ပထမဦးဆုံး ချိန်းတွေ့တဲ့အခါ လူတိုင်းသည် စိတ်လှုပ်ရှားတတ်ကြပါတယ်။ စိတ်လှုပ်ရှားမှု လွန်ကဲပြီး အမှားတစ်စုံတစ်ရာမပြုလုပ်မိရလေအောင် သတိကပ်ဖို့လိုအပ်ပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ့်ရဲ့ ဖက်ရှင် စတိုင်လ်ပါ။ဖက်ရှင် စတိုင်လ် သည်လည်း ကွီး တို့ကို ဆွဲဆောင် မှုတိုးအောင် ကူညီပေးပြီး တစ်ဖက်မိန်းကလေးရဲ့ ကွီး တို့ အပေါ် ထားရှိတဲ့ First Impressions သည်လည်း တိုးမြှင့်မှာ ဖြစ်ပါတယ်။ဒါဆိုရင် ကွီး တို့ ပထမဦးဆုံး စတွေ့ကတည်းက တစ်ဖက်မိန်းကလေး ကိုယ့်ကို ကြွေသွားအောင် ဘယ်လိုလုပ်သင့်သလဲ။ အခုဖော်ပြပေးမယ့် ဖက်ရှင်စတိုင်လ် များကို ဆင်မြန်းပြီး ဆွဲဆောင် မှု တိုးမြှင့်လိုက်ပါ။

တီရှပ်နှင့် ဂျင်းဂျက်ကတ်ဖက်ရှင်

ကွီး ချိန်းတွေ့ ဆွဲဆောင်မှု ဖက်ရှင်

ဆွယ်တာနှင့် ဂျင်းအပြဲဖက်ရှင်

ကွီး ချိန်းတွေ့ ဆွဲဆောင်မှု ဖက်ရှင်

ဂျင်းဘောင်းဘီနှင့် အစက်အပျောက်တီရှပ်

ကွီး ချိန်းတွေ့ ဆွဲဆောင်မှု ဖက်ရှင်

အပြာရောင်ဂျင်းရှပ်နှင့် အနက်ရောင်ဂျင်းဘောင်းဘီ

ကွီး ချိန်းတွေ့ ဆွဲဆောင်မှု ဖက်ရှင်

ဘလေဇာကုတ်နှင့် ဂျင်းဘောင်းဘီဖက်ရှင်

ကွီး ချိန်းတွေ့ ဆွဲဆောင်မှု ဖက်ရှင်

ကုတ်အရှည်နှင့် ဂျင်းဘောင်းဘီဖက်ရှင်

ကွီး ချိန်းတွေ့ ဆွဲဆောင်မှု ဖက်ရှင်

ရှပ်အဖြူနှင့် အပြာရောင်ဂျင်း

ကွီး ချိန်းတွေ့ ဆွဲဆောင်မှု ဖက်ရှင်

သားရေဂျက်ကတ်နှင့်ဂျင်းဖက်ရှင်

ကွီး ချိန်းတွေ့ ဆွဲဆောင်မှု ဖက်ရှင်

ချည်သားအင်္ကျီအကွက်ဖက်ရှင်

Chelsea ဘွတ်ဖိနပ်နှင့် ရှိုးထုတ်ပါ

ဒီလို ဆွဲဆောင် မှု မြှင့်ပေးနိုင်တဲ့ ဖက်ရှင် လေးတွေကို သိသွားပြီဆိုတော့ First Date မှာ ပြုလုပ်ရမယ့် ဆောင်ရန်ရှောင်ရန်အချက်များကို ဝေမျှပေးချင်ပါတယ်။

ချိန်းထားတဲ့အချိန်ထက် နောက်ကျမှ ရောက်ခြင်း၊ သူ(မ)ကို ဦးစားပေးဖို့ မေ့လျော့ခြင်း၊ သူ(မ) ပြောသောစကားများကို စိတ်မဝင်စားသယောင်ပြသခြင်း အစရှိတဲ့ အချက်များကို ရှောင်ကြဉ်သင့်ပါတယ်။

ဖက်ရှင် ကျကျ ဝတ်ဆင်သွားခြင်း၊ သူ(မ)ကို ဦးစားပေးခြင်း၊ အိမ်ပြန်လိုက်ပို့ပေးခြင်း၊ အစားအစာများအတွက် ဘေလ်ရှင်းပေးခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးတဲ့အခါ ကွီး ရဲ့ ဆွဲဆောင် မှု ရှိတဲ့ ဖက်ရှင် နှင့် လူကြီးလူကောင်းဆန်မှုတို့အပေါ် တစ်ဖက်ကောင်မလေးက ပစ်ကြွေသွားမှာဖြစ်ပါတယ်။

Source: Fashionhombre.com

Featured Image: Sytle Inc