ကိုယ့်ရဲ့ ရှိရင်းစွဲအသက်ထက် ဆယ်ဆလောက် ပိုမိုငယ်ရွယ်နုပျိုသွားအောင် ဖန်တီးချင်တဲ့ ကွီး တို့အတွက် အရွေးချယ်သင့်ဆုံး ဖက်ရှင်ကတော့ အရောင်နု ဖက်ရှင် တွေပဲဖြစ်ပါတယ်။

ကွီး တို့အတွက် အရောင်နု ဖက်ရှင် တွေသည် ကိုယ့်ရဲ့သွင်ပြင်ကို ပိုမိုငယ်ရွယ်သယောင်ဖြစ်အောင် ကူညီပေးမှာဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ အရောင်နု ဖက်ရှင်တွေကို ဘယ်လိုရွေးချယ်ကာ စတိုင်လ်ကျအောင် ဝတ်ဆင်သင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

အပြာနုဖက်ရှင်

pastel fashion for kwee

ဒီဖက်ရှင်လေးကတော့ အပြာနုရောင်ကို အသားပေးထားတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ သူ့လိုပဲ အရောင်နုတစ်မျိုးဖြစ်တဲ့ အဖြူရောင်နဲ့ တွဲဖက်ဝတ်ဆင်ပေးနိုင်ပါတယ်။

ပန်းနုရောင်တီရှပ်ဖက်ရှင်

pastel fashion for kwee

ကွီး တို့အတွက် ပန်းနုရောင်နဲ့ လိမ္မော်ရောင် နှစ်ရောင်စပ်ထားတဲ့ အရောင်နု ဖက်ရှင်လေးဖြစ်ပါတယ်။ အနက်ရောင်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။

စမတ်ကျကျဖက်ရှင်

pastel fashion for kwee

စမတ်ကျကျဖက်ရှင်မျိုး ဖန်တီးချင်တဲ့အခါ ဒီလိုဝတ်ဆင်ပေးလိုက်ပါ။

ဘောင်းဘီတိုများနှင့် ရွေးချယ်ဝတ်ဆင်ပါ

pastel fashion for kwee

ဘောင်းဘီတိုဖက်ရှင်များကတော့ ဝတ်ဆင်ရတာ သက်သောင့်သက်သာရှိပြီး ဖက်ရှင်လည်းကျစေတဲ့ စတိုင်လ်တစ်ခုဖြစ်ပါတယ်။

လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်စတိုင်လ်

pastel fashion for kwee

လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်မျိုး ကြိုက်နှစ်သက်ပါက ဒီလိုလေး ရွေးချယ်ဝတ်ဆင်နိုင်ပါသေးတယ်။

နွေရာသီနှင့် လိုက်ဖက်တဲ့ ဖက်ရှင်စတိုင်လ်

ကွီး အရောင်နု ဖက်ရှင် ကွီး အရောင်နု ဖက်ရှင်

နွေရာသီအတွက် ဘယ်လို အရောင်နုဖက်ရှင်မျိုး ရွေးချယ်ရမလဲမသိဘူးဆိုရင်တော့ ဒီလိုလေး ဆင်မြန်းလိုက်ပါ။

ပွဲတက်ဖက်ရှင်

ကွီး အရောင်နု ဖက်ရှင်

ပွဲတက်အခမ်းအနားတွေအတွက်ဆိုရင်တော့ ဒီလိုမျိုး ရှိုးစမိုးအပြည့်နဲ့ စတိုင်လ်ထုတ်လိုက်ပါ။

Streetwear ဖက်ရှင်

ကွီး အရောင်နု ဖက်ရှင်

Streetwear ဖက်ရှင်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ Cargo ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

နှစ်ရောင်စပ်ဖက်ရှင်

ကွီး အရောင်နု ဖက်ရှင်

ဒီဖက်ရှင်ကတော့ အင်္ကျီတစ်ထည်၊ ဘောင်းဘီတစ်ထည်တည်းကိုပဲ နှစ်ရောင်စပ်ဖန်တီးထားတဲ့ ဖက်ရှင်တစ်ခုပေါ့။

Luxury ဆန်တဲ့ဖက်ရှင်

ကွီး အရောင်နု ဖက်ရှင်

ကွီးတို့အတွက် ဒီဖက်ရှင်စတိုင်လ်လေးက Luxury ဆန်တဲ့ အငွေ့အသက်ကို ခံစားရစေမှာအမှန်ပါပဲ။

ကွီးတို့ရော အခုဖော်ပြသွားခဲ့တဲ့ စတိုင်လ်အမျိုးအစား အများကြီးထဲက ဘယ်ဖက်ရှင်ကို အနှစ်သက်ဆုံးဖြစ်မလဲ။

Source: Readersdigest.co.uk

Featured Image: Outfittrends