အလုပ်လုပ်တဲ့အခါမှာ Performance ကောင်းကောင်းနဲ့ စွမ်းဆောင်ရည်မြင့်တဲ့ လက်ပ်တော့ ပစ္စည်းများနဲ့ အလုပ်လုပ်ချင်တဲ့ ကွီး တို့အတွက် အရည်အသွေးကောင်းတဲ့ Laptop များအကြောင်း ဝေမျှပေးချင်ပါတယ်။

ကွီး တို့အနေနဲ့ Laptop ဝယ်မယ်ဆိုရင် ဈေးကြီးတိုင်းလည်း သုံးလို့ကောင်းတာမဟုတ်ဘူးဆိုတာကို သတိပြုရပါမယ်။ ဈေးနှုန်းအပြင် သူ့ရဲ့ GPU ၊ ဘက္ထရီကြာရှည်ခံနိုင်မှု၊ RAM ၊ Storage ၊ Processor စတာတွေကိုပါ ထည့်တွက်ရမှာဖြစ်ပါတယ်။

ကွီး တို့အနေနဲ့ အရည်အသွေးအကောင်းဆုံးနဲ့ ရေရှည်မှာ တာရှည်အသုံးခံမယ့် Laptop များကို စိတ်ဝင်စားတယ်ဆိုရင်တော့ အခုပဲ ဆက်လေ့လာကြည့်လိုက်ရအောင်။

ASUS ROG Zephyrus Duo

ကွီး Laptop

Photo: HardwareZone

သူ့ဘက္ထရီသက်တမ်းကတော့ ၆ နာရီကျော်ကြာသည်အထိ အသုံးခံပါတယ်။ RAM က 32GB ဖြစ်ပြီး Storage ကတော့ 1TB SSD ဖြစ်ပါတယ်။ Display ကတော့ ၁၅.၆ လက်မ 1920 x 1080 ရှိပါတယ်။ သူ့ဈေးနှုန်းကတော့ ဒေါ်လာ ၃၉၆၀ ကုန်ကျမှာဖြစ်ပါတယ်။

MSI GE66 Raider

ကွီး Laptop

Photo: T3

ဒီလက်ပ်တော့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၃၂၀၀ ဝန်းကျင်ရှိပါတယ်။ ဘက္ထရီကတော့ ၆ နာရီကျော် အသုံးခံပြီး RAM ၊ Storage နဲ့ Display ကတော့ စောစောက ASUS ROG Zephyrus Duo နဲ့ အတူတူပါပဲ။ မျက်နှာပြင်က ၁၅.၆ လက်မရှိတဲ့အတွက်ကြောင့် သူ့အားနည်းချက်ကတော့ အလွယ်တကူ သယ်ဆောင်သွားလို့မရခြင်းပဲ ဖြစ်ပါတယ်။

HP Omen 16

ကွီး Laptop

Photo: Grover

ဒီလက်ပ်တော့ကတော့ Storage က 2TB SSD ၊ RAM 64GB ၊ CPU 2.6GHz Intel Core i7-11800H ရှိပါတယ်။ သူ့ဘက္ထရီသက်တမ်းကတော့ ၅ နာရီကြာ အသုံးခံမှာဖြစ်ပါတယ်။ သူ့မျက်နှာပြင်ကတော့ ၁၆.၁ လက်မရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၅၀၀ ကုန်ကျမှာဖြစ်ပါတယ်။

Razer Blade 15 Studio

ကွီး Laptop

Photo: TechRadar

သူ့ Display ကတော့ 4K OLED Touch ဖြစ်ပြီး ၁၅.၆ လက်မရှိပါတယ်။ ဘက္ထရီသက်တမ်းက ၆ နာရီကြာ အသုံးခံပြီး CPU က 2.3GHz Intel Core i7 – 10875H ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၃၀၀ ပေးဝယ်ရမှာပါ။

Lenovo ThinkPad P17

ကွီး Laptop

Photo: NotebookCheck

ဒီလက်ပ်တော့မော်ဒယ်ကတော့ ဒေါ်လာ ၂၂၁၄ ဖြင့် ပေးဝယ်ရမှာဖြစ်ပြီး သူ့ဘက္ထရီသက်တမ်းကတော့ ၁၄ နာရီကြာ အသုံးခံခြင်းပဲဖြစ်ပါတယ်။ Display ကတော့ ၁၇.၃ လက်မ FHD ဖြစ်ပြီး RAM 32 GB ၊ Storage 1TB SSD ပါရှိပါတယ်။ သူ့အားနည်းချက်ကတော့ အချိန်ကြာကြာ အသုံးပြုပါက လက်ပ်တော့ Heating ပြဿနာအနည်းငယ် ရှိနိုင်ပါတယ်။

Apple MacBook Pro

laptop for kwee

Photo: EXPANSYS Singapore

ဂိမ်းကစားဖို့မဟုတ်ဘဲ ပရော်ဖက်ရှင်နယ်အလုပ်ပိုင်းဆိုင်ရာအတွက် အသုံးပြုချင်တယ်ဆိုရင်တော့ MacBook Pro ကို ရွေးချယ်သင့်ပါတယ်။ သူ့မှာ RAM 16GB ၊ Storage က 512 GB SSD ပါရှိပြီး GPU ကတော့ M1 Pro 16-core ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဘက္ထရီသက်တမ်းကတော့ ၂၁ နာရီကြာအသုံးပြုနိုင်ခြင်းပြဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၅၀၀ ဝန်းကျင် ကုန်ကျပါလိမ့်မယ်။

Acer Predator Helios 300

laptop for kwee

Photo: UltrabookReview.com

ဒီလက်ပ်တော့ကတော့ ဒေါ်လာ ၂၂၅၀ ကုန်ကျမှာဖြစ်ပြီး သူ့ Display ကတော့ ၁၅.၆ လက်မ FHD ဖြစ်ပါတယ်။ RAM 64GB ၊ 1TB SSD ဖြင့် ထုတ်လုပ်ထားပြီး GPU ကတော့ 6GB NVIDIA GeForce RTX 3060 ဖြစ်ပါတယ်။

Alienware Area 51M

laptop for kwee

Photo: GadgetMatch

Gamer ကွီး တို့အနေနဲ့ ဂိမ်းဆော့ဖို့ Laptop ကောင်းကောင်းတစ်လုံးလောက် ဝယ်ယူချင်တယ်ဆိုရင်တော့ ဒီလက်ပ်တော့ကို ရွေးချယ်နိုင်ပါတယ်။ သူ့မှာက RAM 16GB ၊ 1TB SSD ပါဝင်ပြီး GPU ကတော့ 8GB NVIDIA GeForce RTX 2070 Super ဖြစ်ပါတယ်။ သူ့အားနည်းချက်ကတော့ ဘက္ထရီ ၃ နာရီကျော်ခန့်သာ အသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။

Source: Laptop251

Featured Image: Theverge