အသည်းဟာ အလွန်ရှုပ်ထွေးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်အတွက် လုပ်ဆောင်ချက်ပေါင်း ၅၀၀ ကျော်ကို လုပ်ဆောင်ပေးနေတဲ့ အဓိကအရေးပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အသည်းရဲ့ အဓိက လုပ်ဆောင်ချက်တွေက အကြီးမားဆုံးကတော့ ခန္ဓာကိုယ်ထဲက မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးတာဖြစ်ပါတယ်။ အသည်းကျန်းမာရေးကို ဂရုမစိုက်ဘူးဆိုရင် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့လာရနိုင်ပြီး အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာ ကွီး တို့ ရဲ့  အသည်း ကျန်းမာရေး ကို ကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်တဲ့ စားသင့်တဲ့ အစားအစာ ၅ မျိုး အကြောင်းကို မျှဝေပေးမှာ ဖြစ်ပါတယ်။

(၁) ဘလူးဘယ်ရီ

Photo : Medical News Today

ဘလူးဘယ်ရီသီးတွေမှာ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာ ပါဝင်ပါတယ်။ ဘလူးဘယ်ရီ အပါအဝင် အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံ တော်တော်များများဟာ အသည်း ရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး အသည်း ကျန်းမာရေး အတွက် အထောက်အပံ့ဖြစ်စေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

(၂) ကြက်သွန်ဖြူ


Photo : Jewish Unpacked

ကြက်သွန်ဖြူဟာ ခန္ဓာကိုယ် ကျန်းမာရေး အတွက် အထူးကောင်းမွန်ပြီး အသည်း ကို အဆိပ်အတောင်ကင်းစင်အောင် သန့်ရှင်းပေးတဲ့ အကောင်းဆုံး အစားအစာတစ်ခု ဖြစ်ပါတယ်။ ကြက်သွန်ဖြူကို ဟင်းချက်ရာမှာ ထည့်စားနိုင်သလို အမွှာလိုက် စားမယ်ဆိုရင်လည်း အထူးသင့်လျော်ပါတယ်။

(၃) Oatmeal


Photo : Recetasi

Oatmeal မှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ပြီး ကိုလက်စထရောကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ Oatmeal ဟာ အာဟာရပြည့်ဝတဲ့ အကောင်းဆုံး မနက်စာတစ်ခွက်အဖြစ် လူသိများပြီး အဆီပိုတွေ လျော့ချပေးနိုင်ရုံမကပဲ အသည်း ကျန်းမာရေး ကိုပါ ကောင်းမွန်စေပါတယ်။ သုတေသီတွေကတော့ Oatmeal ပုံမှန်စားခြင်းဟာ အသည်း ကင်ဆာဖြစ်နိုင်ခြေကိုပါ လျော့ကျစေတယ်လို့ ဆိုထားပါတယ်။

(၄) ဂရိတ်ဖရုသီး


Photo : Being The Parent

ဂရိတ်ဖရုသီးမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဗီတာမင် စီနဲ့ antioxidant တွေများစွာပါ ဝင်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်ထက်မနည်း ဂရိတ်ဖရုသီး ပုံမှန်စားပေးမယ်ဆိုရင် အသည်း ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပြီး အဆိပ်အတောက်တွေ ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ ဂရိတ်ဖရုသီးကို အသီးအတိုင်း စားနိုင်သလို ဖျော်ရည်အဖြစ်လည်း လုပ်သောက်နိုင်ပါတယ်။

(၅) အခွံမာသီး


Photo : Medical News Today

အခွံမာသီးတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အသည်း ကျန်းမာရေး အတွက် အရမ်းကို အကျိုးရှိပါတယ်။ အခွံမာသီး ပုံမှန်စားပေးမယ်ဆိုရင် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးတဲ့အပြင် အသည်း ရောဂါ ဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အထူးသဖြင့် အခွံမာသီးတွေထဲက သစ်ကြားသီးဟာ အသည်းအဆီဖုံး ရောဂါဖြစ်နိုင်ခြေကိုတောင် လျှော့ချပေးနိုင်စွမ်းရှိပါတယ်။

အခုပြောပြပေးတဲ့ အစားအစာတွေကတော့ ကွီး တို့ အသည်း ကျန်းမာရေး အတွက် စားပေးသင့်တဲ့ အကောင်းဆုံး အစားအစာ တွေပဲ ဖြစ်ပါတယ်။ အသည်း ကျန်းမာရေး ကိုထိခိုက်စေနိုင်တဲ့ အရက် ၊ အဆီများတဲ့ အစားအစာတွေ ၊ သကြား နဲ့ ဆား ပါဝင်မှုများတဲ့ အစားအစာတွေကို အလွန်အကျွံစားသုံးခြင်းအား အထူးရှောင်ကြဉ်ဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Camposol