အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဆံပင်အရှည်ထားချင်တဲ့ ကွီး တို့အတွက် ယောကျာ်းဆန် စေမယ့် ဆံထုံး ဆံပင်စတိုင်လ် များကို ဝေမျှပေးချင်ပါတယ်။ ဒီဆံပင်ကေများသည် ကွီးတို့ကို ညှို့ငင်အားပြင်းပြင်းနဲ့ ကြည့်ကောင်းနေစေမှာ အမှန်ပါပဲ။

ကွီး တို့အနေနဲ့ ယောကျာ်းဆန် စေမယ့် ဆံထုံး ဆံပင်စတိုင်လ် လေးကို ဘယ်လိုဖန်တီးယူနိုင်မလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကနေတဆင့် လေ့လာနိုင်ပါတယ်။

ဆံထုံးထုံးရမယ်ဆိုပေမယ့် အကြီးကြီး ထုံးစရာမလိုပါဘူး။ ကပိုကရိုဟန်လေးနဲ့ ထုံးထားလိုက်မယ်ဆိုရင်တော့ ကွီးတို့ကို ဆွဲဆောင်မှုတိုးစေမှာပါ။

ဆံထုံး ဆံပင်စတိုင်လ်ကို အဓိကအားဖြင့် (၇) မျိုး ခွဲခြားထားနိုင်ပါတယ်။

ပထမစတိုင်လ်

ကွီး ယောကျာ်းဆန် ဆံပင်စတိုင်လ်

ဒီစတိုင်လ်လေးကတော့ ဆံပင် မဖြီးဘဲ ဆံပင်ကို ကပိုကရိုလေး စည်းကာ အပေါ်ကနေ ဆံထုံးလေး ထုံးတင်လိုက်တာပဲဖြစ်ပါတယ်။ ဆံပင်အုံထူတဲ့ အမျိုးသားများ ပြုလုပ်နိုင်ပါတယ်။

နှုတ်ခမ်းမွှေးနဲ့ တွဲထားပါ

ကွီး ယောကျာ်းဆန် ဆံပင်စတိုင်လ်

နှုတ်ခမ်းမွှေးကို ခပ်ရှည်ရှည်လေး ထားပြီး ဆံပင်ကိုလည်း ဆံထုံး ထုံးထားမယ်ဆိုရင်တော့ တစ်မျိုးတစ်ဖုံ ကြည့်ကောင်းနေစေမှာပါ။

တတိယမြောက်ဆံပင်စတိုင်လ်

ကွီး ယောကျာ်းဆန် ဆံပင်စတိုင်လ်

ကွီးတို့ ဆံပင်က မတိုမရှည်လေးဖြစ်နေတယ်ဆိုရင် အခုလိုမျိုး ဆံပင်တစ်ဝက်စည်းထားကာ ရှိုးထုတ်နိုင်ပါတယ်။

ဆံပင်ကောက်တဲ့ ကွီး တို့အတွက် ယောကျာ်းဆန် စေမယ့် ဆံထုံး ဆံပင်စတိုငလ်

ကွီး ယောကျာ်းဆန် ဆံပင်စတိုင်လ်

ဆံပင်ကောက်တဲ့ ကွီးတို့ကတော့ သူတို့ရဲ့ဆံပင်ကေက အပေါ်ထောင်စီးထာမျိုးမဟုတ်ဘဲ အောက်အနားသားမှာ ချည်ပြီး စည်းထားတာမျိုးနဲ့ လိုက်ဖက်ပါတယ်။

Dreaded ဆံထုံး

ကွီး ယောကျာ်းဆန် ဆံပင်စတိုင်လ်

Dreadlocked စတိုင်လ် ကျစ်ဆံမြီး ကျစ်ထားပြီးနောက် အပေါ်ကနေ ဆံထုံး ထုံးလိုက်တဲ့ ဆံပင်စတိုင်လ်မျိုးဖြစ်ပါတယ်။

ဆံပင်အုံထူသူများနှင့် လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်

man bun hairsytle

ဆံပင်အုံထူပြီး ဆံပင်အနည်းငယ် ကောက်တတ်တဲ့ ကွီး တို့အတွက် ဒီဆံပင်စတိုင်လ်က အထာကျပြီး မိမိုက်စေမှာ အမှန်ပါပဲ။

Undercut ဆံပင်စတိုင်လ်

man bun hairsytle

ဘေးနှစ်ဖက်ကို ခပ်ပါးပါးလေး ရိတ်ထားပြီး အပေါ်ပိုင်းက ဆံပင်တွေကို ကျစ်ဆံမြီးသေးသေးလေးတွေ ကျစ်ထားကာ ထိပ်မှာ ဆံထုံးထုံးထားတဲ့ ဆံပင်စတိုင်လ်တစ်ခုဖြစ်ပါတယ်။

သပ်သပ်ရပ်ရပ်ထုံးထားတဲ့ ဆံပင်စတိုင်လ်

man bun hairsytle

စောစောက Undercut လို ဆံပင်စတိုင်လ်မျိုးကိုမှ ဘေးနားမှာ ခပ်ပါးပါးလေး ရိတ်ထားပြီး အပေါ်ပိုင်းက ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးလိမ်းကာ ဆံထုံးထုံးထားတဲ့ စတိုင်လ်မျိုးဖြစ်ပါတယ်။

သင့်အနေနဲ့ အမျိုးသားဆံထုံး ထုံးတဲ့အခါ လိုအပ်တဲ့အရာနှစ်ခုကတော့ ခေါင်းစည်းကြိုးနဲ့ စိတ်ရှည်ဖို့ပဲလိုအပ်ပါတယ်။ စိတ်ရှည်ရှည်နဲ့ စည်းကာ ထုံးလိုက်မယ်ဆိုရင်တော့ ကွီးတို့လိုချင်တဲ့ ဆံပင်စတိုင်လ်မျိုးကို ဖန်တီးရရှိနိုင်ပါတယ်။

Source: Haircutinspiration

Featured Image: Menshaircuts