ဖက်ရှင်လောကတွင် အရောင်တွေသည် အင်မတန်အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဖက်ရှင်ကျကျ ဝတ်စားချင်တဲ့ ကွီး တို့အတွက် မိမိရဲ့ အဝတ် ဘီဒို ထဲမှာ ဘယ်လို အဝတ်အစား အရောင် တွေ ထည့်ထားရမလဲဆိုတာ သိပြီးပါပြီလား။

ကွီး တို့ အဝတ် ဘီဒို ထဲမှာ အခုဖော်ပြမယ့် အဝတ်အစား အရောင် များ ဘယ်နှရောင်လဲ ရှိထားပြီးလဲဆိုတာကို လေ့လာကြည့်လိုက်ပါ။ အခုဖော်ပြပေးမယ့် အရောင် (၈) ရောင်စလုံး ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ဖက်ရှင်ကျတဲ့ အမျိုးသားတစ်ယောက်အဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ပြောနိုင်ပါပြီ။

ပန်းဖျော့ရောင်

man color and fashion

ပန်းရောင်သည် မိန်းကလေးဆန်တဲ့အရောင်ဖြစ်တဲ့အတွက်ကြောင့် မဝတ်ဆင်ချင်ဘူးဆိုတဲ့ ခေတ်နောက်ကျတဲ့အတွေးအခေါ်ကို ဆက်လက်တွေးနေမယ်ဆိုရင်တော့ ကွီးတို့သည် ဖက်ရှင်ကျတဲ့သူတစ်ယောက် မဖြစ်နိုင်ပါဘူး။

ဖက်ရှင်ကျပြီး ဆွဲဆောင်မှုမြင့်မားချင်တယ်ဆိုရင်တော့ ပန်းရောင်ကိုလည်း ဝတ်ဆင်တတ်ဖို့လိုအပ်ပါတယ်။ ပန်းရောင်ဆိုတဲ့ နေရာမှာလည်း ပန်းရောင်ဆန်ဆန်မျိုးမဟုတ်ဘဲ ပန်းဖျော့ရောင်လေးသည် အမျိုးသားများအကြား ပိုမိုရေပန်းစားပါတယ်။ တကယ်လို့ သင့်အနေနဲ့ မိန်းကလေးဆန်တဲ့ ပန်းရောင်ကြီး မဝတ်ချင်ဘူးဆိုရင်တော့ အခုလို ပန်းဖျော့ရောင်လေးကို ဝတ်ဆင်နိုင်ပါတယ်။

man color and fashion

ပန်းဖျော့ရောင်ကို အင်္ကျီအနေနဲ့ပဲ ဝတ်ဆင်ချင်သလား။ ဒါမှမဟုတ် ဘောင်းဘီအနေနဲ့ပဲ ဝတ်ဆင်ချင်သလား စိတ်ကြိုက်ဝတ်ဆင်နိုင်ပါတယ်။

ပန်းရောင်ဖျော့ ရှပ်အင်္ကျီလေးဆိုရင်တော့ ရှပ်အပျော့သားကို ဝတ်ဆင်နိုင်သလို Sweatshirt အနေနဲ့လည်း ဖက်ရှင်ကျကျ ဝတ်ဆင်နိုင်ပါတယ်။ ဒါ့အပြင် ဘောင်းဘီတိုအဖြစ် ဝတ်ဆင်မယ်ဆိုရင်တော့ ပိုမိုငယ်ရွယ်နုပျိုပြီး လူငယ်ဆန်တဲ့အသွင်ကို ပိုင်ဆိုင်နိုင်ပါပြီ။

အစိမ်းရင့်ရောင်

man color and fashion

ကွီး တို့ရဲ့ အဝတ် ဘီဒို ထဲမှာ အနက်ရောင်တွေပဲ ကြီးစိုးနေတယ်ဆိုရင်တော့ အခုချိန်မှာ အရောင် ပြောင်းဖို့ အချိန်တန်ပါပြီ။ အနက်ရောင်အစား အစိမ်းရင့်ရောင်ကို ရွေးချယ်ဝတ်ဆင်လိုက်ပါ။ အစိမ်းရင့်ရောင်သည်လည်း ယခုနှစ်ထဲမှာ ခေတ်စားနေတဲ့ အရောင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ပြောက်ကျားအစိမ်းရင့်ရောင်လေးကို ဘောင်းဘီတိုနဲ့ ဝတ်ဆင်ကာ ရှိုးထုတ်နိုင်သလို အစိမ်းရင့်ရောင် ဘောင်းဘီတိုကို ခါးပတ် ပတ်ဝတ်ပြီး အပေါ်ကနေ ရှပ်အပြာရောင်ကို အထဲထည့်ကာ စတိုင်လ်ကျကျ ဝတ်ဆင်နိုင်ပါတယ်။

man color and fashion

နောက်ထပ် ခေတ်စားတဲ့ ဖက်ရှင်တစ်ခုကတော့ ဂျက်ကတ်စတိုင်လ် ဝတ်ဆင်ခြင်းပဲဖြစ်ပါတယ်။ အနက်ရောင် ဂျက်ကတ်များအစား အစိမ်းရင့်ရောင် ဂျက်ကတ်များကို အစားထိုး ဝတ်ဆင်လိုက်ပါ။

အဝါရောင်

man color and fashion

အရောင်တောက်တောက်ကြီးတွေ ဝတ်ဆင်ရမှာ ကြောက်နေပါသလား။ ဒီအဝါရောင်လေး စမ်းဝတ်ကြည့်လိုက်ပါ။ အဝါရောင်ကတော့ ပျော်ရွှင်မှု၊ နွေးထွေးမှုကို ဖော်ဆောင်တဲ့အရောင်တစ်ခုပါ။ အဝါရောင်နဲ့ အညိုရောင်တို့ ရောစပ်ထားတဲ့ အဝါရောင်မှိုင်းမှိုင်းကိုလည်း ဝတ်ဆင်နိုင်သလို အဝါရောင်တောက်တောက်များသည်လည်း ဖက်ရှင်ချစ်သူများအကြား ရေပန်းစားနေတဲ့အရာတစ်ခုဖြစ်ပါတယ်။

man color and fashion

ချမ်းအေးတဲ့ ရာသီဥတုမျိုးအတွက်ဆိုရင်တော့ လက်တိုအင်္ကျီထက် လက်ရှည်အင်္ကျီတွေက ပိုမိုနွေးထွေးပြီး ပိုမိုဖက်ရှင်ကျနေစေမှာပါ။

အနီရောင်

man color and fashion

အနီကတော့ ရဲရင့်ခြင်းကို ဖော်ဆောင်ပေးတဲ့ အရောင်တစ်ခုဖြစ်ပါတယ်။ အနီရောင်တီရှပ်ကို အောက်မှာ ခံဝတ်ပြီး အပေါ်ကနေ ဂျက်ကတ်အနက်ရောင်ထပ်ဝတ်ကာ ဘောင်းဘီကိုတော့ အဖြူရောင် ဘောင်းဘီ ရွေးချယ်ဝတ်ဆင်ပေးမယ်ဆိုရင်တော့ ကွီးတို့ရဲ့ဖက်ရှင်က အမိုက်စားကို ဖြစ်နေမှာအမှန်ပါပဲ။

ကွီး ဘီဒို အရောင်

နောက်ထပ် ဖက်ရှင် Tip တစ်ခုကတော့ အဖြူရောင်တီရှပ်၊ အနီရောင်ဂျက်ကတ်နှင့် အပြာရောင်ဂျင်းဘောင်းဘီတို့ကို စတိုင်လ်ကျကျ ဝတ်ဆင်ရမှာပဲဖြစ်ပါတယ်။

ပေါ့ပါးလွတ်လပ်တဲ့အသွင်မျိုး ဖန်တီးချင်ပါသလား။ ဒါဆိုရင်တော့ ရှပ်အင်္ကျီကို အပေါ်ကနေ ဘုံပါဂျက်ကတ်လေး ထပ်ဝတ်ပေးလိုက်ပါ။ ပိုလိုရှပ်နဲ့ တွဲဖက်ဝတ်ဆင်ပါကလည်း စတိုင်လ်ကျ လှပနေမှာပဲဖြစ်ပါတယ်။

ခရမ်းဖျော့ရောင်

ကွီး ဘီဒို အရောင်

ခရမ်းဖျော့ရောင်လေးသည်လည်း လက်တလောမှာ လူကြိုက်များနေတဲ့အရောင်ဖြစ်တဲ့အတွက်ကြောင့် ကွီး တို့ရဲ့ အဝတ် ဘီဒို ထဲမှာ ဒီ အရောင် ကိုလည်း ထည့်ထားသင့်ပါတယ်။ ခရမ်းဖျော့ရောင် ကြိုက်နှစ်သက်သူများသည် အများနှင့်မတူ စိတ်ကူးယဉ်ဆန်သောသူတွေဖြစ်ကြပြီး လူ့ပတ်ဝန်ကျင်းနှင့် သဟဇာတမဖြစ်မှာကိုလည်း မကြောက်ရွံ့တတ်ကြသူတွေ ဖြစ်ပါတယ်။ ခရမ်းဖျော့ရောင်သည် ရိုမန့်တစ်ဆန်ခြင်း၊ ဉာဏ်အမျှော်မြင် ကြီးမားခြင်း၊ ရဲစွမ်းသတ္တိရှိခြင်းနှင့် စိတ်ဝိညာဉ် အားကောင်းခြင်းတို့ကို ကိုယ်စားပြုပါတယ်။

ကွီး ဘီဒို အရောင်

ခရမ်းဖျော့ရောင်နှင့် လိုက်ဖက်တဲ့အရောင်တွေကတော့ မီးခိုးရောင်၊ အနက်ရောင်၊ အသားရောင်၊ ချောကလက်ရောင်တို့ပဲဖြစ်ပါတယ်။ ကွီးတို့သည် ခရမ်းဖျော့ရောင်ကို ဖက်ရှင်ကျကျ ဝတ်စားချင်တယ်ဆိုရင်တော့ ထိုအရောင်များနှင့် တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

သဘာဝဆန်သောအရောင်

ကွီး ဘီဒို အရောင်

အများရဲ့ အမြင်အာရုံကို မဖမ်းစားချင်ဘဲ သာမန်အတိုင်းလေးပဲ ဖက်ရှင်ကျကျ ရှိုးထုတ်ချင်တယ်ဆိုရင်တော့ ကွီးတို့ ရွေးချယ်သင့်တဲ့အရောင်သည် သဘာဝဆန်တဲ့အရောင်တွေပဲ ဖြစ်ပါတယ်။ အရောင်တောက်တောက် အဝတ်အစားတွေ မဝတ်ဆင်ချင်တဲ့နေ့မျိုးမှာ ဒီလို သဘာဝဆန်တဲ့အရောင်များကို ရွေးချယ်နိုင်ပါတယ်။ အရိုးရှင်းဆုံးသည် အလှပဆုံးဆိုတဲ့ စကားအတိုင်းပဲ သဘာဝဆန်ဆန်နဲ့ ရိုးရှင်းပြီး စတိုင်လ်ကျလှပအောင် ဖန်တီးနိုင်ပါတယ်။ ကိုယ့်ရဲ့ ရင့်ကျက်မှုကို ပြသချင်တဲ့အချိန်မျိုးမှာ ဒီလိုဖက်ရှင်အရောင်မျိုးကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

လိမ္မော်ရောင်

ကွီး ဘီဒို အရောင်

ကွီးတို့အနေနဲ့ ဒီအရောင်လေးကို နှစ်သက်တယ်ဆိုရင်တော့ သေချာပါတယ်။ ကွီးတို့သည် အကောင်းမြင်စိတ်ရှိသူများပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရက်ရောသူ၊ စိတ်အားထက်သန်သူ၊ ရဲရင့်တည်ကြည်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ဘေးပတ်ဝန်ကျင်ရှိသူများကိုလည်း သူ့ရဲ့ စွမ်းအင်များ ကူးစက်အောင် ပြုလုပ်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။

ကွီး ဘီဒို အရောင်

ကွီးတို့အနေနဲ့ ဒီလိမ္မော်ရောင်ကို လူကြီးဆန်ဆန် ဝတ်ဆင်နိုင်သလို လူငယ်ဆန်ဆန်လည်း ဝတ်ဆင်နိုင်ပါသေးတယ်။

အပြာရောင်

ကွီး ဘီဒို အရောင် ကွီး ဘီဒို အရောင်

အပြာရောင်ကတော့ အမျိုးသားအများစု ကြိုက်နှစ်သက်ကြတဲ့အရောင်ဖြစ်ပါတယ်။ အပြာရောင်ရှပ်ကို အနက်ရောင် စတိုင်လ်ဘောင်းဘီနဲ့ပဲ ဝတ်ဆင်ချင်သလား၊ ဂျင်းဘောင်းဘီနဲ့ပဲ ဝတ်ဆင်ချင်သလား မိမိစိတ်ကြိုက် ဝတ်ဆင်နိုင်ပါတယ်။ အပြာရောင်ကိုမှ အရောင်တောက်တောက်လေးကို ရွေးချယ်ကာ မိမိရဲ့ ဖက်ရှင်စတိုင်လ်ကို ဆွဲဆောင်မှုပိုတိုးလာအောင် ဖန်တီးယူလိုက်ပါ။

Source: Fashionbeans

Featured Image: Stylegallivanter