ညှို့ငင်အားပြင်းကာ ဆွဲဆောင်မှုအမြင့်မားဆုံးဖြစ်ချင်တဲ့ ကွီး တို့အနေနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ရနံ့ကို Luxury ရေမွှေး များအသုံးပြုကာ ထိန်းချုပ်နိုင်ပါတယ်။
ထိုကဲ့သို့ ကိုယ့်ရဲ့ ကိုယ်သင်းရနံ့ကို အမွှေးပျံ့ဆုံးဖြစ်အောင် လုပ်ဆောင်ချင်တဲ့ ကွီး တို့အတွက် ကမ္ဘာ့အကောင်းဆုံး Luxury ရေမွှေး များအကြောင်း ဝေမျှပေးချင်ပါတယ်။
Tom Ford Oud Wood

ဒီတံဆိပ်လေးကတော့ ရေမွှေးတံဆိပ်တွေထဲမှာ လူကြိုက်အများဆုံး ရေမွှေးလို့တောင် ပြောလို့ရပါတယ်။ သူ့ရဲ့ ထုပ်ပိုးမှုပုံစံကလည်း အဆင့်မြင့်မြင့်နဲ့ ဒီဇိုင်းက မိမိုက်နေပါတယ်။ Classic ဆန်တဲ့ အထိအတွေ့မျိုးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၂၇၀ ဝန်းကျင်တည်ရှိပါတယ်။
Gucci Guilty

Gucci လို့ပြောလိုက်တာနဲ့ နာမည်ကြီး ဒီဇိုင်နာဘရန်းတစ်ခုမှန်း လူသိများပါတယ်။ ဒီရေမွှေးလေးရဲ့ရနံ့က စူးစူးရှရှလေးနဲ့ ရိုမန့်တစ်ဆန်တဲ့ ရနံ့မျိုးကို ပေးစွမ်းနေမှာပါ။ သူ့ကိုတော့ ဒေါ်လာ ၁၅၅ ဒေါ်လာနဲ့ ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။
Maison Francis Kurkdjian Oud Silk Mood

ဒီရေမွှေးလေးကတော့ ဒေါ်လာ ၃၉၅ ဒေါ်လာ ဝန်းကျင်ကုန်ကျမှာ ဖြစ်ပါတယ်။ ကွီး တို့အနေနဲ့ အကောင်းစား Luxury ရေမွှေး မျိုးကိုရှာဖွေနေတယ်ဆိုရင်တော့ ဒီရေမွှေးအမျိုးအစားကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
Hugo Boss

သူ့ရဲ့ ရနံ့လေးက စစ်မှန်ပြီး အောင်မြင်တဲ့ရနံ့မျိုး ရရှိအောင် ထုတ်လုပ်ထားတာဖြစ်တယ်လို့ ကြေညာထားတာဖြစ်ပါတယ်။ တကယ်ဟုတ် မဟုတ်ဆိုတာကတော့ ကွီးတို့ကိုယ်တိုင်သုံးကြည့်မှ သိပါလိမ့်မယ်။ သူ့တန်ဖိုးကတော့ ဒေါ်လာ ၉၀ သာကုန်ကျမှာဖြစ်ပါတယ်။
Timothy Han

ရေမျိုးအမျိုးအစားရဲ့ နာမည်ကတော့ She Came To Stay ပဲဖြစ်ပါတယ်။ ဆန့်ကျင်ဘက်လိင်အပေါ်မှာ ဆွဲဆောင်ညို့ငင်အားအပြင်းဆုံးဖြစ်နေအောင် ဖန်တီးချင်တဲ့ ကွီးတို့ ရွေးချယ်သင့်တဲ့ ရေမွှေးအမျိုးအစားတစ်ခုပါ။ သူ့ဈေးနှုန်းကတော့ ဒေါ်လာ ၁၆၅ ဒေါ်လာဖြစ်ပါတယ်။
Creed Aventus

ဒီရေမွှေးရအမျိုးအစားကတော့ ရုံးတက်ရုံးဆင်းလုပ်နေရတဲ့ ကွီးတို့အတွက် ယုံကြည်မှုအပြည့်ရရှိစေမယ့် အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။
Bleu De Chanel

အမျိုးသားတော်တော်များများကတော့ ဒီလို Classic ဆန်တဲ့ ထုပ်ပိုးမှုပုံစံလေးကို နှစ်သက်ကြပါတယ်။ ဒီလိုပုလင်းအရောင်မျိုးက Luxury ပိုဆန်တယ်လို့ ယူဆကြလို့ပဲဖြစ်ပါတယ်။ သူ့တန်ဖိုးကတော့ ဒေါ်လာ ၂၅၀ ကုန်ကျမှာဖြစ်ပါတယ်။
Jo Malone Wood Sage & Sea Salt

နောက်ထပ်လူကြိုက်အများဆုံး ရေမွှေးကတော့ Jo Malone Wood Sage & Sea Salt ဖြစ်ပါတယ်။ သူ့ရဲ့အနံ့လေးက လူကို တစ်နေ့တာလုံးတက်ကြွရွှင်လန်းနေစေမှာဖြစ်ပါတယ်။
19-69 Purple Haze

ဒီရေမွှေးလေးကတော့ ဒေါ်လာ ၁၉၅ ဝန်းကျင်ကုန်ကျမှာဖြစ်ပါတယ်။ မွှေးပျံ့လွှမ်းဆွတ်ဖွယ်ရနံ့လေး ရှာဖွေနေတယ်ဆိုရင်တော့ ဒီရေမွှေးလေးက သင့်အတွက်ပါပဲ။
Diptyque Vetyverio

ဒီဇိုင်းဆန်းဆန်းလေးနဲ့ ရနံ့လည်း တခါတရံမှာ စူးရှရှရနံ့မျိုး ရရှိစေမှာဖြစ်ပြီး တခါတရံမှာတော့ ပန်းပွင့်ရနံ့လို ရနံ့အီအီလေး ရရှိစေမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၅ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။
Source: Luxe.digital
Featured Image Source: Luxurylifestylemag
