ကိုယ့်ဖက်ရှင်ကို ကိုယ့်စိတ်ကြိုက်ဖန်တီးပုံဖော်နိုင်ပါတယ်။ သို့သော် ကိုယ်ဖန်တီးလိုက်တဲ့ဖက်ရှင်သည် ကိုယ့်ကို စတိုင်လ်ကျအောင် ကူညီပေးရမှာဖြစ်ပါတယ်။ ကွီး တို့အနေနဲ့ အမြဲတမ်းဆွဲဆောင်မှုရှိချင်တယ်ဆိုရင် မဝတ်ဆင်သင့်တဲ့ အဝတ်အစား ဖက်ရှင် စတိုင်လ် (၅) မျိုးရှိပါတယ်။

ဘယ်လိုဖက်ရှင်စတိုင်လ်တွေက ကွီးတို့ကို ပုံပျက်သွားစေသလဲ။

ဟာသစာတမ်းများ ရိုက်နှိပ်ထားတဲ့ တီရှပ်တွေ

ကွီး အဝတ်အစား ဖက်ရှင် စတိုင်လ်

သင်သည် ဟာသဉာဏ်ရွှင်ကောင်း ရွှင်ပါလိမ့်မယ်။ သို့သော် ကိုယ့်ရဲ့ဖက်ရှင်ကို ဟာသဆန်တဲ့အရာတစ်ခုအဖြစ် မပြောင်းလဲလိုက်ပါနဲ့။ သင့်အနေနဲ့ ဒီလိုအင်္ကျီမျိုးကို ဝတ်ဆင်ထားချိန်မှာ သင့်ဘေးနားက ဖြတ်သွားတဲ့လူတွေက ပြုံးစိစိနဲ့ လုပ်ကောင်းလုပ်ပါလိမ့်မယ်။ ဒီ့ထက်တော့ မပိုပါဘူး။

ဒါ့ကြောင့် ကွီး တို့ရဲ့ အဝတ်အစား များကို ဟာသစာတမ်းများ မပါတဲ့ ရိုးရိုးတီရှပ်များဖြင့် ကိုယ့်ရဲ့ ဖက်ရှင် စတိုင်လ် ကို အဆင့်မြင့်လိုက်ပါ။

ပိုလိုရှပ်အင်္ကျီ ဝတ်ဆင်တဲ့အခါ

ကွီး အဝတ်အစား ဖက်ရှင် စတိုင်လ်

ပိုလိုရှပ်အင်္ကျီများသည်လည်း ပေါ့ပါးလွတ်လပ်ပြီး ဝတ်ဆင်လို့ကောင်းတဲ့အပြင် လူငယ်ဆန်တဲ့အသွင်ကို ရရှိစေပါတယ်။ သို့သော် ကန့်လန့်အစင်းကျား ပိုလိုရှပ်များကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုအဆင်တွေက သင့်ရဲ့ဆွဲဆောင်မှုကို လျော့ကျသွားစေပြီး သင့်ကို အရပ်ပုသွားစေကာ ဝသွားသယောင် ပေါက်စေပါတယ်။ သင့်အနေနဲ့ အစင်းကျားဖက်ရှင်တွေ ကြိုက်တယ်ဆိုရင်တော့ ဒီလိုများ အစင်ကျားအကြီးကြီးတွေ မဟုတ်ဘဲ ဒေါင်လိုက် အစင်းကျားသေးသေးလေးတွေကိုသာ ဝတ်ဆင်သင့်ပါတယ်။

ဂျင်းအပွဖက်ရှင်များ

ကွီး အဝတ်အစား ဖက်ရှင် စတိုင်လ်

သင့်ရဲ့ ခန္ဓာကိုယ် ဆိုဒ်ထက် ပိုကြီးတဲ့ ဂျင်းဘောင်းဘင်းများသည် သင့်ရဲ့ဖက်ရှင်ကို ပျက်ယွင်းသွားစေပါတယ်။ ဂျင်းအပွဝတ်ပြီး မှတ်ထဲမှာသာ ကိုယ့်ကိုယ့်ကိုယ် ပြန်ကြည့်လိုက်ပါ။

ဒီလိုဂျင်းအပွကြီးတွေ ဝတ်မယ့်အစား ကိုယ့်နဲ့ Fit Size ဖြစ်မယ့် ဂျင်းများကိုသာ သေချာရွေးချယ်ဝယ်ယူကာ ကိုယ့်ကိုယ့်ကိုယ် ဖက်ရှင်ကျအောင် ဖန်တီးလိုက်ပါ။

အရောင်မညီညာတဲ့ တီရှပ်များ

FASHION MISTAKES FOR KWEE

သင့်ရဲ့ တီရှပ်သည် အစကတည်းက အရောင်မညီညာတဲ့ ဒီဇိုင်းမျိုး ဖြစ်ချင်လည်း ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် အဝတ်လျှော်တဲ့အခါ အခြားအင်္ကျီအရောင်တွေ စွန်းထင်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖက်ရှင်ဝတ်ဆင်ထားတဲ့အခါ သင့်ရဲ့အသွင်ကို ကလေးကလားဆန်သွားစေပြီး အရေးကြီးတဲ့အခမ်းအနားသွားတဲ့အခါမျိုးတွေမှာ ဒီလိုတီရှပ်ကို ရှောင်ကြဉ်သင့်ပါတယ်။

ဇစ်ကို အပေါ်ဆွဲရတဲ့ အဝတ်အစားများ

FASHION MISTAKES FOR KWEE

ဒီအဝတ်အစားကို ဝတ်ရတာ သက်သောင့်သက်သာရှိတာတော့ အမှန်ပါပဲ။ သို့သော် သင်သည် ဒီအဝတ်အစားကြီးကို ဝတ်ပြီး ကွန်ပျူတာရှေ့မှာ ထိုင်အလုပ်လုပ်၊ ညရောက်တော့ ဒီအင်္ကျီနဲ့ပဲ အိပ်ရာဝင် မနက် ပြန်ထ၊ ထိုအင်္ကျီပဲ ထပ်ဝတ်ထားသလို ထင်ရစေပါတယ်။ ဒါ့ကြောင့် ဒီလိုအဝတ်အစားမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

Source: Ties

Featured Image: Luxatic