အထိုင်များတဲ့ လူနေမှုဘဝကြောင့် ကျွန်တော်တို့ လူသားများရဲ့ ကျန်းမာရေးသည်လည်း တဖြည်းဖြည်း လျော့ကျလာပါတယ်။ ကျန်းမာရေးနှင့် မညီညွှတ်တဲ့အစားအစာများ စားသုံးခြင်း၊ အစား စားချိန် မမှန်ခြင်းတို့ကြောင့် ကွီး တို့ရဲ့ အစာအိမ် ကျန်းမာရေးသည်လည်း တဖြည်းဖြည်း ထိခိုက်လာပါတယ်။

ကိုယ့်ရဲ့ အစားအစားချိန်ကို ဂရုမစိုက်လေ ကွီး တို့ရဲ့ အစာအိမ် ကျန်းမာရေးသည်လည်း တဖြည်းဖြည်း ပျက်စီးယိုယွင်းလာလေပါပဲ။

ဒါဆိုရင် ကွီး တို့ရဲ့ အစာအိမ် ကျန်းမာရေး မထိခိုက်ရလေအောင် အစားအစာများကို ဘယ်လိုစားသုံးသင့်ပါသလဲ။ အစာအိမ် ကျန်းမာနေအောင် ဘယ်လိုလျှို့ဝှက်နည်းလမ်းများကို သိထားသင့်သလဲ။

အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာများကို များများစားသုံးပါ

fiber

အမျှင်ဓာတ် ကြွယ်ဝသော အစားအစာများသည် အစာအိမ်ရဲ့ အူလမ်းကြောင်းကို ကောင်းမွန်စေပြီး အစာချေစနစ်ကို တိုးတက်လာစေကာ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတဲ့အစားအစာများဆိုလျှင် အရည်ရော အဖတ်များ စားသုံးပေးဖို့ လိုအပ်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတဲ့အစားအစာများကတော့ ပဲအမျိုးမျိုး၊ သံပုရာသီး၊ သံပုယိုသီးကဲ့သို့ အချဥ်ဓာတ် ကြွယ်ဝသော အစားအစာများ၊ အုတ်ဂျုံ၊ အာလူး၊ မုန်လာနီ၊ အခွံမာသီးအမျိုးမျိုး၊ အစေ့အဆံများ စတဲ့အစားအစာများထံမှ အမျှင်ဓာတ်များကို ရရှိနိုင်ပါတယ်။

အဆီဓာတ်လွန်ကဲသော အစားအစာများကို လျော့စားပါ

oil

အဆီများသည် ချေဖျက်ရန်ခက်ခဲပြီး အစာချေစနစ်ရဲ့ အူလမ်းကြောင်းထဲမှာ အချိန်အကြာကြီး ကျန်ရှိနေမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရသော် အဆီဓာတ်များသည် အစာအိမ်ကျန်းမာရေးအတွက် ဆိုးကျိုးများကိုသာ ယူဆောင်လာပေးတာဖြစ်ပါတယ်။ သို့သော် အဆီဓာတ်ကို လုံးဝ ရှောင်ရှားတာမျိုးကိုလည်း မပြုလုပ်သင့်ပါဘူး။ ဥပမာ သစ်သီးများ၊ အပင်ကနေ​ရရှိတဲ့ အဆီဓာတ်များ၊ အသားနှင့် ငါးတို့ထံမှ ရရှိတဲ့အဆီဓာတ်များကိုတော့ မှီဝဲစားသုံးသင့်ပါတယ်။

အစားအစာများကို ကြေညက်အောင် သေချာဝါးစားပါ

ကွီး အစာအိမ်

အစားအစာများကို ကြေညက်စွာ ဝါးစားခြင်းသည်လည်း အစာအိမ်ကျန်းမာရေးအတွက် မဖြစ်မနေပြုလုပ်သင့်တဲ့ ကျန်းမာရေး အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ လူတော်တော်များများသည် အလုပ်များတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အစားအစာများကို ခပ်သွက်သွက်စားသုံးတဲ့အတွက်ကြောင့် အစာအိမ်ကျန်းမာရေးကို ထိလာပါတယ်။ အစားအစားများကို ကြေညက်စွာ ဝါးစားထားတဲ့အတွက်ကြောင့် အစာအိမ်က သူ့တာဝန်ကို သူ ကျေပွန်စွာ လုပ်ဆောင်ရုံပါပဲ။

Probiotics များ မှီဝဲပါ

ကွီး အစာအိမ်

ကျွန်တော်တို့ရဲ့ အစာချေစနစ်အတွက် ကောင်းတဲ့ ဘက်တီးရီးယားသာမက မကောင်းတဲ့ ဘက်တီးရီးယားများသည်လည်း လိုအပ်ပါတယ်။ ထိုဘက်တီးရီးယား နှစ်မျိုးသည် မျှခြေရှိနေမှသာလျှင် အစာအိမ်နှင့် ပတ်သက်တဲ့ ပြဿနာများကို မခံစားရမှာဖြစ်ပါတယ်။ တကယ်လို့ ထိုဘက်တီးရီးယားများသည် မျှခြေမရှိတဲ့အခါ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းချုပ်ခြင်းနှင့် အခြားသော အစာအိမ်နှင့် ပတ်သက်တဲ့ ကျန်းမာရေးပြဿနာများကို ကြုံတွေ့ ခံစားရမှာပဲဖြစ်ပါတယ်။

ရေဓာတ်ပြည့်ဝစွာ နေထိုင်ပါ

ကွီး အစာအိမ်

အစာအိမ်က ကောင်းမွန်စွာ အစာချေဖျက်နိုင်ဖို့ရန်အတွက် ရေသည် မရှိမဖြစ်လိုအပ်ပါတယ်။ တကယ်လို့ ရေကို လုံလောက်စွာ မသောက်သုံးပါက ဝမ်းသွားရ ခက်ခဲခြင်း၊ ဝမ်းချုပ်ခြင်း ပြဿနာများကို ကြုံတွေ့ ခံစားရမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နေ့လျှင် ရေ ၂ လီတာခွဲခန့် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ ချွေးထွက်များတဲ့အခါပဲဖြစ်ဖြစ်၊ ရေ ၂ လီတာခွဲခန့် ပိုပြီး သောက်သုံးဖို့ လိုအပ်ပါတယ်။

Source: Gadhikarclinic

Featured Image: Freepik