အသားအရေက ညိုညစ်ပြီး ခြောက်သွေ့ကြမ်းတမ်းနေလို့ စိတ်ညစ်နေတဲ့ ကွီးတို့အတွက် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။ ပျက်စီးကြမ်းတမ်းနေတဲ့ အသားအရေကို ပြန်လည်ကျန်းမာလှပလာအောင် ကြိုးစားချင်တဲ့ ကွီး တို့အတွက် အကောင်းဆုံးအဖော်မွန်ကတော့ မျက်နှာပေါင်းတင်ဆေးတွေပဲ ဖြစ်ပါတယ်။

ကွီး တို့အနေနဲ့ တစ်ပတ်လျှင် နှစ်ရက်ခန့်၊ တစ်နေ့လျှင် ၁၀ မိနစ်၊ မိနစ် ၂၀ ခန့် အချိန်ပေးကာ မျက်နှာပေါင်းတင်ဆေး ဖြင့် သေချာပေါင်းတင်ပေးပါက မျက်နှာအသားအရေလေး ပြန်လည်ကြည်လင်ကာ ကျန်းမာလှပလာမှာ ဖြစ်ပါတယ်။

ကွီး တို့ရဲ့ ပျက်စီးနေတဲ့အသားအရေအတွက် ဈေးကွက်ထဲမှာ ပေါ်ပြူလာဖြစ်နေတဲ့ အကောင်းစား မျက်နှာပေါင်းတင်ဆေး များကို ဖော်ပြပေးလိုက်ရပါတယ်။ ကိုယ့်ရဲ့ အသားအရေအမျိုးအစားနှင့် ကိုယ် ကြုံတွေ့နေရတဲ့ အသားအရေ ပြဿနာပေါ်မူတည်ကာ မျက်နှာပေါင်းတင်ဆေးများကို သေသေချာချာ ရွေးချယ်ဝယ်ယူလိုက်ပါ။

THE ORDINARY AHA 30% + BHA 2% Peeling Solution

THE ORDINARY AHA 30% + BHA 2% Peeling Solution

ဈေးအသက်သာဆုံး မျက်နှာပေါင်းတင်ဆေးတစ်ခုပဲဖြစ်ပါတယ်။ အဆီပြန်ခြင်းကို ထိန်းချုပ်ပေးပြီး အသားအရေ ရောင်ရမ်းခြင်းကိုလည်း လျော့ချပေးပါတယ်။ ကျယ်နေတဲ့ ချွေးပေါက်များကိုလည်း ပြန်ကျဉ်းသွားအောင် ကူညီပေးပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၈ ဒေါ်လာသာ ပေးဝယ်ရမှာ ဖြစ်ပါတယ်။

Aesop Blue Chamomile Facial Hydrating Masque

Aesop Blue Chamomile Facial Hydrating Masque

မျက်နှာအဆီပြန်တဲ့ ကွီးတွေကတော့ ဒီအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ မလိုလားအပ်တဲ့ အဆီပိုများကို စုပ်ယူပေးပြီး အသားအရေကို ရေဓာတ်ဖြည့်တင်းပေးမှာပါ။

BOLDEN Clear Skin Clay Mask

ကွီး မျက်နှာပေါင်းတင်ဆေး

ဒီမျက်နှာပေါင်းတင်ဆေးလေးကတော့ ဒေါ်လာ ၁၉ ဒေါ်လာ ပေးဝယ်ရမှာ ဖြစ်ပါတယ်။ သူကတော့ မျက်နှာမှာ ဝက်ခြံတွေ ဗရပွပေါက်ကာ Breakouts ဖြစ်နေသူများအတွက် သင့်တော်ပါတယ်။

Boscia Berry Blend Smoothing Facial

ကွီး မျက်နှာပေါင်းတင်ဆေး

မျက်နှာက ညိုမဲနေတဲ့အရာတွေအားလုံးကို ဖျောက်ဖျက်ချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို အသုံးပြုသင့်ပါတယ်။ တစ်ပတ်လျှင် တစ်ရက်၊ နှစ်ရက်ခန့် တစ်ခါပေါင်းတင်လျှင် မိနစ် ၂၀ ခန့် ပေါင်းတင်ပေးရုံနဲ့တင် သိသာထင်ရှားတဲ့ ရလဒ်ကို မြင်တွေ့ရမှာပါ။

Soft The Moisture Mask

ကွီး မျက်နှာပေါင်းတင်ဆေး

မျက်နှာက မွဲခြောက်ခြောက်ဖြစ်နေတယ်ဆိုရင်တော့ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးဖို့လိုအပ်နေပါပြီ။ ရေဓာတ်ဖြည့်ဖို့အတွက်ဆိုရင်တော့ ဒီပေါင်းတင်ဆေးကို ရွေးချယ်သင့်ပါတယ်။ တစ်ညတာလုံး လိမ်းကျံထားပြီး မနက်ကျမှ မျက်နှာသစ်ပေးရုံနဲ့တင် အသားအရေက တင်းတင်းအိအိလေး ဖြစ်သွားမှာပါ။

Malin + Goetz Detox Face Mask

ကွီး မျက်နှာပေါင်းတင်ဆေး

ဂျယ်လ်မျက်နှာပေါင်းတင်ဆေးလေး အသုံးပြုချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို အသုံးပြုနိုင်ပါတယ်။ ဒီပေါင်းတင်ဆေးက ဂျယ်လ်ကို အသားထဲထိ စိမ့်ဝင်သွားစေပြီး အသားအရေကို အတွင်းထဲအထိ အားဖြည့်ပေးပါလိမ့်မယ်။ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၄၈ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။

Source: Byrdie

Featured Image: Healthlilne