လူအယောက်တစ်ရာမှာ ၃၀ ခန့်သည် အိပ်မရခြင်းရောဂါဝေဒနာကို ခံစားနေရတာဖြစ်ပါတယ်။ ကွီး တို့လည်း ထိုအယောက် ၃၀ ထဲမှာ ပါနေတယ်ဆိုရင် ကိုယ့်ကို အိပ်ရေး ဝဝ မ အိပ်စက် နိုင်အောင်လို့ နှောင့်ယှက်နေတဲ့အရာတွေက ဘယ်အရာတွေဖြစ်မလဲဆိုတာကို ပြန်လည်စဉ်းစားသုံးသပ်သင့်ပါတယ်။

အချို့ဆိုရင် အိပ်မရလွန်းတဲ့အတွက်ကြောင့် အိပ်ဆေးသောက်ကာ အိပ်စက်နေရတဲ့အထိ ရောဂါပြင်းထန်ပါတယ်။ အိပ်ဆေးကို ရေရှည်မှီဝဲခြင်းသည်လည်း နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်တာကြောင့် ကိုယ့်ရဲ့အိပ်စက်မှုစက်ဝန်းကို သဘာဝအတိုင်းပြန်လည်မှန်ကန်လာအောင် ကြိုးစားသင့်ပါတယ်။

ဒါဆိုရင် ကွီး တို့ကို အိပ်ရေး ဝဝ မ အိပ်စက် နိုင်အောင်လို့ တားဆီးနှောင့်ယှက်နေတဲ့ အရာများကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

အိပ်ရာခင်းများ၊ ခေါင်းအုံးစွပ်များကြောင့်

ကွီး အိပ်ရေး အိပ်စက်

သဘာဝကုန်ကြမ်းများနဲ့ ထုတ်လုပ်ထားတဲ့ အိပ်ရာခင်းများ၊ ခေါင်းအုံးစွပ်များသည် ခန္ဓာကိုယ်ကို ပိုမိုအေးမြစေပြီး အသက်ရှူရလွယ်ကူအောင် ကူညီပေးနိုင်ပါတယ်။ ထိုအိပ်ရာခင်းများသည် အစိုဓာတ်ကို ပိုမိုထိန်းထားပေးနိုင်ပါတယ်။ ဒါ့ကြောင့် အခုနောက်ပိုင်းများ လူတော်တော်များများသည် ချည်သားခေါင်းအုံးစွပ်များ၊ အိပ်ရာခင်းများ၊ ပိုးထည်ခေါင်းအုံးစွပ်များကို အသုံးပြုလာကြတာဖြစ်ပါတယ်။ ထိုအိပ်ရာခင်းများသည် အိပ်စက်ရာတွင် အေးမြတဲ့ခံစားချက်ကို ပေးစွမ်းအောင် ကူညီပေးပါတယ်။

ခေါင်းလိမ်းဆီများကြောင့်

ကွီး အိပ်ရေး အိပ်စက်

ခေါင်းလိမ်းဆီများ၊ Essential Oil များသည်လည်း သင့်ကို အိပ်ရေးပျက်အောင် ပြုလုပ်နေတယ်ဆိုတာကို သင် သိပါသလား။ လာဗန်ဒါရနံ့ Essential Oil များကို စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကူညီပေမယ့် Citrus အဆီများကတော့ သင့်ကို နိုးကြားနေစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ခေါင်းလိမ်းဆီများ အသုံးပြုတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အိပ်ခန်း မွှေးပျံ့နေအောင် ပြုလုပ်တဲ့အခါ ဘယ်လိုမွှေးရနံ့တွေကို အသုံးပြုမလဲဆိုတာ လေ့လာထားသင့်ပါတယ်။

သိုင်းရွိုက်ပြဿနာများကြောင့်

ကွီး အိပ်ရေး အိပ်စက်

သိုင်းရွိုက်ပြဿနာ ရှိတဲ့သူတွေသည် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘဲ ကြက်အိပ် ကြက်နိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မနက်နိုးလာတဲ့အခါ လန်းဆန်းတက်ကြွနေရမယ့်အစား ပင်ပန်းနွမ်းနယ်နေတာပါ။

မဂ္ဂနီစီယမ် ချို့တဲ့ခြင်းကြောင့်

magnesium rich food for kwee

Photo: HealthifyMe

မဂ္ဂနီစီယမ် ချို့တဲ့ခြင်းသည်လည်း သင့်ရဲ့ ခန္ဓာကိုယ်ကို ကောင်းစွာအနားမယူနိုင်အောင် အနှောင့်အယှက်ဖြစ်စေပါတယ်။ တကယ်လို့သင့်မှာ မဂ္ဂနီစီယမ်ဓာတ် ချို့တဲ့နေမယ်ဆိုရင် ကြွက်သားများ နာကျင်နေမှာဖြစ်ပြီး ညဘက်မှာ ကောင်းကောင်း အိပ်ပျော်မှာမဟုတ်ပါဘူး။

အိပ်ခန်းထဲတွင် အပင်များ ထားရှိခြင်းကြောင့်

indoor plants for kwee

Photo: Gardening etc

ကိုယ့်ရဲ့အိပ်ခန်းထဲမှာ အပင်တွေ ထားရှိမယ်ဆိုရင် သေချာလေ့လာကြည့်သင့်ပါတယ်။ အချို့သော အိမ်တွင်းအပင်များသည် လူသားများအတွက် အဆိပ်အတောက်ဖြစ်စေပါတယ်။ တကယ်လို့ သင့်မှာ ရင်ကြပ်ရောဂါ ရှိတယ်ဆိုရင် အိမ်တွင်းအပင်များက သင့်အတွက် အန္တရာယ်ကြီးတစ်ခုပါပဲ။ ဒါ့အပြင် ပန်းအိုးထဲက မြေကြီးထဲမှာ မှိုနှင့် အခြားသော ဘက်တီးရီးယားများ ကိန်းအောင်းနေတဲ့အတွက်ကြောင့် သင့်ကျန်းမာရေးကို ထိခိုက်စေပြီး အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေမှာ အမှန်ပါပဲ။

Source: Brightside

Featured Image: Sustainableman