ကွီး တို့ မျက်နှာ ပေါ်က ဝက်ခြံ တွေကို ညတွင်းချင်း အလုံးစုံပျောက်ကင်းပြီး မျက်နှာတစ်ခုလုံး ပြောင်ချောသွားအောင် ပြုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သို့သော် တစ်ညတည်းနဲ့ ဝက်ခြံများ အရောင်ကျပြီး တစ်စထက်တစ်စ မျက်နှာတစ်ခုလုံးရှိ ဝက်ခြံများ ပျောက်ကင်းသွားအောင်တော့ ကုသနိုင်ပါတယ်။

ဒီဆောင်းပါးလေးထဲမှာတော့ ကွီး တို့ မျက်နှာ ပေါ်ရှိ ဝက်ခြံ များကို သက်သာပျောက်ကင်းသွားအောင်လို့ ဘယ်လိုအိမ်တွင်းနည်းလမ်းများနဲ့ ကုသနိုင်မလဲဆိုတာကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ ဓာတုပစ္စည်းများ မပါဝင်တဲ့ သဘာဝနည်းလမ်းလေးတွေဖြစ်တဲ့ အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်စရာမလိုဘဲ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

အရင်ဦးဆုံး ဝက်ခြံအရောင်လျော့သွားအောင်လို့ ဘယ်လိုကြိုးစားနိုင်မလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်

ကွီး မျက်နှာ ဝက်ခြံ 

အဆင့် (၁) မျက်နှာကို အရင်ဆုံး မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်လိုက်ပါ။ ထို့နောက် သန့်စင်ခြောက်သွေ့သော မျက်နှာသုတ်ပုဝါဖြင့် မျက်နှာကို ခပ်ဖွဖွလေး ပုတ်ကာ ရေခြောက်အောင် သုတ်လိုက်ပါ။

အဆင့် (၂) ထို့နောက် ရေခဲတုံးများကို သန့်စင်သော အဝတ်စဖြင့် ထုတ်ပိုးကာ ဝက်ခြံများပေါ်တွင် ၅ မိနစ်မှ ၁၀ မိနစ်ခန့်ကပ်ပေးလိုက်ပါ။

အဆင့် (၃) ၁၀ မိနစ်ခန့် အနားပေးပြီးနောက် ရေခဲတုံးများဖြင့် နောက်ထပ် ၅ မိနစ်မှ ၁၀ မိနစ်ခန့် ထပ်ကပ်ပေးလိုက်ပါ။

အဆင့် (၄) ထို့နောက် ဝက်ခြံလိမ်းဆေးဖြင့် ဝက်ခြံများပေါ်တွင် တို့ထားကာ လိမ်းပေးလိုက်ပါ။ ထိုလိမ်းဆေးသည် Benzoyl Peroxide အနည်းဆုံး ၂ ရာခိုင်နှုန်းခန့် ပါဝင်တဲ့ ဝက်ခြံလိမ်းဆေးဖြစ်ရပါမယ်။

ပျားရည် အသုံးပြုပါ

ကွီး မျက်နှာ ဝက်ခြံ 

ဒီနည်းလမ်းကတော့ အနာကျက်မြန်စေဖို့ရန်အတွက် Antibiotics များကို အရှိန်မြင့်လာအောင် ပြုလုပ်ပေးနိုင်မယ့် နည်းလမ်းဖြစ်ပြီး ပိုးဝင်ခြင်းမှလည်း ကာကွယ်ပေးတာကြောင့် စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။

ပြုလုပ်နည်းကတော့ နားကြပ်တံဂွမ်းစလေးကို ပျားရည်နဲ့ နှစ်ပေးလိုက်ပါ။ ထို့နောက် ကွီး တို့ မျက်နှာ ပေါ်ရှိ ဝက်ခြံ ပေါက်တဲ့နေရာပေါ်သို့ တို့ထားပေးလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာအောင် ထားထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ကြက်သီးနွေး ရေနွေးလေးဖြင့် ဆေးကြောသန့်စင်ပေးနိုင်ပါပြီ။

ဒီနည်းလမ်းလေးကိုတော့ တစ်ရက်လျှင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ပြုလုပ်ပေးရမျာဖြစ်ပါတယ်။

သံပယိုရည် အသုံးပြုပါ

man pimple remedies

သံပယိုရည်ထဲမှာ ပါဝင်တဲ့ ဗီတာမင်စီသည် ဝက်ခြံများကို အမြန်ခြောက်အောင် ကူညီပေးပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာကတော့ သဘာဝသံပယိုရည်စစ်စစ်ကို အသုံးပြုရမှာဖြစ်ပြီး ပုလင်းထဲ ထုတ်ပိုးထားတဲ့ စက်ရုံထုတ်သံပယိုရည်များကိုတော့ ရှောင်ကြဉ်ရပါမယ်။

သူ့ပြုလုပ်နည်းကလည်း ပျားရည်ကုသနည်းနဲ့ ဆင်တူပါတယ်။ လတ်လတ်ဆတ်ဆတ်အရည်ညှစ်ထားသော သံပယိုသီးထဲသို့ နားကြပ်တံဂွမ်းစလေး ထည့်ထားလိုက်ပါ။ ထို့နောက် ဝက်ခြံပေါက်သောနေရာပေါ်သို့ တို့ထားပေးလိုက်ပါ။ ဒီနည်းလမ်းကိုတော့ အိပ်ရာဝင်ခါနီးမှာ ပြုလုပ်ရမှာဖြစ်ပါတယ်။

ကြက်သွန်ဖြူ အသုံးပြုပါ

man pimple remedies

ကြက်သွန်ဖြူသည် မှိုနှင့် ဘက်တီးရီးယားများကို ဖယ်ရှားပေးပြီး ဝက်ခြံအမြန်ပျောက်ကင်းအောင် ကူညီပေးနိုင်ပါတယ်။

ပြုလုပ်နည်းကတော့ ကြက်သွန်ဖြူကို အရင်ဦးဆုံး အစိတ်စိတ်အမွှာမွှာဖြစ်သွားအောင် ပြုလုပ်လိုက်ပါ။ ပြီးရင်တော့ ဝက်ခြံပေါ်မှာ ညင်သာစွာ ပွတ်ပေးလိုက်ပါ။ ၃ မိနစ်ခန့် ပွတ်ပေးရမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုတော့ တစ်ရက်လျှင် အကြိမ်ရေများများ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ကွီး တို့အနေနဲ့ ကိုယ့် မျက်နှာ ပေါ်ရှိ ဝက်ခြံ များကို အရှင်းပျောက်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးသွားတဲ့ နည်းလမ်းတွေထဲက မိမိကြိုက်နှစ်သက်ရာတစ်ခုကို အသုံးပြုကာ ဝက်ခြံပျောက်ကင်းအောင် ပြုလုပ်နိုင်ပါတယ်။

Source: Visual.ly

Featured Image: Stock.adobe.com