ရုပ်ရှင်ချစ်သူ ကွီး တို့အတွက် ယခုတစ်ခါမှာတော့ ဇူလိုင်လ အတွင်း အသစ်ထွက်ရှိလာမယ့် ဇာတ်ကား ကောင်းများနှင့် မိတ်ဆက်ပေးချင်ပါတယ်။ ဟာသဇာတ်ကားလား၊ အချစ် အလွမ်းအဆွေးလား၊ Animation ကားတွေလား၊ အက်ရှင်ကားလား စသည်ဖြင့် အမျိုးအစား စုံလင်တဲ့ ဇာတ်ကားမျိုးစုံ ထွက်ရှိမှာဖြစ်တဲ့အတွက်ကြောင့် ကိုယ် ကြိုက်နှစ်သက်တဲ့ ဇာတ်ကားတစ်ကားကားကို ရွေးချယ်ကာ ကြည့်ရှု့ လိုက်ရုံပါပဲ။

ကွီး တို့အနေနဲ့ ဇူလိုင်လ ထွက် ဇာတ်ကား သစ်များကို မြည်းစမ်း ကြည့်ရှု့ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်လမ်းအမြည်းများ၊ ထွေလာများကို မြည်းစမ်းကြည့်ရှုလိုက်ပါ။

Minions: The Rise of Gru

Minions ချစ်သူလေးတွေကတော့ ဒီဇာတ်ကားသစ်လေးကို စောင့်မျှော်နေကြမှာပဲ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်မောရတဲ့ ဇာတ် ကားကောင်းတစ်ကား ကြည့်ချင်တယ်ဆိုရင်တော့ Minions: The Rise of Gru ကို ရွေးချယ် ကြည့်ရှု့နိုင်ပါတယ်။ ဇူလိုင် ၁ ရက်နေ့ကတည်း က ထွက်ရှိထားတာဆိုတော့ အခုဆိုရင် ကြည့်လို့ရနေပြီဖြစ်ပါတယ်။ ဇာတ်ကားအမြည်းလေးကို ရုပ်ရှင်ချစ်သူများ ကြည့်ရှု့ခံစားနိုင်ဖို့ရန်အတွက် တင်ဆက်ပေးလိုက်ရပါတယ်။

Source: Illumination

Rubikon

သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားမျိုးကို ကြည့်ရှုချင်ပါသလား။ ဒီဇာတ်ကားလေးကို ရွေးချယ်လိုက်ပါ။

ဇာတ်ကားအကြောင်းအရာကတော့ ကမ္ဘာပေါ်မှာ ကပ်ဆိုက်တဲ့အကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးသည် အဆိပ်အတောက်ဖြစ်စေတဲ့ မြူများဖြင့် ဖုံးလွှမ်းသွားတဲ့အခါ အာကာသစခန်းရှိ အာကာသယာဉ်မှူးများနှင့် အဖွဲ့များသည် အန္တရာယ်တောထဲမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေမလား။ ဒါမှမဟုတ် ဘေးကင်းလုံခြုံတဲ့ အာကာသစခန်းထဲမှာပဲ နေထိုင်မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှု့ရင်း အဖြေရှာလိုက်ပါ။

Source: IFC Films

Mr. Malcolm’s List

ရိုမန့်တစ်ဆန်တဲ့ ဟာသအချစ်ဇာတ်ကားမျိုး ကြည့်ချင်တယ်ဆိုရင်တော့ Mr. Malcolm’s List ကို ကြည့်ရှု့နိုင်ပါတယ်။

ဇာတ်လမ်းအကြောင်းအရာကတော့ ၁၈၀၀ ပြည့်နှစ်အစောပိုင်းကာလများဆီက အင်္ဂလန်နိုင်ငံကို နောက်ခံထားကာ ရိုက်ကူးထားတာဖြစ်ပါတယ်။ မိန်းမပျိုလေးတစ်ဦးသည် ချမ်းသာကြွယ်ဝသော စက်ချုပ်သမားတစ်ဦးဖြစ်တဲ့ Mr Malcolm နှင့် မကြာမီ စေ့စပ်တော့မှာဖြစ်ပါတယ်။ ထိုမိန်းမပျိုလေးကတော့ မင်္ဂလာလက်ဖွဲ့တွေ ဘယ်လောက်ထိ အတောင်းခံရမယ်ဆိုတာကိုတော့ မသိသေးပါဘူး။

Source: Movieclips Trailers

Thor: Love And Thunder

ဇူလိုင်၊ ၈ ရက်နေ့မှာ ထွက်ရှိလာမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ Marvel ပရိသတ်တွေအားလုံး အကြိုက်တွေ့ကြမယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ စောင့်စားရတဲ့အချိန်နဲ့ ကြည့်ရှု့ရတာလည်း ကျေနပ်အားရမှာဖြစ်ပါတယ်။

Source: Marvel Entertainment

Cop Secret

အက်ရှင်၊ ဟာသနှင့် မှုခင်းဇာတ်လမ်းဇာတ်ကွက်မျိုးစုံကို ဒီဇာတ်ကားတစ်ကားတည်းမှာပဲ ခံစားကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။

Source: Movie Trailers Source

Mrs. Harris Goes To Paris

၁၉၅၀ ခုနှစ်က အကြောင်းအရာကို နောက်ခံကာ ရိုက်ကူးထားတာဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံမှာ နေထိုင်တဲ့ မုဆိုးမတစ်ဦးသည် နာမည်ကြီး ဒီဇိုင်နာ Dior ဂါဝန်လေးကို ဝတ်ဆင်ပြီး ထိုတံဆိပ်လေးကို အစွဲကြီး စွဲလမ်းနေတော့တာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ သူသည်လည်း သူ့ကိုယ်ပိုင် ဘရန်းတစ်ခု ပိုင်ဆိုင်ဖို့ရန်အတွက် စိတ်ကူးလာပါတော့တယ်။ ဒီလိုနဲ့ပဲ ပိုက်ဆံတွေစုပြီး သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ရန်အတွက် ပါရီမြို့သို့ ခရီးဆန့်လာခဲ့ပါတော့တယ်။ သူ့ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ကြည့်ရှု့အဖြေရှာလိုက်ပါ။

Source: Focus Features

Nope

သည်းထိတ်ရင်ဖို ဇာတ်ကားမျိုး ကြည့်ချင်တယ်ဆိုရင်တော့ Nope ကို ရွေးချယ်နိုင်ပါတယ်။

ဘယ်လို ထူးဆန်းတဲ့အရာမျိုးကို မျက်မြင်ကြုံတွေ့ရမလဲ။ ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲဆိုတာကိုတော့ ဇာတ်လမ်းအမြည်းလေးမှာ ကြည့်ရှု့လိုက်ပါ။

Source: Universal Pictures

The Wheel

Wallker နဲ့ Albee တို့သည် ငယ်စဉ်ကလေးဘဝအရွယ်ကတည်းက အတူတူကြီးပြင်းလာကြတဲ့ ကစားဖော်ကစားဖက် ငယ်သူငယ်ချင်းတွေဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဘယ်သူကမှ ခွဲလို့မရတဲ့ ကလေးတွေကနေတဆင့် သံယောဇဉ်ဖြစ်လာကာ အရွယ်ရောက်ပြီး အသက် ၁၆ နှစ်အရွယ်မှာတော့ သူတို့နှစ်ဦးသား လက်ထပ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

၈ နှစ်ခန့်ကြာတဲ့အခါမှာတော့ သူတို့နှစ်ဦးသား အိမ်ထောင်ရေးသည် ပြိုကွဲလုနီးနီးဖြစ်လာခဲ့ပါတယ်။ ဘယ်အရာက သူတို့နှစ်ဦးသားရဲ့ အိမ်ထောင်ရေးကို ပြိုကွဲသွားစေတာလဲ။ သူတို့ရဲ့ အိမ်ထောင်ရေးကရော အရင်လိုအခြေအနေ ပြန်ဖြစ်ပါ့မလား။

ကွီး ဇူလိုင်လ ဇာတ်ကား

Source: Flickeringmyth

DC League Of Super-Pets

စူပါဟီးရိုး ဇာတ်ကားကို လူရုပ်တွေနဲ့ ကြည့်ရတာ ငြီးငွေ့လာပြီး Animation ပုံစံဖြင့် ကြည့်ချင်တယ်ဆိုရင်တော့ DC League Of Super-Pets ကို ရွေးချယ်နိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှု့ရတာ ပျော်ဖို့ကောင်းပါတယ်။

Source: Warner Bros. Pictures

A Love Song

ဒရမ်မာ အချစ်ဇာတ်ကားလေး ကြည့်ရှု့ချင်တယ်ဆိုရင်တော့ A Love Song ဆိုတဲ့ ဇာတ်ကားလေးကို ရွေးချယ်ကြည့်ရှု့နိုင်ပါတယ်။ ဇူလိုင် ၂၉ ရက်နေ့မှာ ထွက်ရှိမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

တောရွာငယ်လေးတစ်ခုမှာ အမျိုးသမီးတစ်ဦးသည် သူ့ရဲ့ ရည်းစားဟောင်းကို စောင့်မျှော်ရင်း ဘဝရဲ့ နေ့ရက်တွေကို တစ်ရက်ပြီး တစ်ရက်ဖြတ်သန်းနေတာဖြစ်ပါတယ်။ သူ(မ)ရဲ့ အဆက်ဟောင်းကရော သူ(မ)ဆီ ရောက်လာပါ့မလား။

A Love Song

Source: Movieinsider

အခုဖော်ပြသွားတဲ့ ဇာတ်ကားလေးတွေကတော့ ဇူလိုင်လ အတွင်းမှာ ထွက်ရှိခဲ့တဲ့၊ ထွက်ရှိလာမယ့် ဇာတ်ကား သစ်တွေပဲဖြစ်ပါတယ်။ ရုပ်ရှင်ချစ်သူပရိသတ်များအားလုံး သဘောကျနှစ်ခြိုက်ကြမယ်လို့ မျှော်လင့်မိပါတယ်။