အမျိုးသားတစ်ယောက်ရဲ့ လိင်မှုစွမ်းရည် ဟာ စားသောက်နေထိုင်မှု ပုံစံတွေအပေါ် များစွာမူတည်နေတာ ဖြစ်ပါတယ်။ ဒီထဲမှာမှ အစားအသောက်တွေဟာလည်း သိပ်ကိုအရေးပါလှပါတယ်။ လိင်မှုစွမ်းရည်နဲ့ လိင်တံကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအသောက်တွေ အများကြီးရှိသလို ဆန့်ကျင်ဘက်အနေနဲ့ ကွီးတို့ရဲ့ လိင်မှုစွမ်းရည် ကို ထိခိုက်စေတဲ့ အစားအသောက်တွေ အများကြီးပါ။ ဒီတစ်ခေါက်တော့ အမျိုးသားတွေရဲ့ လိင်မှုစွမ်းဆောင်ရည် Sex Drive ကို ကျစေတဲ့ သတိထားရှောင်ရမယ့် အစားအသောက်တွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ပြုပြင်ထားတဲ့ အစားအစာတွေ

Processed Foods
Photo : National Geographic

ပြုပြင်ထားတဲ့ အသားနဲ့ အစားအစာတွေ ၊ အချိုကဲ / အငန်ကဲတဲ့ စားစရာတွေဟာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ များစွာ ဖြစ်စေနိုင်သလို အမျိုးသားတွေရဲ့ လိင်မှုကျန်းမာရေးနဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တွေကို ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ပျက်စီးစေပြီး ဟော်မုန်းအပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်တာကြောင့် ပြုပြင်ထားတဲ့ အစားအစာတွေကိုတော့ တက်နိုင်သမျှ ရှောင်တာအကောင်းဆုံးပါ။

(၂) အသွင်ပြောင်းဆီ

Trans Fat
Photo : Cultivator Phyto Lab

Trans Fat လို့ခေါ်တဲ့ အသွင်ပြောင်းဆီတွေဟာ အဝလွန်ခြင်း ၊ သွေးတိုး ၊ ဆီးချိုတို့လို နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်သလို ခန္ဓာကိုယ်ရဲ့ ကောင်းတဲ့ ကိုလက်စထရော (HDL) ပမာဏကို နည်းစေပြီး သွေးကြောတွေကို ပိတ်ဆို့စေနိုင်ပါတယ်။ သွေးစီးဆင်းမှုကောင်းစွာမရှိရင် လိင်အင်္ဂါဆီသို့ သွေးတွေကောင်းကောင်း ပို့ဆောင်ပေးနိုင်ခြင်းမရှိတော့ပဲ လိင်တံကမောက်ကမဖြစ်တာ ၊ လိင်တံကောင်းမွန်စွာ မထောင်မတ်နိုင်တာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

(၃) အသင့်စား ဆီသွပ်ဗူး

Canned Food
Photo : The Gut Health Doctor

အသင့်စား ဆီသွပ်ဗူး အစားအစာတွေဟာလည်း ကွီးတို့ရဲ့ လိင်မှုစွမ်းရည် ကို ထိခိုက်နိုင်တယ်ဆိုတာ သိပြီးပြီလား ? မှန်ပါတယ် အသင့်စား ဆီသွပ်ဗူးတွေဟာ ပြင်ဆင်ချက်ပြုတ်ရလွယ်ပြီး အလွယ်တကူ ဖွင့်ဖောက်စားလို့ရပေမယ့် ဆိုဒီယမ်ပါဝင်မှုကတော့ အင်မတန်များပါတယ်။ အငန်နဲ့ ဆားဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပြီး လိင်အင်္ဂါအပါအဝင် ခန္ဓာကိုယ်ရဲ့အရေးကြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီသို့ သွေးစီးဆင်းမှုကို လျော့နည်းစေနိုင်တာပဲ ဖြစ်ပါတယ်။

(၄) ချောကလက်

Chocolate
Photo : The Spruce Eats

ချောကလက်ဟာ စိတ်ခံစားမှုကောင်းမွန်စေပြီး စိတ်ကြည်ရွှင်လန်းဆန်းမှုကို လှုံ့ဆော်ပေးတဲ့ အစားအစာကောင်းတစ်ခုလို့ လူသိများပါတယ်။ သို့သော် သကြားနဲ့ အခြားသော ပါဝင်ပစ္စည်းတွေ ထပ်မံထည့်သွင်းထားတဲ့ အချို့သော ချောကလက်အမျိုးအစားတွေကတော့ အမျိုးသားတွေရဲ့ ကျားဟော်မုန်း (တက်စတိုစတီရုန်း Testosterone) ပမဏကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး လိင်မှုစွမ်းရည် ကို လျော့ကျစေတယ်လို့ လေ့လာမှုအချို့က ဖော်ပြထားပါတယ်။ ချောကလက်ကြိုက်သူတွေအနေနဲ့တော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အနက်ရောင် ချောကလက် (Dark Chocolate) တွေကိုသာ ရွေးချယ်စားသုံးပေးဖို့ အကြံပေးချင်ပါတယ်။ ‌

အထက်ပါ အစားအစာတွေအပြင် အရက် ၊ ဘီယာ ၊ ကော်ဖီစတဲ့ သောက်စရာတွေကိုလည်း ချင့်ချိန်သောက်သုံးဖို့ လိုအပ်ပါတယ်။ အယ်လ်ကိုဟောနဲ့ ကဖိန်းဓာတ်တွေဟာ အလွန်အကျွံ သောက်သုံးမယ်ဆိုရင် ကျန်းမာရေးအတွက် ဆိုးကျိုးများသလို အမျိုးသားတွေရဲ့ လိင်မှုစွမ်းရည် ကိုလည်း ကျဆင်းစေနိုင်ပါတယ်။

Source : The Economic Times

Featured Photo : Muscle & Fitness