လူအများစုကို အောင်မြင်စေတဲ့ အရာတွေဟာ အလေ့အကျင့်ကောင်းတချို့  ပြုစုပျိုးထောင် ထားတာကြောင့်လို့ ပြောနိုင်ပါတယ်။ အလေ့ အကျင့် ကောင်းတွေကို အသုံးချပြီး ကွီးတို့ဘဝအတွက် အောင်မြင်မှုတွေ ရရှိနိုင်ဖို့ လုပ်ဆောင်ရမှာပါ။ ဒါ့ကြောင့် ဒီတစ်ခေါက်မှာ ကွီး တို့ကို ထိပ်ဆုံးရောက်အောင် ပို့ဆောင်ပေးနိုင်မယ့် အောင်မြင်သူတွေ ကျင့်သုံးလေ့ရှိတဲ့ အလေ့အကျင့်ကောင်း ၄ ခု အကြောင်း ပြောပြပေးလိုက်ပါတယ်။

(၁) ပန်းတိုင်ကို ဦးတည်ချက် ထားတယ်

ကွီး ထိပ်ဆုံး ပို့ဆောင် အလေ့အကျင့်

Photo : TheStreet

အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ ပထမဆုံး အလေ့အကျင့်က ပန်းတိုင်ဆီကို အမြဲဦးတည်ဖို့ပါ။ ကွီးတို့ အနေနဲ့ နေ့စဉ်ပုံမှန် ပန်းတိုင်တွေချမှတ်ဖို့လိုအပ်ပြီး ဘဝရဲ့နေ့စဉ် အလေ့အကျင့်တွေကို ချရေးထားတဲ့အတိုင်း ကိုယ်တိုင်ပြီးမြောက်အောင် လုပ်ဆောင်သင့်ပါတယ်။ အောင်မြင်ကျော် ကြားသူတွေဟာ နေ့တိုင်းပန်းတိုင်တွေချမှတ်ပြီး ပြင်းပြင်းထန်ထန် ဦးတည်ကြပါတယ်။ သူတို့လိုချင်တာတွေကို အတိအကျ ချရေးထားကြလေ့ ရှိပါတယ်။ ပြီးတော့ ဒါတွေကို ပြီးမြောက်အောင်လုပ်ဆောင်ဖို့ အစီအစဉ်တွေထားပြီး ၊ သူတိုရဲ့ အစီအစဉ်တွေအတိုင်း နေ့စဉ်ပုံမှန်လုပ်ဆောင် ကြပါတယ်။

(၂) ရလဒ်ကို အလေးထားတယ်

ကွီး ထိပ်ဆုံး ပို့ဆောင် အလေ့အကျင့်

Photo : NTCenter.bg

အောင်မြင် ကျော်ကြားသူတွေရဲ့ ဒုတိယအလေ့အကျင့်က ရလဒ်ထွက်ဖို့ အားထုတ်တာ ဖြစ်ပါတယ်။ ရလဒ်ထွက်အောင် လုပ်တယ်ဆိုတဲ့နေရာမှာ ပထမအချက်က စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဖြစ်ပြီး ဒီအလေ့အကျင့်က ကွီးတို့ လုပ်ဆောင်တဲ့အရာကို ပိုမိုကောင်းမွန်လာစေပါတယ်။ ဒုတိယအချက်ကတော့ အချိန်စီမံခန့်ခွဲမှုပါ။ ဆိုလိုတာကတော့ ကိုယ်လုပ်ဆောင်တဲ့အရာအပေါ်မှာ အလွန်ရှင်းလင်းပြတ်သားတဲ့ ဦးစားပေးမှုတွေကို သတ်မှတ်ထားပြီး ကိုယ့်ရဲ့အချိန်တွေကို တန်ဖိုးအရှိဆုံး အသုံးပြုမှုအပေါ်မှာပဲ လုံးဝအာရုံစိုက်ထားတာကို ဆိုလိုပါတယ်။

(၃) လက်တွေ့ကျကျ မြန်မြန်ဆန်ဆန် လုပ်ဆောင်တယ်

ကွီး ထိပ်ဆုံး ပို့ဆောင် အလေ့အကျင့်

Photo : Entrepreneur

အောင်မြင်သူတွေရဲ့ နောက်ထပ်အလေ့အကျင့်တစ်ခုကတော့ လက်တွေ့ကျကျ စဉ်ဆက်မပြတ်လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။ ဒါက အောင် မြင်မှုအတွက် အမှန်တကယ် အရေးကြီးတဲ့ အလေ့အထတစ်ခုပါ။ အလုပ်ကို မြန်မြန်ဆန်ဆန် ပြီးမြောက်အောင် လုပ်ဆောင်နိုင်တာက အရည်အချင်း တစ်ခုပါပဲ။ စဉ်ဆက်မပြတ် လုပ်ဆောင်တဲ့အခါ ကိုယ့်အတွက်အရေးပါတဲ့ စိတ်ခံစားချက်တွေကို မြှင့်တင်လိုက်ပြီး ကွီးတို့ရဲ့လုပ်ငန်း စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်မှုတွေအတွက် အသုံးပြုလိုက်တာ ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် မြန်မြန်ဆန်ဆန်နဲ့ အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ ကလည်း အရေးကြီးပါတယ်။

(၄) ဘေးကလူတွေကို အလေးထားတယ်

ကွီး ထိပ်ဆုံး ပို့ဆောင် အလေ့အကျင့်

Photo : Everypixel

ဒါကတော့ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ဆက်ဆံရေးတွေကို ဘဝရဲ့အရေးပါတဲ့နေရာမှာ ထားရှိတာပါ။ စိတ်ရှည်တာ၊ သည်းခံတာ ၊ ကြင်နာမှုနဲ့ နားလည်မှုတွေကို ထားရှိဖို့ဆိုတာ ကွီးတို့ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဘဝရဲ့ ပျော်ရွှင်မှုကို တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံနိုင်မှုကနေ ရရှိနိုင်ပါတယ်။ ကွီးတို့ ဘဝထဲမှာရှိတဲ့ လူတွေနဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်ပျော်ရွှင်စေဖို့ အာရုံစိုက်တာက အပြုသဘောဆောင်တဲ့ တွေးခေါ်မှု နေထိုင်မှုပုံစံကို မြှင့်တင်ဖို့ ကောင်းမွန်တဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ ပန်းတိုင် ဦးတည်ချက်၊ ရလဒ်နဲ့ လုပ်ဆောင်ချက်တွေကို ပျော်ရွှင်မှုနဲ့ ပေါင်းစပ်တဲ့အခါ ဟန်ချက်ညီတဲ့ အောင်မြင်မှုကို ရရှိဖို့ အာမခံနိုင်မှာပဲ ဖြစ်ပါတယ်။

Featured Photo : Inc. Magazine