ကွီး တို့အိမ်ရှိ ပစ္စည်းပစ္စယအတိုအထွာများဖြင့် DIY ရွှေရောင် မီးအိမ်ငယ် တစ်ခု ဖန်တီးနိုင်တယ်ဆိုတယ်ဆိုတာ သိပြီးပါပြီလား။

ကွီး တို့ စိတ်ကြိုက် DIY မီးအိမ်ငယ် ကိုယ်ပိုင်ဒီဇိုင်းများဖြင့် ဖန်တီးပြုလုပ်နိုင်သလို အခုဖော်ပြပေးမယ့် နည်းလမ်းအသုံးပြုကာ ဖန်တီးပြုလုပ်နိုင်ပါတယ်။

လိုအပ်မယ့် ပစ္စည်းများကတော့ …

ကွီး DIY မီးအိမ်ငယ်

  • ၄ လက်မ ပတ်လည် သစ်သားတုံး ၁ တုံး
  • သစ်သားအပေါက်ဖက်မယ့် Drill
  • အအေးသောက်တဲ့အခါ အသုံးပြုတဲ့ ပလပ်စတစ်ပိုက်
  • ဝါယာကြိုး
  • ပလာယာ (သို့) ကတ်ကြေး
  • ရွှေရောင်ဆေးမှုတ်စပရေး
  • ဖယောင်း (သို့) မိမိကြိုက်နှစ်သက်ရာ ဆေးရောင်တစ်မျိုးမျိုး

ပြုလုပ်နည်း အဆင့်ဆင့်

ကွီး DIY မီးအိမ်ငယ်

အဆင့် (၁) အရင်ဦးဆုံး ဝါယာကြိုးများ ချိတ်ဆက်ဖို့ရန်အတွက် သစ်သားတုံးကို အပေါ်ပိုင်းနှင့် ဘေးဘက်ပိုင်းကို အပေါက်ဖောက်ပေးလိုက်ပါ။

ကွီး DIY မီးအိမ်ငယ်

အဆင့် (၂) ဟိုဘက် ဒီဘက် နှစ်ဖက်စလုံးကို သေချာချိတ်ဆက်မိသွားအောင် သေချာအပေါက်ဖောက်ပြီးတဲ့နောက်မှာတော့ ဝါယာကြိုးကို ချိတ်ဆက်ပေးလိုက်ပါ။

ကွီး DIY မီးအိမ်ငယ်

အဆင့် (၃) မီးလုံးအိမ်ကို သစ်သားတုံးပေါ် ပုံပါအတိုင်း သွင်းလိုက်ပါ။

ထို့နောက် ဝါယာကြိုးကို သေသေချာချာထုံးပေးလိုက်ပါ။

ကွီး DIY မီးအိမ်ငယ်

အဆင့် (၄) နောက်တစ်ဆင့်မှာတော့ မီးလုံးလေးကို သေချာချိတ်ဆက်ပေးရမှာဖြစ်ပါတယ်။

ကွီး DIY မီးအိမ်ငယ် ကွီး DIY မီးအိမ်ငယ်

အဆင့် (၅) သစ်သားတုံးကို အရောင်ကြည်ကြည်လင်လင်လေးနဲ့ တောက်ပြောင်သွားစေချင်တယ်ဆိုရင် ဖယောင်းအသုံးပြုကာ သုတ်လိမ်းပေးလိုက်ပါ။

ကွီး DIY မီးအိမ်ငယ်

အဆင့် (၆) ထို့နောက် ဝါယာကြိုးကို ပလပ်ခေါင်း တပ်ပြီးတဲ့နောက်မှာ မီး လင်း မလင်း စမ်းသပ်ကြည့်လိုက်ပါ။

ကွီး DIY မီးအိမ်ငယ်

အဆင့် (၇) ထို့နောက် ပိုက်များကို အညီအမျှ ပိုင်းဖြတ်ထားလိုက်ပါ။

homemade lamp

အဆင့် (၈) ထို့နောက် ပိုက်ထဲသို့ ဝါယာကြိုး ထိုးထည့်ကာ တောင့်တောင့်လေးဖြစ်သွားအောင် ပြုလုပ်လိုက်ပါ။

homemade lamp

အဆင့် (၇) ထို့နောက် ပိုက်ကို တြိဂံပုံသဏ္ဍာန်ဖြစ်သွားအောင် တစ်ဆင့်ချင်းစီ ပြုလုပ်ပေးလိုက်ပါ။

homemade lamp

အဆင့် (၈) 3D ပုံစံ လုံးလုံးလေးဖြစ်သွားအောင် ပြုလုပ်လိုက်ပါ။

homemade lamp

ထို့နောက်မှာတော့ စောစောက သစ်သားတုံး မီးအိမ်ပေါ် အုပ်ချလိုက်ကာ အရွယ်အစားကို တိုင်းကြည့်လိုက်ပါ။

homemade lamp

အဆင့် (၉) အရွယ်အစားအားလုံး အဆင်ပြေတယ်ဆိုရင်တော့ ထိုပိုက်ကို မီးအိမ်ပေါ်ကနေ ဖယ်ရှားကာ ရွှေရောင်စပရေး ဖြန်းပေးရမှာဖြစ်ပါတယ်။

homemade lamp

အဆင့် (၁၀) နောက်ဆုံးအဆင့်အနေနဲ့ ထိုရွှေရောင်တြိဂံလုံးလေးကို မီးအိမ်ပေါ် တင်ထားကာ ကော်ဖြင့် ကပ်ပေးလိုက်ပါ။

homemade lamp

ဒါဆိုရင်တော့ ကွီး တို့စိတ်ကြိုက်ပုံဖော်ထားတဲ့ DIY ရွှေရောင် မီးအိမ်ငယ် တစ်လုံးရရှိသွားပါပြီ။

Source: Doodlecraftblog