ပါတီပွဲများ ကျင်းပတဲ့အခါ အယ်လ်ကိုဟောဖျော်ရည်များသည် မပါမဖြစ်လိုအပ်တဲ့ ဖျော်ရည်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကွီး တို့သည် စိတ်ဖိစီးစရာများကို ပြေပျောက်ချင်တဲ့အခါပဲဖြစ်ဖြစ် ပျော်ရွှင်စရာကိစ္စတစ်ခုခု ဆင်နွှဲချင်တဲ့အခါမျိုးပဲဖြစ်ဖြစ် အယ်လ်ကိုဟော ဖျော်ရည်များ သောက်သုံးကာ ဆင်နွှဲလေ့ ရှိကြပါတယ်။

ကွီးတို့ အသည်းစွဲ ကြိုက်နှစ်သက်ကြတဲ့ အယ်လ်ကိုဟော ဖျော်ရည်တွေကလည်း အမျိုးအစားအမျိုးမျိုး၊ ဘရန်းအမျိုးမျိုး ရှိကြတဲ့အတွက်ကြောင့် ရွေးချယ်စရာတွေကလည်း အများကြီးပဲမဟုတ်လား။ ထိုများပြားလှတဲ့ အယ်လ်ကိုဟောဖျော်ရည်အများကြီးထဲကမှ အဓိကအကျဆုံး ဖျော်ရည် (၈) မျိုးကတော့…..

ဗော့ကာ

ကွီး အယ်လ်ကိုဟော

ဗော့ကာကတော့ အာလူးနှင့် စီရီရယ်တို့ကို အချဉ်ဖောက်ထားကာ ပြုလုပ်ထားတာဖြစ်ပါတယ်။ အချို့သောဘရန်းများကတော့ သစ်သီးများ (သို့) သကြားကို အခြေခံကာ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

ဗော့ကာချစ်သူ ကွီး တို့သည် ဗော့ကာသီးသန့် သောက်သုံးကြတာလည်းရှိသလို Martini ၊ Bloody Mary နှင့် Cosmopolitan အစရှိတဲ့ အယ်လ်ကိုဟော ကော့တေးများအဖြစ်လည်း သောက်သုံးကြပါသေးတယ်။

ဝီစကီ

ကွီး အယ်လ်ကိုဟော

ဝီစကီအကောင်းစား တစ်ပုလင်းမှာ အယ်လ်ကိုဟောပါဝင်မှုနှုန်း ၄၀ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။ ဝီစကီကို အချဉ်ဖောက်ရာမှာ ဘာလီ၊ ပြောင်းဖူး၊ ဂျုံနှင့် Rye အစရှိတဲ့ အစေ့အဆံများကို အဓိကထားကာ အချဉ်ဖောက်လုပ်လေ့ရှိကြပါတယ်။ Classic ဆန်ဆန် အထိအတွေ့လေးကို ခံစားချင်ကြသူများကတော့ ဝီစကီ သောက်သုံးလေ့ ရှိကြပါတယ်။

ဘရန်ဒီ

ကွီး အယ်လ်ကိုဟော

Photo: Manofmany

ဘရန်ဒီကိုတော့ ညစာ စားပြီးတဲ့အချိန်မှာ အများဆုံး သောက်သုံးလေ့ရှိ ကြပါတယ်။ သူ့ထဲမှာတော့ အယ်လ်ကိုဟော ပါဝင်မှုနှုန်း ၃၅ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။

Vermouth

ကွီး အယ်လ်ကိုဟော

ဒီအယ်လ်ကိုဟောဖျော်ရည်ဖော်စပ်တဲ့အခါ သစ်ဥသစ်ဖုများ၊ အခြားသော ဆေးဖက်ဝင်အပင်များ၊ ဟင်းခပ်အမွှေးအကြိုက်များ အစရှိတဲ့ ပါဝင်ပစ္စည်းမျိုးစုံအပြင် ဘရန်ဒီအနည်းငယ်လည်း ထပ်ထည့်လေ့ရှိကြပါတယ်။ တစ်နည်းအားဖြင့်တော့ Vermouth သည် အနံ့အရသာသင်းပျံ့တဲ့ ဝိုင်တစ်မျိုးလိုပါပဲ။

ဘီယာ

ကွီး အယ်လ်ကိုဟော

ဘီယာကတော့ ကွီး တို့အနှစ်သက်ဆုံး အယ်လ်ကိုဟော ဖျော်ရည်တစ်မျိုးပဲဖြစ်ပါတယ်။ ဘီယာဘရန်းများ အများအပြားရှိကြတဲ့အတွက်ကြောင့် ရွေးချယ်စရာတွေကလည်း မနည်းမနောပါပဲ။

ဝိုင်

wine

တစ်နေ့လျှင် ဝိုင်တစ်ခွက်ခန့် သောက်သုံးပေးခြင်းသည် ကျန်းမာရေးနှင့် ညီညွှတ်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။ ဝိုင်ထဲမှာလည်း ဝိုင်ဖြူ၊ ဝိုင်နီ၊ စပါကလင်ဝိုင် စသည်ဖြင့် အမျိုးအစား အများအပြား ထပ်ခွဲနိုင်ပါသေးတယ်။ ကိုယ့်ရဲ့ အကြိုက်ပေါ် မူတည်ပြီး ဝိုင်များကိုလည်း ရွေးချယ်သောက်သုံး နိုင်ပါတယ်။

ရမ်

wine

ကြံကို အဓိကထားကာ ထုတ်လုပ်ထားတဲ့ အယ်လ်ကိုဟောဖျော်ရည်တစ်မျိုးပဲ ဖြစ်ပါတယ်။ စည်ကြီးထဲမှာ ကြာကြာသိုလှောင်ထားလေလေ အရသာပိုရှိလေပါပဲ။

ဂျင်

wine

Photo: Delish

စုံလင်လှတဲ့ အရသာမျိုးစုံကို တစ်မျိုးတည်းနဲ့ သောက်သုံးချင်တယ်ဆိုရင်တော့ ဂျင်ကို ရွေးချယ်သင့်ပါတယ်။ ဂျင်ထဲမှာတော့ အယ်လ်ကိုဟော ပါဝင်မှုနှုန်း ၃၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။

ကွီးတို့ရော အယ်လ်ကိုဟောဖျော်ရည်အများအပြားထဲကမှ ဘယ်ဖျော်ရည်ကို အကြိုက်ဆုံးလဲ။

Source: Economictimes

Featured Image: Medicalnewstoday