ဝီစကီများကို ဆေးဖြစ်ဝါးဖြစ်မှီဝဲခြင်းသည် သွေးတွင်းရှိ မကောင်းသော ကိုလက်စတောပမာဏကို လျော့ကျစေပြီး နှလုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။ ဝီစကီချစ်သူ ကွီး တို့လည်း ကမ္ဘာပေါ်ရှိ အကောင်းစား ဝီစကီ များကို သောက်သုံးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ် ဝီစကီများကို သိထားသင့်ပါတယ်။
ဒီဝီစကီများသည် ကွီး တို့အနေနဲ့ အခြားသော မိတ်ဆွေများအတွက် လက်ဆောင်ပေးချင်တယ်ဆိုရင်လည်း ပေးလို့ကောင်းတဲ့ အကောင်းစား ဝီစကီ များပဲဖြစ်ပါတယ်။
Glenmorangie Signet

ဒီဝီစကီကတော့ Single Malt ဝီစကီထဲမှာမှ အကောင်းဆုံး ဝီစကီတစ်ခုဖြစ်ပါတယ်။ သူ့ဈေးနှုန်းကတော့ ဒေါ်လာ ၁၆၆ ရှိပါတယ်။ အကောင်းဆုံး ကျိုချက်နည်းဖြင့် ချက်လုပ်ထားတဲ့ ဝီစကီတစ်ပုလင်းပဲ ဖြစ်ပါတယ်။
The Macallan 25 Year Old

စကော့ချ်ဝီစကီထဲမှာဆိုရင် ဒီအမျိုးအစားကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။ အရသာထူးကဲကောင်းမွန်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၈၁၄ ပေးဝယ်ရမှာဖြစ်ပါတယ်။
High West Double Rye Whiskey

ပန်းသီး၊ ပျားရည်၊ ပင်စိမ်းရွက်၊ သစ်ကြမ်းပိုးခေါက် အစရှိတဲ့ ပါဝင်ပစ္စည်းများ အသုံးပြုကာ ထည့်ချက်ထားတဲ့ ဝီစကီတစ်ခုဖြစ်တဲ့အတွက်ကြောင့် ကွီး တို့အားလုံး အကြိုက်တွေ့မယ့် အကောင်းစား ဝီစကီ ပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀ ၊ ၃၀ ဝန်းကျင်ဖြစ်ပါတယ်။
Wild Turkey Master’s Keep 17 Bottled

ဒီဝီစကီကတော့ ဒေါ်လာ ၁၃၈ ဒေါ်လာ ပေဝယ်ရမှာဖြစ်ပါတယ်။ ဝီစကီစည်ထဲတွင် ၁၇ နှစ်ကြာအောင် သိုလှောင်သိမ်းဆည်းထားတဲ့ ကွီး တို့အတွက် အကောင်းစား သက်တမ်းရှည် ဝီစကီ တစ်ခုပဲဖြစ်ပါတယ်။
Yamazaki 18 Year Old Single Malt Japanese Whisky

ဂျပန်ဝီစကီလေးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီဝီစကီလေးကို မြည်းစမ်းသောက်သုံးနိုင်ပါတယ်။ သူကတော့ ဒေါ်လာ ၁၈၆ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။
Michter’s 10 Year Kentucky Straight Rye

သက်တမ်း ၁၀ နှစ်ကြာ ဝီစကီလေးကို လက်ဆောင်အဖြစ်ပဲပေးချင်သလား ဒါမှမဟုတ် ကိုယ်တိုင်ကိုယ်ကျပဲ ဝယ်ယူချင်သလား။ ဒါဆိုရင်တော့ ဒီဝီစကီလေးကိုသာ ဝယ်သောက်လိုက်ပါ။ သူ့ဈေးနှုန်းကတော့ ဒေါ်လာ ၁၃၀ ပေးဝယ်ရမှာဖြစ်ပါတယ်။
Johnnie Walker Blue Label

ကွီးတို့ထဲမှာ Johnnie Walker ဖန်တွေရှိပါသလား။ ဒါဆိုရင်တော့ ဒေါ်လာ ၁၃၁ ဒေါ်လာ ပေးဝယ်ရမယ့် ဒီဝီစကီလေးရှိပါတယ်။ အနံ့ရော အရသာပါ ပြီးပြည့်စုံတဲ့ အကောင်းစား ဝီစကီတစ်ခွက်ဖြစ်ပါတယ်။
Old Forester Birthday Bourbon

ဒီဝီစကီလေးကတော့ ဒေါ်လာ ၄၉ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။
Legent Kentucky Straight Bourbon Whiskey

ဒီဝီစကီကတော့ မတူညီတဲ့အရသာနှစ်မျိုးကို ပေါင်းစပ်ကာ ထုတ်လုပ်ထားတဲ့ ဝီစကီလေးပဲဖြစ်ပါတယ်။ သူ့ဈေးနှုန်းကတော့ ဒေါ်လာ ၃၀ ပေးဝယ်ရမှာဖြစ်ပါတယ်။
Laphroaig Cairdeas Port And Wine Casks Single Malt Scotch Whiskey

စကော့ချ်ဝီစကီလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီဝီစကီလေးကို ထပ်ညွှန်းလိုက်ရပါတယ်။ သူကတော့ ဒေါ်လာ ၉၀ ပေးဝယ်ရမှာဖြစ်ပါတယ်။
Source: Thespruceeats
Featured Image: Prestigehaus
