ကွီးတို့ရဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင်ကို ပုံမှန်တစ်သတ်မှတ်တည်း သမားရိုးကျ သွားနေရင်တော့ ပျင်းစရာကောင်းနေမှာ အမှန်ပါပဲ။ ဖက်ရှင်ခေတ်ရေစီကြောင်းဟာ အမြဲတမ်းတိုးတက်ပြောင်းလဲနေတဲ့အတွက် ခေတ်နဲ့အမှီလိုက်ကာ ဝတ်စားဆင်ယင်မှုကို အပြောင်းအလဲ လုပ်ဖို့တော့ လိုပါတယ်။ ဒီနေရာမှာ အရေးပါဆုံးကတော့ ဖက်ရှင်နဲ့ပတ်သတ်တဲ့ Accessories တွေပါပဲ။ Accessories တွေက ကွီးတို့ရဲ့ဖက်ရှင်ကို ပြီးပြည့်စုံအောင် ပံ့ပိုးပေးနိုင်သလို ရိုးရှင်းလွန်းတဲ့ ဖက်ရှင်ပုံခပ်တုံးတုံးကိုလည်း လုံးဝပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ကွီးတို့ရဲ့ ဖက်ရှင် ကို Level Up ဖို့အတွက် ယောကျာ်းတိုင်းမှာ မရှိမဖြစ် ဆောင်ထားရမယ့် အခြေခံအကျဆုံး Accessories တွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) နာရီ

 Watch

Photo : Real Men Real Style

ပရော်ဖက်ရှင်ဆန်ဆန် လုပ်ငန်းခွင်အတွင်းမှာသာမက နေ့စဉ်ဘဝမှာပါ လိုအပ်တဲ့ မရှိမဖြစ် ဖက်ရှင် Accessories တွေထဲက တစ်ခုကို ပြောပါဆိုရင် နာရီတွေကို ထိပ်ဆုံးက ပြောရမှာပါ။ နာရီတွေကိုတော့ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ထင်ဟပ်စေတဲ့ ဖော်ပြချက်တစ်ခုလို့ တင်စားလေ့ ရှိပါတယ်။ Timeless ဖြစ်ဖြစ် Classic ဆန်ဆန် ကြိုက်တဲ့ ကွီးတို့ကတော့ လည်သာကြိုးတပ် နာရီတွေကို ရွေးချယ်နိုင်ပြီး Daily ဝတ်ဖို့အဆင်ပြေတဲ့ Casual Vibe မျိုးကြိုက်ရင်တော့ Sporty ဆန်တဲ့ နာရီတွေ အများကြီး ရွေးချယ်စရာ ရှိပါတယ်။ နာရီတွေ ရွေးချယ်တဲ့အခါ အဓိက ကိုယ့်ရဲ့ Lifestyle ပေါ်မူတည်ပြီး သေချာလေး ရွေးချယ်ဝတ်ဆင်ဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။

(၂) ခါးပတ်

Belt

Photo : The Adult Man

အမျိုးသား တစ်ယောက်ရဲ့ အဝတ်ဗီရိုထဲမှ ခါးပတ်ကောင်းတစ်ခုကတော့ သေချာပေါက် ရှိသင့်ပါတယ်။ ခါးပတ်တွေက ကွီးတို့ရဲ့ ‌ဘောင်းဘီကို မြဲမြံအောင် ထိန်းညှိပေးထားသလို စတိုင်ကျမှုကိုပါ ပေါင်းထည့်ပေးထားတယ်လို့ ပြောရမှာပါ။ လုပ်ငန်းခွင်နဲ့ Formal ဆန်ဆန် နေရာတွေအတွက် စမတ်ကျမှုကို အသားပေးတဲ့ လည်သာခါးပတ်တွေက အသင့်တော်ဆုံးဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် Outfits တွေအတွက်ဆိုရင်လည်း အရောင်အသွေး စုံလင်လှတဲ့ ဖက်ရှင်ကျတဲ့ ခေတ်ပေါ် ခါးပတ်တွေ စိတ်ကြိုက်ရွေးချယ်စရာ အများကြီး ရှိပါတယ်။

(၃) ပိုက်ဆံအိတ်

Wallets

Photo : Von Baer bags

ကွီးတို့ရဲ့ နေ့စဉ်ဘဝမှာရော ဖက်ရှင် အတွက်ပါ မရှိမဖြစ်တဲ့ အသုံးအဆောင်ဟာ ပိုက်ဆံအိတ်လို့ ပြောရင်မှားနိုင်မယ် မထင်ပါဘူး။ ပိုက်ဆံအိတ်တွေဟာ ကွီးတို့ နေ့တိုင်းလိုလို ကိုယ်နဲ့မကွာဆောင်ထားရတာ ဖြစ်တဲ့အတွက်ကြောင့် အရည်အသွေးကောင်းမွန်တဲ့ အမျိုးအစားကိုတော့ သေချာလေး ရွေးချယ်ဝတ်ဖို့ လိုအပ်ပါတယ်။ ကွီးတို့ အသုံးပြုတဲ့ ပုံစံ ၊ အကြိုက်ပေါ်မူတည်ပြီး Trifold Wallet သို့မဟုတ် Bifold Wallet ဆိုပြီး စိတ်ကြိုက်ရွေးချယ် ကိုင်လို့ ရပါတယ်။

(၄) နေကာမျက်မှန်

Sunglasses

Photo : FashionBeans

နေကာမျက်မှန်တွေကို ရှိုးထုတ်ဖို့အတွက်ပဲ ဝတ်ရတယ်ထင်ရင်တော့ ကွီးတို့တော်တော်လေး ခေတ်နောက်ကျနေပါပြီ။ တကယ်တော့ နေကာမျက်မှန်တွေဟာ ကွီးတို့ရဲ့ အဖိုးတန် မျက်လုံးတွေကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးသလို ဝတ်ဆင်တဲ့ ဖက်ရှင် Outfits ကိုလည်း ပိုပြီး ပြီးပြည့်စုံအောင် ဖြည့်စွက်ပေးပြီး စတိုင်ကျတဲ့ ကွီးတစ်ယောက် အသွင်အပြင်ကို အပြည့်အဝ ပုံဖော်ပေးပါတယ်။ (Club ထဲမှာလည်း နေကာမျက်မှန်တပ်ပြီး ကတက်ရင် ကလို့ အဆင်ပြေပါသေးတယ်။) နေကာမျက်မှန်တွေဟာ ကွီးတို့ရဲ့ ဝတ်စားဆင်ယင်မှု ၊ နေထိုင်မှုပုံစံတွေပေါ်မူတည်ပြီး ရွေးချယ်ရသလို ကိုယ့်ရဲ့မျက်နှာကျနဲ့ လိုက်ဖက်ညီတဲ့ မျက်မှန်အမျိုးအစားကိုလည်း သေချာလေး ရွေးတက်ဖို့ အရေးကြီးပါတယ်။

(၅) လက်ဝတ်ရတနာ

Necklaces

Photo : CRAFTD

လက်ဝတ်ရတနာ Jewelry တွေ ကြိုက်တဲ့ ကွီးတို့အနေနဲ့လည်း ဒါဟာ စဉ်းစားသင့်စရာ တစ်ခုပါပဲ။ အမျိုးသားတွေကတော့ အမျိုးသမီးတွေလောက် Jewelry တွေကို စွဲစွဲမက်မက် ဝတ်လေ့ မရှိကြပေမယ့် ဆွဲကြိုး ၊ လက်စွပ်နဲ့ Bracelets တွေကတော့ အများစု ဝတ်ကြတဲ့ Accessories တွေလို့ ပြောလို့ ရပါတယ်။ စိန်တွေ ၊ ရွှေတွေမှ မဟုတ်ပါဘူး။ ဒီဘက် ခေတ်ပေါ် ဖက်ရှင်တွေနဲ့ လိုက်ဖက်ညီတဲ့ ဖန်စီ Jewelry တွေ ၊ Chains တွေကို ကွီးတို့ နှစ်သက်သလို လိုက်ဖက်မှုရှိရှိ ဝတ်ဆင်လို့ ရပါတယ်။

Source : magicpin

Featured Photo : Tatler Asia