ကွီး တို့အတွက် နေကာမျက်မှန် တစ်လက်သည် မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင် အသုံးအဆောင်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ အရည်အသွေးကောင်းသော နေကာမျက်မှန်တစ်လက်သည် မျက်လုံးကျန်းမာရေးအတွက် အထူးကောင်းမွန်သလို စတိုင်လ်ကျလှပအောင်လည်း ကူညီပေးပါသေးတယ်။

နေကာမျက်မှန်တံဆိပ်များ၊ ဒီဇိုင်းများ အများအပြားရှိတဲ့အနက် ကွီး တို့အတွက် အရည်အသွေးကောင်းပြီး ဒီဇိုင်းလည်း လန်းတဲ့ နေကာ မျက်မှန် များကို ဖက်ရှင် ကျကျ တပ်ဆင်နိုင်ဖို့ရန်အတွက် ဝေမျှပေးချင်ပါတယ်။

D-Frame ပုံသဏ္ဍာန် နေကာမျက်မှန်ဒီဇိုင်း

ကွီး နေကာမျက်မှန် ဖက်ရှင်

အင်္ဂလိပ်အက္ခရာ D ပုံသဏ္ဍာန်လေးကိုမှ အမိုက်စား ပုံဖော်ထားတဲ့ ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ မေးရိုးပေါ်လွင်တဲ့ အမျိုးသားများနှင့် လိုက်ဖက်တဲ့ ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။

sunglasses for kwee

တံဆိပ်အမျိုးအစားကတော့ Wilson တံဆိပ်ဖြစ်ပြီး ဈေးနှုန်းကတော့ ဒေးလာ ၁၄၉ ဒေါ်လာဖြင့် ပေးဝယ်ရမှာဖြစ်ပါတယ်။

အပေါ်ကိုင်း ထူထူထဲထဲမျက်မှန်ဒီဇိုင်း

sunglasses for kwee

ကိုင်းတစ်ဝက်ကိုမှ ထူထူထဲထဲလေး ဘောင်ကွပ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။

sunglasses for kwee

Baker က ထုတ်လုပ်ထားတဲ့ နေကာမျက်မှန်တစ်လက်ဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၆၉ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။

လေးထောင့်ကွပ် မျက်မှန်ဒီဇိုင်း

sunglasses for kwee sunglasses for kwee

လေးထောင့်ဒီဇိုင်းကိုမှ ဘောင်အပြည့်ကွပ်ထားတဲ့ ဒီဇိုင်းမျိုးနဲ့ ရှိုးထုတ်ချင်တဲ့ ကွီးတို့အတွက် The Prophet က ထုတ်လုပ်ထားတဲ့ ဒီဇိုင်းလေးရှိပါတယ်။ သူကတော့ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၁၂၉ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။

အဝိုင်းဘောင်ကွပ် မျက်မှန်ဒီဇိုင်း

sunglasses for kwee sunglasses for kwee

လက်ရှိမှာ ရေပန်းစားနေတဲ့ ဒီဇိုင်းလေးဖြစ်ပြီး မည်သည့်မျက်နှာကျနဲ့မဆို လိုက်ဖက်တဲ့ ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၉၉ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။ တံဆိပ်ကတော့ Jitterbug ဖြစ်ပါတယ်။

ရိုးရှင်းသော ဒီဇိုင်း

sunglasses for kweesunglasses for kwee

ဒီဒီဇိုင်းကတော့ ၁၉၅၀ ကတည်းက ခေတ်စားခဲ့တဲ့ဒီဇိုင်းလေးဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၉ ပေးဝယ်ရမှာဖြစ်ပါတယ်။

ပျောက်ကျားဒီဇိုင်း

ကွီး နေကာမျက်မှန် ဖက်ရှင်

ကွီး တို့အနေနဲ့ ပျောက်ကျားဒီဇိုင်း နေကာမျက်မှန် မျိုးနဲ့ ရှိုးထုတ်ချင်တယ်ဆိုရင်တော့ Peace Out က ထုတ်လုပ်ထားတဲ့ ဒေါ်လာ ၁၂၉ ဒေါ်လာတန်တဲ့ နေကာမျက်မှန်လေးကို ရွေးချယ်နိုင်ပါတယ်။

အမိုက်စားဒီဇိုင်း

ကွီး နေကာမျက်မှန် ဖက်ရှင်

ဘယ်အချိန်မဆို ဖက်ရှင်ကျအောင် ကူညီပေးမယ့် ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၉ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။

အဝိုင်းပုံသဏ္ဍာန် မျက်မှန်ဒီဇိုင်း

ကွီး နေကာမျက်မှန် ဖက်ရှင်

ရိုးမသွားဘဲ အမြဲတမ်းသစ်လွင်နေမယ့် ဒီဇိုင်းလေးကို လိုချင်ပါသလား။ ဒါဆိုရင်တော့ ဒီ ဒီဇိုင်းလေးကို ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၁၂၉ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။

နှစ်ရောင်စပ်ဒီဇိုင်း

ကွီး နေကာမျက်မှန် ဖက်ရှင်

ကွီးတို့ကို ပိုမိုငယ်ရွယ်နုပျိုသယောင် ဖန်တီးပေးမယ့် မျက်မှန်ဒီဇိုင်းလေးဖြစ်ပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၁၂၉ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။

နောက်ဆုံးပေါ် ဒီဇိုင်း

ကွီး နေကာမျက်မှန် ဖက်ရှင်

ထောင့် ရှစ်ထောင့်ပါတဲ့ မျက်မှန်ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ လက်တလောမှာ ရေပန်းစားနေတဲ့ ဒီဇိုင်းဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၆၉ ဒေါ်လာ ပေးဝယ်ရမှာပါ။

နှစ်ထပ်ဒီဇိုင်း

ကွီး နေကာမျက်မှန် ဖက်ရှင် ကွီး နေကာမျက်မှန် ဖက်ရှင်

နေကာမျက်မှန်အဖြစ် မဝတ်ချင်တဲ့အချိန်မှာ နေကာမျက်မှန်ကို အပေါ်သို့ လှန်တင်ထားနိုင်ပြီး နေကာမျက်မှန်အဖြစ် ဝတ်ဆင်ချင်တဲ့အချိန်ကျမှ အလွယ်လေး ဝတ်ဆင်နိုင်ပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၁၄၉ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။ ကွီးတို့အားလုံး အကြိုက်တွေ့ကြတဲ့ ဒီဇိုင်းတစ်မျိုးပါ။

အခုဖော်ပြသွားတဲ့ ဒီဇိုင်းအမျိုးအစား အများကြီးထဲကမှ ကွီးတို့အကြိုက်ဆုံး နေကာမျက်မှန်ဒီဇိုင်းက ဘယ်ဒီဇိုင်းဖြစ်မလဲ။

Source: Vintandyork

Featured Image: DMARGE