ကွီး တို့ရဲ့အသည်းစွဲ ဘီယာ ကို သောက်သုံးခြင်းအပြင် အခြားသောအရာများ ဖန်တီး ပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်သေးတယ်ဆိုတာကို သိပြီးပါပြီလား။

တကယ်တော့ ကွီး တို့ ကြိုက်နှစ်သက်တဲ့ ဘီယာ သည် ကွီးတို့ထင်ထားတာထက်ကို အသုံးဝင်ပြီး အခြားသောအရာမျိုးစုံ ဖန်တီး ရာမှာလည်း အသုံးဝင်ပါသေးတယ်။

ခြေထောက်များကို သန့်ရှင်းစင်ကြယ်စေခြင်း

ကွီး ဘီယာ ဖန်တီး

ခြေထောက်မှာ ဘက်တီးရီးယားများကြောင့် ညစ်ပတ်ပေရေကာ အနံ့အသက် မကောင်းတဲ့အခါ ဘီယာကို အသုံးပြုကာ ပြန်လည်သန့်ရှင်းသွားအောင် ပြုလုပ်နိုင်ပါတယ်။

ပြုလုပ်နည်းကတော့ ဘီယာကို ရှာလကာရည်အနည်းငယ်နဲ့ ရောနှောကာ ခြေထောက်ကို ဆေးကြော သန့်စင်ပေးရမှာပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ခြေထောက်က ထွက်တဲ့ အနံ့ဆိုးများနှင့် ဘက်တီးရီးယားများကို ဖယ်ရှားပေးမှာပဲ ဖြစ်ပါတယ်။

အိမ်ထောင်ပရိဘောဂများနှင့် ရွှေထည်ပစ္စည်းများကို တောက်ပြောင်လာအောင် ပြုလုပ်နိုင်ခြင်း

ကွီး ဘီယာ ဖန်တီး

ကွီးတို့အိမ်က အိမ်ထောင်ပရိဘောဂတွေ အိုဟောင်းနေလို့ စိတ်ညစ်နေရတယ်ဆိုရင် ဘီယာကိုသာ အသုံးပြုလိုက်ပါ။

ပြုလုပ်နည်းကလည်း လွယ်ကူပါတယ်။ အဝတ်စပေါ်သို့ ဘီယာကို လောင်းထည့်လိုက်ပါ။ ထို့နောက် ထိုအဝတ်စဖြင့် အိမ်ထောင်ပရိဘောဂများကို သုတ်ပေးလိုက်ပါ။ ထို့နောက် အခြားသော အဝတ်စဖြင့် သုတ်ထားသောနေရာများကို ခြောက်အောင် ပြန်သုတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အိမ်ထောင်ပရိဘောဂအသစ်တွေ ရရှိသွားပြီပဲ ဖြစ်ပါတယ်။

အသားများကို ချက်ပြုတ်ရာတွင် ပိုမိုနူးအိစေခြင်း

ကွီး ဘီယာ ဖန်တီး

အမဲသားများ၊ စတိပ်ခ်များကို ပိုမိုနူးအိသွားစေချင်ရင် ဘီယာအသုံးပြုလိုက်ရုံပါပဲ။ ဘီယာထဲမှာပါဝင်တဲ့ အယ်လ်ကိုဟောဓာတ်က အသားကို နူးအိသွားစေတာ ဖြစ်ပါတယ်။

အသားများ နယ်တဲ့အခါ ဘီယာအနည်းငယ်ထည့်ကာ နယ်ပေးလိုက်ပါ။ ထို့နောက် နာရီအနည်းငယ်ကြာအောင် နှပ်ပေးလိုက်ပါ။ နှပ်ထားလို့ကျန်ခဲ့တဲ့ ဘီယာရည်တွေကိုတော့ မသောက်မိစေနဲ့ပေါ့နော်။

ကော်ဖီကြောင့် ဖြစ်ပေါ်တဲ့ အစွန်းအထင်းများကို ဖယ်ရှားပေးခြင်း

coffee stain

Photo: iStock

အကြောင်းအမျိုးမျိုးကြောင့် အင်္ကျီ၊ အဝတ်အစားများ စွန်းထင်းသွားတဲ့အခါမှာလည်း ကွီး တို့ရဲ့ ဘီယာ ကို အသုံးပြုကာ အဝတ်အစားများကို အသစ်အတိုင်း ပြန်ဖြစ်သွားအောင် ဖန်တီးနိုင်ပါတယ်။

စွန်းထင်းသွားတဲ့ နေရာပေါ်မှာ ဘီယာအနည်းငယ် ဆွတ်ချကာ ပွတ်တိုက်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အဝတ်အစားပေါ်က အစွန်းအထင်းတွေအားလုံး ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။

မီးငြိမ်းစေခြင်း

beer

မီးသတ်ဆေးဘူးလောက်တော့ အစွမ်းမထက်ပေမယ့် ဘီယာသည်လည်း မီးငြိမ်းသတ်ရာမှာ အနည်းငယ် အသုံးဝင်ပါတယ်။ မီးတောက်က အရမ်းမကြီးဘူးဆိုရင် ဘီယာနဲ့တင် မီးငြိမ်းသတ်နိုင်ပါတယ်။ ဘီယာသည်လည်း ရေဖြင့် အများဆုံး ပြုလုပ်ထားတဲ့အတွက်ကြောင့် မီးတောက်သေးသေးလေးတွေကို သေစေနိုင်အောင် ကူညီပေးပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့အသည်းစွဲ ဘီယာ ကို ဇိမ်ခံကာ သောက်သုံးခြင်းအပြင် ဘယ်လိုနည်းလမ်းများဖြင့် အသုံးချသေးပါသလဲ။

Source: Menshealth

Featured Image: Nbcnews