စမတ်ကျကျနဲ့ ကြည့်ကောင်းစေမယ့် စတိုင်လ်မျိုးကို ကိုယ်တိုင်ကိုယ်ကျဖန်တီးချင်တဲ့ ကွီး တို့အတွက် Formal ဖက်ရှင် များကို ဘယ်လိုဝတ်ဆင်ရမလဲဆိုတဲ့ နည်းလမ်းကောင်းများ ဝေမျှပေးချင်ပါတယ်။

ကွီး တို့အနေနဲ့ ကိုယ့်ရဲ့ Foraml ဖက်ရှင် ကို ဘယ်လိုစတိုင်လ် Tips တွေ အသုံးပြုကာ ရှိုးထုတ်ရမလဲဆိုတာ ခေါင်းရှုပ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကနေတဆင့် လေ့လာနိုင်ပါတယ်။

ကွီး တို့ရဲ့ ခါးပတ် အသုံးပြုကာ Formal ဖက်ရှင် တစ်ခု ဖန်တီးလိုက်ပါ

ကွီး Formal ဖက်ရှင်

ခါးပတ်အရောင်ကို အင်္ကျီအရောင်ထက် တစ်ရောင်ရင့်တဲ့ ခါးပတ်အရောင်ကို အသုံးပြုပါ။ ဖိနပ်အရောင်ကိုတော့ ခါးပတ်အရောင်နဲ့ ဆင်တူဖြစ်အောင် ရွေးချယ်ဝတ်ဆင်လိုက်ပါ။

အရောင်ဖျော့နှင့် အရောင်ရင့်နှစ်မျိုးကို တွဲဖက်ဝတ်ဆင်လိုက်ပါ

ကွီး Formal ဖက်ရှင်

ဒီစတိုင်လ်အတွက်တော့ ကွီးတို့သည် ဘောင်းဘီနှင့် ဖိနပ်အရောင်ကို ဆင်တူရွေးချယ်ကာ ထိုအရောင်နှင့် ဆန့်ကျင်ဘက်အရောင်ကို အင်္ကျီအဖြစ် ရွေးချယ်ဝတ်ဆင်ပေးလိုက်ပါ။

အပေါ်က ကုတ်တစ်ထပ်ဝတ်ဆင်ပါ

ကွီး Formal ဖက်ရှင်

အောက်ခံရှပ်ကိုတော့ တီရှပ်တစ်ထည် ရွေးချယ်လိုက်ပါ။ ပြီးရင်တော့ အပေါ်ကနေ ကုတ်အင်္ကျီတစ်ထပ် ထပ်မံဝတ်ဆင်ပေးလိုက်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ဖက်ရှင်က ပြီးပြည့်စုံသွားမှာဖြစ်ပါတယ်။

အစင်းကျားစတိုင်လ်

ကွီး Formal ဖက်ရှင်

ဘောင်းဘီကို နက်ပြာရောင်ဘောင်းဘီလေး ရွေးချယ်လိုက်ပါ။ နက်ပြာရောင်သည် ဘယ်တော့မှ ရိုးမသွားမယ့် ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ အင်္ကျီကိုတော့ အဖြူခံပေါ်မှာမှ အပြာရောင်အစင်းကျားအဆင်မျိုး ရွေးချယ်လိုက်ပါ။

အဖြူရောင်ဖက်ရှင်စတိုင်လ်

ကွီး Formal ဖက်ရှင်

အဖြူရောင်ဖက်ရှင်နှစ်သက်သူများကတော့ အဖြူရောင်တီရှပ်လေးကို ရွေးချယ်ဝတ်ဆင်ကာ စမတ်ကျကျဖက်ရှင်မျိုး ဖန်တီးနိုင်ပါတယ်။

ရုံးသမားများအတွက်ဖက်ရှင်

ကွီး Formal ဖက်ရှင်

တီရှပ်အဖြူရောင်ကိုမှ အပေါ်ကနေ ကုတ်တစ်ထပ် ထပ်ဝတ်ကာ စမတ်ကျကျ ဖက်ရှင်တစ်ခု ဖန်တီးလိုက်ပါ။

ကွီး တို့အတွက် Formal ဖက်ရှင် နောက်တစ်မျိုး

fashion for kwee

ဒီဖက်ရှင်ကတော့ ခါးပတ် မလိုတဲ့ဖက်ရှင်လေးပါ။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ဘောင်းဘီက ကိုယ့် ကိုယ်တိုင်းနဲ့ သေချာချုပ်ဝတ်ထားပြီး Fit ဖြစ်တယ်ဆိုရင်တော့ ခါးပတ် မပတ်လည်းရပါတယ်။

ဘောင်းဘီအကွက်ဖက်ရှင်

fashion for kwee

သပ်ရပ်သန့်ပြန့်ကာ ကြည့်ကောင်းနေတဲ့ဖက်ရှင်လေး ဖန်တီးချင်တယ်ဆိုရင်တော့ ဒီလိုဖက်ရှင်စတိုင်လ်လေးကို ရွေးချယ်နိုင်ပါတယ်။

အစင်းကျားအင်္ကျီ

fashion for kwee

ဘောင်းဘီအနားသားလေးကို ခေါက်ထားကာ ခြေမျက်စိပေါ်အောင် ဖော်ထားနိုင်ပါတယ်။ တစ်ခုရှိတာက အရပ်ပုတဲ့ ကွီးတို့အနေနဲ့ ဒီဖက်ရှင်ကို ကျော်သွားလိုက်ပါ။ ဒါမှမဟုတ်ရင် ဘောင်းဘီအနားသားကို မခေါက်ထားဘဲ သူ့အရှည်လိုက်အတိုင်းပဲ ဝတ်ဆင်ထားသင့်ပါတယ်။ ဒါမှသာ အရပ်ရှည်သယောင်ဖြစ်စေမှာပါ။

နက်ခ်တိုင် အသုံးပြုပါ

fashion for kwee

ကွီးတို့အနေနဲ့ Formal ဖက်ရှင်တစ်ခု ဖန်တီးတဲ့အခါ နက်ခ်တိုင်သည် မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။ ကိုယ်တိုင်စည်းစရာမလိုတဲ့ ရယ်ဒီမိတ်နက်ခ်တိုင်တွေလည်း ရှိသလို နက်ခ်တိုင် စည်းနည်းကို သေချာလေ့လာကာ ကိုယ်တိုင်ကိုယ်ကျ နက်ခ်တိုင် တပ်ဆင်လို့လည်းရပါသေးတယ်။

Source: Pinterest

Featured Image: Stylecarehunt