နေကာမျက်မှန် တပ်လေ့တပ်ထ မရှိသူတွေအဖို့ နေကာမျက်မှန် တစ်လက် အဝယ်မှန်ဖို့ဆိုတာ အခက်သားပါ။ ပုံစံစုံ ၊ ဒီဇိုင်းစုံတဲ့ နေကာမျက် မှန် Brand များစွာထဲကမှ ကိုယ့်ရဲ့ မျက်နှာကျနဲ့ လိုက်ဖက်မှု ရှိတဲ့ မျက်မှန်ပုံစံကို သေချာလေး ရွေးချယ်တက်ဖို့ ကလည်း အရေးကြီး ပါတယ်။ နေကာမျက်မှန် တစ်လက်က ကွီးတို့ရဲ့ စတိုင်ကျမှု ၊ ကိုယ်ရည်ကိုယ်သွေးတွေ ကိုလည်း ဖော်ပြနေတာကြောင့် ခေတ်မီ ဆန်းသစ်ပြီး အရည်အ သွေးကောင်းတဲ့ နေကာမျက်မှန် ကောင်းကောင်း တစ်လက် ဝယ်ဖို့ စဉ်းစားနေတဲ့ ကွီးတို့ အတွက် ရွေးချယ်စရာ အကောင်းဆုံး အမျိုးသားဝတ် နေကာမျက်မှန် Brand ၅ ခုကို ပြောပြပေး ချင်ပါတယ်။
(၁) Gucci
ဖက်ရှင် လောကရဲ့ နာမည်ကြီး ထိပ်တန်း Luxury Brand တစ်ခုဖြစ်တဲ့ Gucci ကတော့ နောက်ဆုံးပေါ် ဖက်ရှင်တွေ ၊ စွဲမက်စရာ ကောင်းတဲ့ Luxury လည်သာ အသုံးအဆောင် ပစ္စည်းတွေအပြင် နေကာမျက်မှန် တွေကလည်း ကမ္ဘာ့ဈေးကွက်ထဲမှာ လူကြိုက် အများဆုံးနဲ့ အကောင်းဆုံး အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်လျက် ရှိပါတယ်။ လှပသေသပ်ပြီး ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ ဖက်ရှင်ကျကျ ဝတ်ချင်သူတွေအတွက် ရွေးချယ်စရာ Brand တစ်ခု ဖြစ်ပါတယ်။
(၂) Prada

Photo : The Trend Spotter
အမျိုးသားဝတ် နေကာမျက်မှန် Brand တွေထဲမှာ Prada လည်း နာမည်ကြီး ပါတယ်။ Pradaဟာ ၁၉၁၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အီတလီ နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်တစ်ခု ဖြစ်ပြီး လည်သာအိတ်တွေ ၊ ဖိနပ် ၊ ရေမွှေး ၊ နာရီ ၊ နဲ့ နေကာမျက်မှန် တွေအပြင် တခြားသော ဖက်ရှင် အသုံးအဆောင် ပစ္စည်းတော်တော်များများ ထုတ်လုပ်လျက် ရှိပါတယ်။ Prada ရဲ့ နေကာ မျက်မှန် အများစုကတော့ အဓိက အားဖြင့် ဆန်းသစ်ပြီး ထူးခြားတဲ့ အသွင်အပြင်နဲ့ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းတွေကြောင့် လူကြိုက်များတာ ဖြစ်ပါတယ်။
(၃) Versace

Photo : The Trend Spotter
Versace ကတော့ ဖက်ရှင် လောကမှာ နာမည်တစ်ခု အခိုင်အမာ ရရှိထားတဲ့ လူကြိုက်အများဆုံး Luxury ဖက်ရှင် အမှတ်တံဆိပ်တွေ ထဲက တစ်ခု ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်မှာ အီတလီ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ Gianni Versace က စတင် တည်ထောင်ခဲ့ပြီး အီတလီရဲ့ ဖက်ရှင်အမွေအနှစ် အမှတ်တံဆိပ် တစ်ခုအဖြစ် နာမည်ကြီးပါတယ်။ တမူထူးခြားပြီး အနုစိတ်လှတဲ့ ဒီဇိုင်းတွေနဲ့ အတူ Versace ရဲ့ အမိုက်စား ဖက်ရှင်တွေ ၊ အသုံးအဆောင် ပစ္စည်းတွေ နဲ့ နေကာမျက်မှန်တွေကတော့ ဖက်ရှင်ချစ်သူ အမျိုးသားရော အမျိုးသမီးတွေ ကြားမှာပါ ရေပန်းစားတဲ့ ရွေးချယ်စရာ ထိပ်တန်း Brand တစ်ခုပဲ ဖြစ်ပါတယ်။
(၄) Christian Dior

Photo : The Trend Spotter
Dior လို့ လူသိများတဲ့ ပြင်သစ် Luxury ဖက်ရှင် Brand ကိုတော့ ၁၉၄၆ ခုနှစ်မှာ ပြင်သစ် နာမည်ကြီး ဖက်ရှင် ဒီဇိုင်နာ Christian Dior က စတင် တည်ထောင်ခဲ့ပါတယ်။ နှစ်ပေါင်း ၇၀ ကျော်ကြာ ရပ်တည်လာခဲ့တဲ့ Dior ရဲ့ ဖက်ရှင် အသုံးအဆောင်တွေကတော့ ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက် အများဆုံးနဲ့ နာမည်အကြီးဆုံး အမှတ်တံဆိပ် တစ်ခုအဖြစ် ရေပန်းစားတဲ့ အပြင် စွဲမက်ဖွယ် ရနံ့တို့နဲ့ ကမ္ဘာကျော်ရေမွှေး များစွာကိုလည်း ထုတ်လုပ်လျက် ရှိပါတယ်။ နေကာမျက်မှန် တွေထဲမှာဆိုရင်လည်း ရွေးချယ်စရာ ဒီဇိုင်းစုံပြီး လူငယ် ဆန်ဆန်နဲ့ ဖက်ရှင်ကျကျ ဝတ်ချင်တဲ့ သူတွေအတွက် ရွေးချယ်သင့်တဲ့ အကောင်းဆုံး Brand တစ်ခု ဖြစ်ပါတယ်။
(၅) Ray-Ban

Photo : The Trend Spotter
နေကာမျက်မှန်တွေနဲ့ ပတ်သတ်ရင် Ray-Ban ကတော့ နာမည်ကြီး သူသိများပြီးသား အမှတ်တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ ဖက်ရှင်ခေတ်ရေစီးကြောင်းအလိုက် ပြောင်းလဲထုတ်လုပ်လျက်ရှိတဲ့ ထူးခြားဆန်းသစ်တဲ့ မျက်မှန်ဒီဇိုင်းတွေနဲ့ အတူ ကမ္ဘာတစ်ဝှမ်းက နေကာမျက်မှန် ချစ်သူတွေကို လွှမ်းမိုးထားနိုင်တဲ့ ထိပ်တန်း မျက်မှန် Brand တစ်ခုလည်း ဖြစ်ပါတယ်။ Clubmaster ၊ Wayfarer နဲ့ Aviator မျက်မှန်ဒီဇိုင်းတွေကတော့ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို စတိုင်ကျကျ တွဲဖက်ဝတ်ဆင်နိုင်တဲ့ အကောင်းဆုံး နေကာမျက်မှန်တွေပဲ ဖြစ်ပါတယ်။
 
											
				
 
	 
	 
	 
	 
	 
	