နာရီလိုမျိုး ဖက်ရှင်အသုံးအဆောင်ပစ္စည်းများနဲ့ မတူညီတဲ့အချက်က ခါးပတ်များသည် မရှိမဖြစ် အသုံးလိုတဲ့ပစ္စည်းလို့လည်း ဆိုလို့ရသလို အသုံးမလိုတဲ့ပစ္စည်းလို့လည်း ဆိုနိုင်ပါတယ်။ ကွီးတို့ရဲ့ ဝတ်စားဆင်ယင်ပုံပေါ် မူတည်ပြီး ခါးပတ်ရဲ့အခန်းကဏ္ဍသည် ပြောင်းလဲသွားတတ်ပါတယ်။ ကွီး တို့အနေနဲ့ Luxury ခါးပတ် များကို ဖက်ရှင်ကျကျ ဝတ်ဆင်တတ်မယ်ဆိုရင် ကွီးတို့ရဲ့ဖက်ရှင်သည် စတိုင်လ်အကျဆုံးဖြစ်သွားမှာပါ။
ဖက်ရှင်ဈေးကွက်ထဲတွင် ကွီး တို့အတွက် Luxury ခါးပတ် များအမျိုးအစား အများအပြားထွက်ရှိတဲ့အနက်မှ ကမ္ဘာ့အကောင်းဆုံး ခါးပတ်များကို ဖော်ပြပေးချင်ပါတယ်။
Loewe Anagram

အပြာရင့်ရောင်လေးနဲ့ ပုံဖော်ထုတ်လုပ်ထားတဲ့ အမိုက်စားခါးပတ်တစ်ခုဖြစ်ပါတယ်။ စပိန်နိုင်ငံထုတ် ခါးပတ်ဖြစ်ပြီး ၆ လက်မ (၁.၈၄ စင်တီမီတာ) ရှည်လျားပါတယ်။ သူ့တန်ဖိုးကတော့ ဒေါ်လာ ၅၃၄ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။
Burberry Monogram

ကွီးတို့အတွက် ဒီ Luxury ခါးပတ်လေးကတော့ ရင့်ကျက်တဲ့အညိုရောင်နဲ့ ဖမ်းစားထားတာဖြစ်ပါတယ်။ အတော်ဆုံးဒီဇိုင်နာ Peter Savile က ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၀၀ ကျော်ကနေ အစားစားရှိပါတယ်။
Mastermind Japan PVC

သားရေအသား အနည်းငယ်သာ အသုံးပြုထားပြီး ခရမ်းရောင် PVC နဲ့ ထုတ်လုပ်ထားတဲ့ ခါးပတ်ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ဒီဇိုင်းကြောင့် ကွီးတို့အားလုံး ဝယ်ယူထားသင့်တဲ့ Luxury ခါးပတ်များထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ သူ့ဈေးနှုန်းကတော့ ၂၈၈ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။
MEM Ring Webbing

အီတလီ နွားကလေးသားရေနဲ့ ပြုလုပ်ထားတဲ့ ခါးပတ်တစ်ခုဖြစ်ပါတယ်။ အကြမ်းခံပြီး အရည်အသွေးလည်းကောင်းတဲ့အတွက်ကြောင့် ဖက်ရှင်ချစ်သူအားလုံး ကြိုက်နှစ်သက်ကြပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၇၅ ဝန်းကျင်ရှိပါတယ်။
1017 ALYX 9SM Rollercoaster Buckle

ခါးပတ်ချစ်သူ ကွီး တို့အတွက် ဒီ Luxury ခါးပတ် လေးကလည်း ဒီဇိုင်းတစ်မျိုးနဲ့ အထာကျနေစေမှာပါ။ ဒီဇိုင်နာ Matthew William ရေးဆွဲထားတာဖြစ်ပြီး ဈေးနှုန်းကတော့ ယူရို ၁၉၅ ယူရိုဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။
Givenchy Lock

ဒီခါးပတ်ကိုလည်း Matthew Williams ကပဲ ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။ အီတလီနိုင်ငံထုတ် အကောင်းစားသားရေကို အသုံးပြုထားတာဖြစ်ပြီး ဈေးနှုန်းကလည်း ဒေါ်လာ ၉၅၀ ဒေါ်လာဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။
Bottega Veneta Arrows

ကမ္ဘာ့အကောင်းစား ခါးပတ်တွေထဲမှာ ဒီခါးပတ်ကိုလည်း ပစ်ပယ်ထားလို့မရပါဘူး။ သူ့ကိုတော့ ဒေါ်လာ ၄၀၀ ဝန်းကျင်နဲ့ ဝယ်ယူနိုင်ပါတယ်။
Church’s Square Buckle

Classic ဆန်တာကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ဒီ Luxury ခါးပတ်လေးက အကြိုက်တွေ့စေမှာပါ။ ဒေါ်လာ ၄၂၀ နဲ့ ဝယ်ယူရရှိနိုင်ပြီး နွားသားရေနဲ့ ပြုလုပ်ထားတဲ့ခါးပတ်ဖြစ်ပါတယ်။
Lemaire Western

နောက်ထပ်အကောင်းစား Luxury တံဆိပ်ကတော့ Lemaire Western ပဲဖြစ်ပါတယ်။ သူ့ကိုတော့ ဒေါ်လာ ၁၅၅ ဝန်းကျင်နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။
Source: Highsnobiety.com
Featured Image: Baldingbeards
 
											
				 
									 
	 
	 
	 
	 
	 
	