ဘောလုံးအားကစားသည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး အားကစားတစ်ခုဖြစ်ပါတယ်။ ဘောလုံးချစ်သူ ကွီး တို့ ဘောလုံးပြိုင်ပွဲများကို တစ်ဝကြီး ကြည့်ရှုနိုင်ဖို့ဆိုရင် အမိုက်စား ဘောလုံးကွင်း တွေရဲ့ အခန်းကဏ္ဍသည်လည်း အရေးကြီးတဲ့ နေရာတစ်ခုမှာ ပါဝင်ပါတယ်။

ဒီဆောင်းပါးလေးထဲမှာတော့ ဘောလုံးချစ်သူ ကွီး တို့ သဘောအကျကြီး ကျသွားစေမယ့် အမိုက်စား ဘောလုံးကွင်း (၁၀) ကွင်းအကြောင်းကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

တောင်အာဖရိကရှိ Soccer City ဘောလုံးကွင်း

ကွီး အမိုက်စား ဘောလုံးကွင်း

ဒီဘောလုံးကွင်းကိုတော့ ၁၉၈၉ ခုနှစ်မှာ စတင်ဆောက်လုပ်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားကျင်းပဖို့ရန်အတွက်ဆိုပြီး ၂၀၀၉ ခုနှစ်မှာ အသစ်ပြန်လည် မွမ်းမံတည်ဆောက်ခဲ့ပါသေးတယ်။

တကယ့်ကို ကြီးကျယ်ခမ်းနားလှပလွန်းတဲ့ ဘောလုံးကွင်းတစ်ခုပဲ ဖြစ်ပါတယ်။

The Maracana

ကွီး အမိုက်စား ဘောလုံးကွင်း

ဒီဘောလုံးကွင်းကတော့ Rio de Janeiro မြို့မှာ တည်ရှိတဲ့ လှပတဲ့ဘောလုံးကွင်းလေးပဲ ဖြစ်ပါတယ်။ ဒီဘောလုံးကွင်းကို ၁၉၅၀ ခုနှစ်တုန်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လူအယောက် ၂ သိန်းနီးပါးခန့် ဝင်ဆံ့တဲ့ ဘောလုံးကွင်းပဲဖြစ်ပါတယ်။

San Siro

ကွီး အမိုက်စား ဘောလုံးကွင်း

ဒီဘောလုံးကွင်းကတော့ အီတလီမြို့မှာတင် ရှိတာဖြစ်ပါတယ်။ ဒီဘောလုံးကွင်းထဲမှာတော့ ခုံပေါင်း ၈၀၀၀၀ ကျော် တည်ရှိပြီး လူအမြောက်အမြားဝင်ဆံ့တဲ့ ဘောလုံးကွင်းတစ်ခုပါ။

Anfield Road

ကွီး အမိုက်စား ဘောလုံးကွင်း

ဒီဘောလုံးကွင်းကတော့ အားလုံးနီးပါးသိကြတဲ့ ဘောလုံးကွင်းတစ်ခုဖြစ်ပြီး အင်္ဂလန်နိုင်ငံမှာတည်ရှိတာဖြစ်ပါတယ်။ Liverpool အသင်းရဲ့ အိမ်ကွင်းဆိုလည်း မမှားပါဘူး။

Santiago Bernabeu

ကွီး အမိုက်စား ဘောလုံးကွင်း

ဒီဘောလုံးကွင်းနာမည်နဲ့ဆိုရင်တော့ စပိန်နိုင်ငံမှာတည်ရှိတာကို အားလုံးသိပြီးကြမှာဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်မျာ ဖွင့်လှစ်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၁ ခုနှစ်တွင် တစ်ကြိမ် အသစ်ပြန်လည်မွမ်းမံခဲ့ပါသေးတယ်။ ဥရောပနိုင်ငံများအတွင်း အကြီးဆုံးဘောလုံးကွင်းတစ်ခုဖြစ်ပါတယ်။

Azteca

ကွီး အမိုက်စား ဘောလုံးကွင်း

ဒီဘောလုံးကွင်းကတော့ မက်ဆီကိုမြို့မှာ တည်ရှိပြီး ပရိသတ်ပေါင်း အယောက် ၁ သောင်း လေးထောင်ခန့် ဝင်ဆံ့ပါတယ်။

Camp Nou

best stadium in the world

စပိန်နိုင်ငံမှာ တည်ရှိပြီး ဘောလုံး ချစ်သူ ကွီး တို့ နှစ်သက်သဘောကျကြတဲ့ အမိုက်စား ဘောလုံးကွင်း များအနက် အဆင့် (၄) နေရာမှာ တည်ရှိတဲ့ ဘောလုံးကွင်းတစ်ခု ဖြစ်ပါတယ်။

Old Trafford

best stadium in the world

လူကြိုက်အများဆုံး နံပါတ် (၃) နေရာမှာ တည်ရှိတာကတော့ အင်္ဂလန်နိုင်ငံရှိ Old Trafford ကွင်းပဲဖြစ်ပါတယ်။

The Allianz Arena

best stadium in the world

လူကြိုက်အများဆုံး ဘောလုံးကွင်းများအနက် နံပါတ် (၂) နေရာမှာ တည်ရှိနေတာကတော့ ဂျာမနီနိုင်ငံရှိ ဘောလုံးကွင်းပဲဖြစ်ပါတယ်။

Wembley

best stadium in the world

ဒီဘောလုံးကွင်းကတော့ အင်္ဂလန်နိုင်ငံမှာ တည်ရှိတာဖြစ်ပါတယ်။ သူ့ရဲ့ အမိုက်စား ဒီဇိုင်းနဲ့ တည်ဆောက်ပုံများကြောင့် လူကြိုက်အများဆုံး နံပါတ် (၁) နေရာမှာ တည်ရှိပါတယ်။

ကွီးတို့လည်း ထိုနိုင်ငံများသို့ အလည်သွားဖြစ်တဲ့အခါ အခုဖော်ပြသွားတဲ့ ဘောလုံးကွင်းများဆီသို့ တစ်ခါတစ်ရောက် အရောက်သွားသင့်ပါတယ်။

Source: Lifebeyondsportmedia

Featured Image Source: Oldtraffordtour