ပူအိုက်လွန်းတဲ့ ရာသီဥတုကို အံတုနေရလို့ စိတ်ညစ်နေရတဲ့ ကွီး တို့အတွက် နွေရာသီ မှာ အပူသက်သာစေပြီး ဆွဲဆောင်မှုလည်း ရှိနေစေမယ့် ဆံပင်စတိုင်လ် အမျိုးမျိုးရှိပါတယ်။
ကွီး တို့အနေနဲ့ ဒီ နွေရာသီမှာ ခန့်ညားလှပတဲ့ ဆံပင်စတိုင်လ် မျိုးကို ပိုင်ဆိုင်ချင်တာလား၊ (သို့) ပေါ့ပေါ့ပါးပါးလေးနဲ့ လူငယ်ဆန်တဲ့ ဆံပင်စတိုင်လ်မျိုး ထားချင်တာလား။ ကိုယ့်အကြိုက်ပေါ် မူတည်ပြီး ဆံပင်စတိုင်လ်အမျိုးမျိုး ပြောင်းလဲနိုင်ဖို့ရန်အတွက် ဝေမျှပေးလိုက်ရပါတယ်။
Buzz Cut ဆံပင်စတိုင်လ်
ခေါင်းဖြီးစရာလည်းမလိုဘူး။ တစ်နေကုန်အေးမြနေစေပြီး အထာကျတဲ့ ကွီးတစ်ယောက်အသွင်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဒီ Buzz Cut ဆံပင်စတိုင်လ်လေးက ကွီးတို့အတွက်ပါပဲ။
ဘေးခွဲဆံပင်စတိုင်လ်
ဘေးနှစ်ဖက်နဲ့ နောက်စေ့နားတစ်ဝိုက်ကို တိုတိုကပ်ကပ်ကလေး ညှပ်ထားပြီး ဆံပင်ခွဲကြောင်းနားကိုတော့ မတိုမရှည်လေးထားကာ ဘေးခွဲထားတဲ့ ဆံပင်စတိုင်လ်လေးပါပဲ။ စမတ်ကျကျအသွင်မျိုး ဖန်တီးချင်တဲ့ ကွီးတို့အတွက် သင့်တော်ပါတယ်။
ဆံပင်ထောင်ထားရတာကို ကြိုက်တဲ့ ကွီးတို့အတွက်
လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးအသွင်မျိုး ဖန်တီးချင်တယ်ဆိုတဲ့ ဆယ်ကျော်သက်လူငယ်များအတွက်တော့ ဒီဆံပင်ကေက အထာအကျဆုံးပါပဲ။
ထိပ်ဖျားနား ကောက်ထားတဲ့ Pompadour ဆံပင်စတိုင်လ်
ဆံပင်အုံထူတဲ့ ကွီးတို့ကတော့ ဒီဆံပင်မျိုးထားချင်တယ်ဆိုရင်တော့ စတိုင်လ်ကျတာတော့ မှန်ပေမယ့် အအိုက်သက်သာမှာတော့မဟုတ်ပါဘူး။ ဆံပင်အုံပါးတဲ့ ကွီးတို့အတွက်ကတော့ ဒီဆံပင်နဲ့ဆို အံကိုက်ပါပဲ။
အနောက်လှန်ဆံပင်ကေ
ဆော်ကြည်ကွီးတစ်ယောက်အသွင်မျိုး ဖန်တီးချင်တယ်၊ လုံးဝကို ရင့်ကျက်တဲ့အသွင်မျိုး ပေက်နေစေချင်တယ်ဆိုရင်တော့ ဒီဆံပင်ကေမျိုး ထားနိုင်ပါတယ်။
မတိုမရှည်ဆံပင်ကေ
ကွီး တို့အနေနဲ့ နွေရာသီ မှာ အအိုက်သက်သာချင်ပြီး ဒီလို ဆံပင်စတိုင်လ် မျိုးလည်း ထားချင်တယ်ဆိုရင်တော့ ဆံသဆရာကို ဆံပင်အုံပါးပေးဖို့ တောင်းဆိုရပါလိမ့်မယ်။
ဆံပင်အုံပါးထားမှသာလျှင် အခုလို ပူအိုက်တဲ့ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်နေမှာပါ။
ဆံပင်အရှေ့ပိုင်းနား ထောင်ထားတဲ့ ဆံပင်စတိုင်လ်
အထာမိမိုက်နေစေချင်တယ်ဆိုရင်တော့ ဒီဆံပင်ကေမျိုးကို ရွေးချယ်သင့်ပါတယ်။ ဘေးနှစ်ဖက်ကို ပါးပါးလေး ညှပ်ထားတဲ့အတွက်ကြောင့် အအိုက်သက်သာစေမှာပါ။
နောက်ဆုံးပေါ် ဆံပင်စတိုင်လ်
ကွီးတို့အနေနဲ့ အမိုက်စားစတိုင်လ်လေး ဖန်တီးချင်တယ်ဆိုရင်တော့ ဒီလို နောက်ဆုံးပေါ် ဆံပင်စတိုင်လ်လေးကို ရွေးချယ်နိုင်ပါတယ်။
အနောက်လှန်ဖြီးထားကာ ဆံပင်ဆိုးထားတဲ့စတိုင်လ်
လူငယ်ဆန်ဆန် ဆံပင်ဆိုးရတာကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီဆံပင်ကေမျိုးက အသင့်တော်ဆုံးပါပဲ။ ဆွဲဆောင်မှုလည်း ရှိနေစေမှာဖြစ်ပြီး စတိုင်လ်ကျလှပနေစေမှာအမှန်ပါပဲ။
အခုဖော်ပြသွားတဲ့ ဆံပင်စတိုင်လ်လေးတွေကို ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Source: Menshairstylestoday
Featured Image: Theessentialman