လူတော်တော်များများသည် သူတို့ရဲ့ဘဝမှာ အနည်းဆုံးကိစ္စတစ်ခုခန့်ကို ပြောင်းလဲပစ်ချင်ကြပါတယ်။ ထိုကဲ့သို့ မိမိဘဝကို တိုးတက်အောင် ပြောင်းလဲချင်တဲ့ ကွီး တို့အတွက် Motivation သည် မရှိမဖြစ်လိုအပ်ပါတယ်။

ကွီး တို့အနေနဲ Motivation ကို ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုပါသလဲ

ကွီး Motivation

Motivation လို့ခေါ်တဲ့အရာသည် စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးတဲ့အရာဖြစ်ပြီး ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်က ဘာဖြစ်မလဲ။ ကိုယ် လိုအပ်တဲ့အရာတွေက ဘာဖြစ်မလဲဆိုတာကို ထင်ထင်ရှားရှားမြင်ရအောင် ကူညီပေးပါတယ်။ သင်သည် သင့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ဘယ်လောက်ထိအောင် ပြည့်မြောက်အောင် လုပ်ဆောင်ချင်သလဲ။ ရည်မှန်းချက် ပြည့်မြောက်သွားတဲ့အခါ ဘာတွေကို ရရှိပိုင်ဆိုင်နိုင်မလဲ။ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေက ဘာတွေလဲ စတာတွေကို လွှမ်းမိုးထားတာဖြစ်ပါတယ်။

ဘဝမှာ စိတ်ဓာတ်တက်ကြွခြင်းသည် ဘာ့ကြောင့် အရေးကြီးသလဲ

ကွီး Motivation

ဘာ့ကြောင့်လဲဆိုတော့ ထိုအရာသည် ကွီးတို့ ကြုံတွေ့နေရတဲ့ ပြဿနာများကို ဖြေရှင်းပေးနိုင်ပြီး မကောင်းတဲ့ အကျင့်ဆိုးများ၊ ဥပမာ အချိန်ဆွဲတတ်ခြင်းအကျင့်တို့ကို ဖျောက်ဖျက်ပေးအောင် ကူညီပေးပါတယ်။ အရှေ့သို့ ဆက်လက်ချီတက်နိုင်အောင်နှင့် မိမိဘဝ တိုးတက်အောင်မြင်လာအောင် ကူညီပေးတဲ့အရာဖြစ်ပါတယ်။ အခွင့်အရေးများ စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်အောင် ကူညီပေးတဲ့အတွက်ကြောင့် မိုတီဗေးရှင်းသည် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။

မိုတီဗေးရှင်း စတင်ပေါက်ဖွားလာအောင် ဘယ်လိုလုပ်ရမလဲ

ကွီး Motivation

လူတော်တော်များများသည် မိုတီဗေးရှင်း ပျောက်နေတဲ့အတွက်ကြောင့် ဘဝမှာ တော်တော်လေး ရုန်းကန်ရလေ့ရှိပါတယ်။ ဒါ့အပြင် စိတ်ကျန်းမာရေး မကောင်းတဲ့အချိန်၊ စိတ်ညစ်နေရချိန်၊ စိတ်ကျရောဂါ ခံစားနေရခြင်း၊ တစ်စုံတစ်ရာကို စိုးရိမ်ပူပန်ရချိန်မှာ ကွီးတို့အတွက် မိုတီဗေးရှင်းရဖို့ဆိုတာ ပိုလို့တောင် ခက်ခဲလှပါတယ်။

ဒီလိုအခြေအနေမျိုး၊ အခက်အခဲမျိုး ကြုံတွေ့ရချိန်မှာ မိုတီဗေးရှင်း ပြန်လည်ပေါက်ဖွားလာအောင်လို့ ဘယ်လိုလုပ်ရမလဲ။

လွယ်ကူရိုးရှင်းပြီး လက်တွေ့ကျကာ မိမိကိုယ်တိုင် လုပ်ဆောင်နိုင်မယ့် ရည်မှန်းချက်ပန်းတိုင်တစ်ခု ချမှတ်ပါ

ကွီး Motivation

ကြီးမားလွန်းတဲ့ ရည်မှန်းချက် ပန်းတိုင်တွေ ချမှတ်လိုက်ပြီဆိုပါစို့။ ရည်မှန်းချက်တွေ မပြည့်မြောက်ဘူးဆိုရင် သင် ဘယ်လိုခံစားရမလဲ။

ကိုယ့်ကိုယ်ကိုယ် အသုံးမကျသလိုလို၊ အပြစမကင်းသလိုလို ခံစားချက်မျိုး ခံစားရမှာဖြစ်ပြီး ဆက်လက်ကြိုးစားချင်စိတ်များ ပျောက်ဆုံးသွားမှာဖြစ်ပါတယ်။ ဘယ်တော့မှ ဖြစ်လာတော့မှာမဟုတ်ပါဘူးလေ ဆိုပြီးတော့ အရှုံးပေးချင်စိတ်တွေ ပေါ်လာပြီး အောင်မြင်မှုသည် ကိုယ့်အတွက် မဟုတ်တော့သလို ခံစားရပါလိမ့်မယ်။

တကယ်လို့ သင်သည် လွယ်ကူရိုးရှင်းပြီး လက်တွေ့ဆန်တဲ့ ရည်မှန်းချက်မျိုး ချမှတ်လိုက်ပြီဆိုပါစို့။

ဒါဆိုရင် ထိုပန်းတိုင်ကို အလွယ်ကလေး ပြည့်မြောက်အောင် လုပ်ဆောင်နိုင်မှာဖြစ်ပြီး ငါ လုပ်နိုင်ပါလား ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်များ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဆက်လက်လုပ်ဆောင်လိုစိတ်များ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ခက်ခဲလွန်းတဲ့အရာတွေနဲ့ မစဘဲ လွယ်ကူရိုးရှင်းတဲ့အရာလေးတွေနဲ့ အစပြုကာ ကိုယ့်ရဲ့စိတ်ခွန်အားကို မြင့်မားလာအောင် လုပ်ဆောင်နိုင်ပါတယ်။

အချိန်တစ်ခု သတ်မှတ်လိုက်ပါ

tips for success

ပထမအဆင့်အနေနဲ့ ဖြစ်မြောက်လွယ်တဲ့ ရည်မှန်းချက်တစ်ခု ချထားပြီးတဲ့အခါ ဒုတိယအဆင့်မှာတော့ ဘယ်အချိန်နောက်ဆုံး လုပ်ဆောင်နိုင်မလဲဆိုတဲ့ အချိန်တစ်ခု သတ်မှတ်ရမှာဖြစ်ပါတယ်။ တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည်၊ တစ်လတန်သည် စသည်ဖြင့် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နှင့် အချိန်တစ်ခုသတ်မှတ်လိုက်ပါ။ ဒီလိုသတ်မှတ်လိုက်တဲ့အခါ အချိန်ဆွဲတတ်တဲ့အကျင့်မျိုး မလုပ်မိအောင် မိမိကိုယ်ကို စည်းကမ်းသတ်မှတ်လိုက်ရာ ရောက်ပြီး မြန်မြန်ဆန်ဆန်လုပ်ဆောင်လိုစိတ်များ တဖွားဖွားပေါ်ပေါက်လာမှာဖြစ်ပါတယ်။

တစ်ခုသတိထားရမှာက ကိုယ့်စိတ်ကို အလိုမလိုက်ဘဲ စည်းစနစ်ကျကျနဲ့ စည်းကမ်းတင်းကြပ်ထားဖို့လိုအပ်ပါတယ်။

ပန်းတိုင်သေးသေးလေးများ ထပ်ခွဲလိုက်ပါ

tips for success

ပထမအဆင့် ပန်းတိုင်လေးကိုမှ နောက်ထပ် ပန်းတိုင်အခွဲလေးတွေ ထပ်ခွဲလိုက်ပါ။ ဒီနေ့မှာတော့ ဒီအလုပ်ကို ပြီးအောင် လုပ်မယ်၊ နောက်နေ့မှာတော့ နောက်ထပ်အလုပ်တစ်ခုကို ပြီးအောင်လုပ်မယ် စသည်ဖြင့် ပန်းတိုင်သေးသေးလေးတွေ ထပ်ခွဲလိုက်ခြင်းအားဖြင့် သင့်အတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလို ခံစားရမှာ မဟုတ်တော့ပါဘူး။

မိသားစုနှင့် သူငယ်ချင်းများထံမှ စိတ်ဓာတ်ခွန်အား ရယူပါ။

tips for success

ဘဝမှာ စိတ်ညစ်စရာများ၊ စိတ်ပင်ပန်း လေးလံစရာများသည် တစ်ကွေ့မဟုတ် တစ်ကွေ့တော့ ကြုံတွေ့ရစမြဲပါပဲ။ ထိုကဲ့သို့ ကြုံတွေ့ရတဲ့အခါ အရာအားလုံးကို လွှတ်မချလိုက်ပါနဲ့။ သင့်ကို ချစ်တဲ့သူတွေ ဒီကမ္ဘာပေါ်မှာ ရှိနေသေးတယ်ဆိုတာ အမှတ်ရလိုက်ပါ။ သင့်အနေနဲ့ အားပေးစကားများ လိုအပ်တယ်။ နှစ်သိမ့်မှုများ လိုချင်တယ်။ စိတ်ပေါ့ပါးသွားအောင် ရင်ဖွင့်ချင်တယ်ဆိုရင်တော့ သင့်ကို ချစ်တဲ့သူတွေထံ သွားရောက်ကာ ရင်ဖွင့်သင့်ပါတယ်။

ချောကလက် အနည်းငယ် စားသုံးပါ

tips for success

ချောကလက်စားသုံးခြင်းသည် အရသာရှိရုံသာမကဘဲ ဦးနှောက်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်လာအောင် လှုံ့ဆော်ပေးတယ်ဆိုတာ ကွီးတို့ သိပြီးပါပြီလား။

အလုပ်တွေ ဆက်တိုက်လုပ်လာရလို့ ပင်ပန်းနေတဲ့ ကွီး တို့အနေနဲ့ ချောကလက်အနည်းငယ် စားသုံးကာ Motivation များ မြင့်တက်လာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

ချောကလက် စားသုံးလိုက်တဲ့အခါ Serotonin လို့ ခေါ်တဲ့ Neurotransmitter လေးသည် ဦးနှောက်ကို စိတ်တည်ငြိမ်သွားအောင် နေထိုင်ဖို့ လှုံ့ဆော်ပေးလိုက်ပါတယ်။ ဒါ့အပြင် Dopamine ဓာတ်ကိုလည်း ထုတ်လွှတ်ပေးပြီး နှလုံးခုန်မြန်သွားစေကာ စိတ်ဓာတ်တက်ကြွလာအောင် ကူညီပေးပါတယ်။ သင့်အနေနဲ့ ချောကလက် မကြိုက်ပါကလည်း Dopamine ကို ထုတ်လုပ်ပေးတဲ့ အခြားသော အစားအစာများကို အစား ထိုးကာ မှီဝဲစားသုံးနိုင်ပါသေးတယ်။ ဒါ့အပြင် စိတ်ဓာတ်တက်ကြွနေတဲ့အတွက်ကြောင့် စိတ်ကျရောဂါ ခံစားရခြင်းမှလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

Source: Healthdirect

Featured Image: Blog.mcquaig