အိပ်ရေး မဝခြင်းသည် ခန္ဓာကိုယ်ကျန်းမာရေးရော ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုပါ လျော့ကျစေပါတယ်။ ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းသွားတဲ့အတွက်ကြောင့် လေ့လာသင်ယူမှုပိုင်းမှာ အားနည်းသွားပြီး မှတ်ဉာဏ်ကျဆင်းခြင်း၊ စိတ်အပြောင်းအလဲ အတက်အကျမြန်ခြင်း စသည်တို့ ခံစားရတတ်ပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ဒီလို အိပ်မပျော်တဲ့ရောဂါ ခံစားနေရတဲ့ ကွီး တို့အတွက် မြန်မြန်ဆန်ဆန် အိပ်မော ကျစေမယ့် နည်းလမ်းကောင်းများ ရှိပါတယ်။

အခန်းရဲ့ အပူချိန်ကို လျော့ချပါ

sleep and man

Photo: Hitechcentury

ကွီး တို့သည် အိပ်ရာပေါ်မှာ လှဲလျောင်းလိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်အပူချိန်က ကျသွားပြီး အိပ်မော ကျသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ တကယ်လို့ အခန်းရဲ့ အပူချိန်က အရမ်းပူနေမယ်ဆိုရင် အိပ်ပျော်ဖို့အတွက် ခက်ခဲသွားပါလိမ့်မယ်။ ဒါ့ကြောင့် ကွီး တို့အနေနဲ့ ညဘက်မှာ မြန်မြန်ဆန်ဆန် အိပ်မော ကျချင်တယ်ဆိုရင် အခန်းရဲ့ အပူချိန်ကို လျော့ချထားတာမျိုး (သို့) ညအိပ်ခါနီးမှာ ရေနွေးနွေးဖြင့် ရေချိုးပေးတာမျိုးတို့ကို ပြုလုပ်နိုင်ပါတယ်။

၄-၇-၈ နည်းလမ်းကို အသုံးပြုပါ

sleep and man

ဒီနည်းလမ်းကတော့ အိပ်စက်ခါနီးမှာ ပြုလုပ်ရမယ့် အသက်ရှူနည်းပဲဖြစ်ပါတယ်။

၁။ လျှာဖျားကို အပေါ်သွားနဲ့ အာခေါင်နားမှာ ထားပါ။

၂။ ထို့နောက် ပါးစပ်ကနေ ဝူးခနဲ အသံမြည်သွားအောင် အသက်ရှူထုတ်လိုက်ပါ။

၃။ ပါးစပ်ပြန်ပိတ်ပြီး နှာခေါင်းကနေ အသက်ရှူသွင်းပါ။ ၁ ကနေ ၄ အထိ စိတ်ထဲကနေ ရေတွက်နေပါ။

၄။ ထို့နောက် ၁ ကနေ ၇ အထိ ရေတွက်နေကာ အသက်အောင့်ထားပါ။

၅။ တစ်ဖန် ပါးစပ်ဖွင့်ကာ ဝူးခနဲ မြည်သွားအောင် အသက်ရှူထုတ်လိုက်ပါ။ အသက်ရှူထုတ်ချိန်ကိုလည်း ၁ ကနေ ၈ အထိ ဖြည်းဖြည်းချင်းရေတွက်ကာ ရှူထုတ်ရပါမယ်။

အခန်းကို အမှောင်ချထားပါ

sleep and man

Photo: iStock

အလင်းရောင်သည် သင့်ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းနာရီအပေါ် လွှမ်းမိုးမှုရှိပြီး အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ မနက်ပိုင်းမှာ နေ့အလင်းရောင်နှင့် လျှပ်စစ်မီးအရောင်တို့ကို ထိတွေ့ပြီးတဲ့နောက်မှာတော့ ညဘက်အိပ်စက်ခါနီးကျရင် အခန်းကို မီးပိတ်ကာ အိပ်စက်လိုက်ပါ။ ကွီး တို့ မြန်မြန် အိပ်မော ကျသွားတာကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ အမှောင်ချထားတာကို မနှစ်သက်ဘူးဆိုရင်တော့ မီးအိမ် မှိန်ပျပျလေး ဖွင့်ထားကာ အခန်းရဲ့ အလင်းရောင်ကို လျော့ချနိုင်ပါတယ်။

စိတ်တည်ငြိမ်စေမယ့် လေ့ကျင့်ခန်းများ ပြုလုပ်ပါ

ကွီး အိပ်မော

ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ရန်အတွက် အတွေးမလွန်ဖို့ လိုအပ်ပါတယ်။ အတွေးများ ဟိုရောက် ဒီရောက်မဖြစ်စေဖို့ရန်အတွက် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း အစရှိတဲ့ စိတ်တည်ငြိမ်စေမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။

နာရီကို ခဏခဏ မကြည့်ပါနဲ့

ကွီး အိပ်မော

အိပ်မပျော်လို့ နာရီကြည့်လိုက်၊ နာရီကြည့်လို့ အိပ်မပျော်လိုက်ဖြင့် သံသရာစက်ဝန်းသည် အမြဲတစေလည်ပတ်နေတာဖြစ်ပါတယ်။ တဖြည်း ဖြည်းနဲ့ အိပ်စက်ချိန်က နည်းပါးလာပါလားလို့ စိတ်ပူပန်ကာ ပိုပြီး အိပ်စက်မရဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အချိန်နာရီကို မေ့ထားပြီး အိပ် ပျော်ဖို့သာ ကြိုးစားလိုက်ပါ။

နေ့လည်နေ့ခင်းမှာ အကြာကြီး မအိပ်ပါနဲ့

ကွီး အိပ်မော

နေ့လည်နေ့ခင်းမှာ ၂ နာရီထက်ပိုပြီး အိပ်စက်ခြင်းသည် ညဘက် အိပ်စက်ချိန်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါ့အပြင် ညနေ ၆ နာရီနဲ့ ည ၉ နာရီကြားထဲမှာလည်း တရေးတမော အိပ်စက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ထိုအချိန်ကြားမှာ အိပ်စက်ခြင်းသည် ကွီး တို့အတွက် ညဘက်မှာ အိပ်မော မကျအောင်ဖြစ်စေနိုင်ပါတယ်။

Source: Healthline

Featured Image: Timesofisrael