အမျိုးသားတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အဝတ်အထည် အသုံးအဆောင်ပစ္စည်းတွေထဲမှာ အတွင်းခံ ဘောင်းဘီ တွေသည်လည်း တစ်ခုအပါအဝင်ပါပဲ။ ကွီး တို့အနေနဲ့ ကိုယ် ရွေးချယ်ဝယ်ယူတဲ့ အတွင်းခံဘောင်းဘီတွေသည် ကိုယ့်အတွက် ဝတ်ဆင်ရတာ သက်သောင့်သက်သာဖြစ်ရမှာဖြစ်ပြီး အရည်အသွေးကောင်းတဲ့ နာမည်ကြီး အတွင်းခံဘောင်းဘီတံဆိပ် တွေထဲက ရွေးချယ်ဝယ်ယူသင့်ပါတယ်။
ကွီး တို့အတွက် အကောင်းစား နာမည်ကြီး အတွင်းခံဘောင်းဘီ တံဆိပ်များ အများအပြားရှိတဲ့အနက် လူကြိုက်အများဆုံး အတွင်းခံတံဆိပ်များကို ဝေမျှပေးချင်ပါတယ်။
Calvin Klein

တကယ့် Luxury ဆန်တဲ့ အထိအတွေ့လေးကို ခံစားချင်တယ်ဆိုရင်တော့ Calvin Klein ကို ညွှန်းချင်ပါတယ်။ သူသည် ၁၉၈၀ ပြည့်နှစ်အစောပိုင်းကတည်းက နာမည်ကြီးနေတဲ့ တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။
Emporio Armani

နာမည်ကြီးဘောလုံးသမားတွေဖြစ်တဲ့ David Beckham နှင့် Christiano Ronaldo တို့ရဲ့ အသည်းစွဲ တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။ Classic ဆန်ပြီး အရည်အသွေးလည်း ကောင်းပါတယ်။
Hugo Boss

High-End ဖြစ်တဲ့ အမျိုးအစားတွေထဲမှာ Hugo Boss ကိုလည်း ချန်ထားလို့မရပါဘူး။ သူကတော့ ဂျာမန်ထုတ် အကောင်းစား အတွင်းခံ တံဆိပ်တစ်ခု ဖြစ်ပါတယ်။
Diesel

Diesel ကတော့ များသောအားဖြင့် အရောင်စုံအောင် ထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့် အရောင်စုံ အတွင်းခံ ဝတ်ချင်တဲ့ ကွီးတို့အတွက် ကွက်တိကျပါလိမ့်မယ်။
Polo Ralph Lauren

အနီရောင်နဲ့ နေဗီပြာရောင်ကတော့ Polo Ralph Lauren ရဲ့ အမှတ်အသား တံဆိပ်တစ်ခုပါပဲ။ သူသည် ဈေးကွက်ထဲမှာ နေရာယူခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကတည်းက ဖြစ်ပါတယ်။
Derek Rose

အင်္ဂလန်နိုင်ငံထုတ် အကောင်းစား ခရှ်မီးယားအထည်၊ သိုးမွှေးအထည်၊ ပိုးထည်၊ ချည်ထည် စတဲ့ အရည်အသွေးမြင့် ကုန်ကြမ်းပစ္စည်းများနဲ့ ထုတ်လုပ်ထားတဲ့ အတွင်းခံဘောင်းဘီတစ်ခု ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံထုတ်ကိုမှ ဝတ်ဆင်ချင်တယ်ဆိုရင်တော့ ဒါလေးကို ရွေးချယ်နိုင်ပါတယ်။
Dolce & Gabbana

Dolce & Gabbana ကတော့ အီတလီနိုင်ငံထုတ် Luxury ဘရန်းတစ်မျိုး ဖြစ်ပါတယ်။ သူ့ကိုလည်း အရည်အသွေးမြင့် ချည်ထည်နဲ့ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် ကွီးတို့ရဲ့ Private နေရာတဝိုက်ကို တင်းကြပ်မနေစေဘဲ လေဝင်လေထွက်ကောင်းအောင် ကူညီပေးပါတယ်။
Ermenegildo Zegna

ဒီတံဆိပ်သည် ၁၉၁၀ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အီတလီနိုင်ငံထုတ် အကောင်းစားတံဆိပ်တစ်ခု ဖြစ်ပါတယ်။
Hanro

Hanro သည်လည်း ရာစုနှစ်တစ်ခုစာခန့် ကျော်လွန်နေခဲ့ပြီးဖြစ်ပြီး ယနေ့ထိတိုင် နာမည်ကြီးနေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ဒီဇိုင်းကာလာအနေအထားကတော့ အခြားသော ဘရန်းတွေလိုမျိုး ဒီဇိုင်းထုတ်ထားတာမဟုတ်ဘဲ ရိုးရိုးရှင်းရှင်းလေးနဲ့ သက်သောင့်သက်သာ ဖြစ်စေဖို့အတွက် ရည်ရွယ်တဲ့ Luxury Brand တစ်ခုဖြစ်ပါတယ်။
Bonds

သြစကြေးလျနိုင်ငံထုတ် အတွင်းခံဘောင်းဘီတစ်ထည်ဖြစ်ပြီး ဒီဇိုင်းကာလာအနေအထားကလည်း ခပ်မိုက်မိုက်လေးဖြစ်အောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ကွီး တို့အနေနဲ့ ဝတ်ဆင်ရတာ သက်သောင့်သက်သာ ဖြစ်ချင်တယ်ဆိုရင် Bonds တံဆိပ်ကိုလည်း မေ့မထားသင့်ပါဘူး။
အခုဖော်ပြသွားတဲ့ တံဆိပ်မျိုးစုံထဲကမှ ကွီး တို့အကြိုက်ဆုံး အတွင်းခံ တံဆိပ်က ဘယ်တံဆိပ်ဖြစ်မလဲ။
Source: Thetrendspotter
Featured Image: Luxury Lifestyle Magazine
 
											
				 
									 
	 
	 
	 
	 
	 
	