ပူပြင်းခြောက်သွေ့ပြီး အိုက်စပ်လွန်းတဲ့ နွေရာသီက ဘယ်တော့များမှ ကုန်ဆုံးနိုင်တော့မလဲဆိုပြီး နွေရာသီကို အမြန်ကုန်ဆုံးစေချင်ပြီး မိုးရာသီကို မျှော်လင့်နေတဲ့ ကွီး တို့အတွက် နွေရာသီ မှာ အပူဓာတ်ကို သက်သာစေမယ့် သစ်သီးဖျော်ရည် အချို့ကို ဝေမျှပေးချင်ပါတယ်။

ကွီး တို့အနေနဲ့ နွေရာသီ မှာ သစ်သီးဖျော်ရည် များ သောက်သုံးခြင်းသည် တစ်နေ့တာလုံး လန်းဆန်းနေစေမှာဖြစ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကိုလည်း ဖြည့်တင်းပေးပါတယ်။

ကွီး တို့အတွက် နွေရာသီ မှာ အချိုဓာတ်လွန်ကဲတဲ့ ဆိုဒါဖျော်ရည်များထက်စာရင် အိမ်လုပ် သစ်သီးဖျော်ရည် များက ဗီတာမင်ဓာတ် ပိုမိုရရှိစေပြီး ကျန်းမာရေးနဲ့ ပိုမိုညီညွှတ်ပါတယ်။

နာနတ်သီးဖျော်ရည် ကြိုက်နှစ်သက်သူများအတွက်

ကွီး နွေရာသီ သစ်သီးဖျော်ရည်

Photo: ThePeacheePear.com

နာနတ်သီးဖျော်ရည် ဖျော်ဖို့ရန်အတွက် လိုအပ်မယ့် ပစ္စည်းများကတော့ နာနတ်သီးစိပ် အနည်းငယ်၊ နံနံပင်အနည်းငယ်၊ သခွားသီး၊ သံပုယိုသီး တို့လိုအပ်ပါမယ်။

နာနတ်သီးနှင့် နံနံပင်တို့ကို အတုံးသေးသေးတုံးထားပါ။ ဖျော်စက်ထဲထည့်ကာ နာနတ်သီး၊ နံနံပင်၊ သခွားသီးတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ လိုအပ်ပါက ရေအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

ရရှိလာတဲ့ဖျော်ရည်ကို ဖန်ခွက်ထဲ ပြောင်းထည့်လိုက်ပါ။ ပြီးရင်တော့ သံပုယိုရည်လေး ညှစ်ထည့်ကာ ဇွန်းဖြင့် သမအောင် မွှေလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ နာနတ်သီးဖျော်ရည်တစ်ခွက် ရရှိသွားပါပြီ။

ဖရဲသီးဖျော်ရည် ကြိုက်နှစ်သက်သူများအတွက်

ကွီး နွေရာသီ သစ်သီးဖျော်ရည်

ဖရဲသီး ဖျော်ရည် ဖျော်ဖို့ရန်အတွင် ဖရဲသီးစိပ် အနည်းငယ်၊ သကြား (မထည့်လည်းရ) ရေခဲတုံးအနည်းငယ်၊ သံပုရာသီးစိပ် ၃ စိပ်ခန့် လိုအပ်ပါလိမ့်မယ်။

ဖရဲသီး၊ သကြားနှင့် ရေခဲတုံးတို့ကို ဖျော်စက်ထဲထည့်ပါ။ သံပုရာသီးစိပ်ကိုတော့ အရည်ညှစ်ထည့်ကာ သမအောင် ဖျော်ပေးလိုက်ပါ။

ရရှိလာတဲ့ ဖျော်ရည်ကို ဖန်ခွက်ထဲ ပြောင်းထည့်ကာ အရသာရှိရှိ သောက်သုံးနိုင်ပါပြီ။

စတော်ဘယ်ရီနှင့် သံပုရာရည် အရောအနှော

summer juice for kwee

Photo: Tastes Better From Scratch

စတော်ဘယ်ရီဖျော်ရည်ထဲမှာမှ သံပုရာရည် ထည့်ထားတဲ့အတွက်ကြောင့် အမောမပြေမှာတော့ မပူပါနဲ့။

လိုအပ်မယ့်ပစ္စည်းတွေကတော့ စတော်ဘယ်ရီသီးအနည်းငယ်၊ သကြားအနည်းငယ်၊ ရေနှင့် သံပုရာသီးတို့ လိုအပ်ပါတယ်။

စတော်ဘယ်ရီသီးကို သစ်သီးဖျော်စက်ထဲထည့်ပြီး အနှစ်များရလာအောင် ပြုလုပ်လိုက်ပါ။ ထို့နောက် ထိုဖျော်စက်ထဲသို့ သကြား၊ ရေနှင့် သံပုရာသီး အနည်းငယ် ညှစ်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

ရရှိလာတဲ့ ဖျော်ရည်ကို အရသာမြည်းစမ်းကြည့်ပြီးတဲ့နောက် လိုအပ်ပါက သကြား (သို့) သံပုရာရည် ထပ်ထည့်နိုင်ပါတယ်။

Source: Crispyfoodidea

Featured Image: Thedawnrehab