိုယ့်မျက်နှာကျနဲ့ မလိုက်ဖက်ဘူးဆိုရင် နောက်စတိုင်လ်တစ်မျိုး ထပ်ပြောင်းလဲကာ လုပ်ဆောင်နိုင်ခြင်းပါပဲ။
တစ်နေ့တာလုံး ဆံပင် ကို လှပကျော့ရှင်းနေစေခြင်း
Photo: iStock
မိုးရွာနေသည်ဖြစ်စေ၊ နေသာနေသည်ဖြစ်စေ Hairspray သည် တစ်နေ့တာလုံး တာရှည်ခံအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ တစ်ခုသတိထားရမှာကတော့ ကိုယ့်ဆံကေသာအမျိုးအစားနဲ့ လိုက်ဖက်တဲ့ Hairspray ကို ဝယ်ယူအသုံးပြုဖို့ပဲဖြစ်ပါတယ်။
ဘယ်အချိန်မဆို စတိုင်လ်ကျလှပနေစေခြင်း

မင်္ဂလာပွဲတက်အခမ်းအနားပဲသွားသွား၊ အလုပ် Presentations အတွက်ပဲဖြစ်ဖြစ်၊ ညဘက် ဒိတ်လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် ဆံပင်စတိုင်လ်သည် လှပကျော့ရှင်းပြီး ပုံကျနေဖို့လိုအပ်ပါတယ်။ Hairspray နဲ့ ဆံပင်ပုံသွင်းတဲ့အခါ ကွီးတို့ရဲ့ဆံကေသာသည် ဘယ်အချိန်မဆို စတိုင်လ်ကျလှပနေမှာပဲဖြစ်ပါတယ်။
ဆံပင်အုံထူသယောင် ကူညီပေးခြင်း

ဆံပင်ပါးတဲ့ ကွီးတဲ့အတွက် Hairspray နဲ့ ဆံပင်ပုံသွင်းခြင်းသည် ဆံပင်အုံကို ရှိပြီးသားအထူထက် ပိုထူလာအောင် ကူညီပေးတာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ဆံကေသာကို အုံပိုထူသယောင် ဖန်တီးချင်တယ်ဆိုရင်တော့ Hairspray အသုံးပြုပေးလိုက်ပါ။
ဆံကေသာ ကျန်းမာလှပစေခြင်း

ကွီးတို့ အသုံးပြုတဲ့ Hairspray ထုတ်ကုန်အမျိုးအစားပေါ် မူတည်ပြီး ဆံကေသာကျန်းမာလှပမှုသည်လည်း ပြောင်းလဲသွားတတ်ပါတယ်။ သဘာဝ Hairspray များအားလုံးသည် ဆံကေသာနူးညံ့ပျော့ပျောင်းအောင် ကူညီနိုင်ပြီး ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ ထိုကဲ့သို့သော Hairspray မျိုးကို ရှာဝယ်ပြီး ဓာတုပစ္စည်းများကြောင့် ဆံကေသာပျက်စီးခြင်းမျ ကာကွယ်လိုက်ပါ။
Source: Petalfresh.com
Featured Image: The Manual

