ကွီး တို့အတွက် အရည်အသွေးကောင်းပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ Power Bank တစ်လုံးသည် လက်ရှိအချိန်မှာ မရှိမဖြစ်လိုအပ်တဲ့ လျှပ်စစ်ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ခရီးသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ အချိန် အကြာကြီး မီးပျက်တဲ့အခါမှာပဲဖြစ်ဖြစ် ကွီး တို့အတွက် အသုံးတည့်တာကတော့ အကောင်းစား Power Bank တွေပဲဖြစ်ပါတယ်။

အကောင်းစား ပါဝါဘန့်ခ်များ အများအပြား ရှိတဲ့အနက် လက်ရှိမှာ လူကြိုက်များနေတဲ့ ပါဝါဘန့်ခ်တွေကတော့ …

Anker PowerCore

ကွီး Power Bank

ဒီပါဝင်ဘန့်ခ်လေးရဲ့ ဘက်ထရီကတော့ ၂၀၁၀၀ mAh ရှိပါတယ်။ အလေးချိန်ကတော့ ၃၅၄ ဂရမ်သာ လေးပြီး Output အပေါက် ၂ ပေါက်နဲ့ Input အပေါက်အဖြစ် Micro-USB အပေါက် တစ်ပေါက် ပါ ပါတယ်။ ဘက်ထရီ mAh ကလည်း ကြီးပြီး အားဝင်တာလည်း မြန်တဲ့အတွက်ကြောင့် ရွေးချယ်သင့်တဲ့ ပါဝါဘန့်ခ်တစ်ခုပဲ ဖြစ်ပါတယ်။

Anker PowerCore III Elite

ကွီး Power Bank

စောစောက တံဆိပ်ကိုမှ မော်ဒယ်မြင့်သွားတဲ့ အမျိုးအစားဖြစ်ပါတယ်။ သူ့မှာ USB-A အပေါက် ၂ ပေါက်နဲ့ USB-C အပေါက် ၁ ပေါက်တို့ပါပြီး Input အဖြစ် USB-C တစ်ပေါက် ပါဝင်ပါတယ်။ အလေးချိန်ကတော့ ၅၇၀ ဂရမ်ဆိုတော့ မဆိုစလောက်လေး အနည်းငယ် လေးပါလိမ့်မယ်။ ဘက်ထရီကတော့ ၂၅၆၀၀ mAh ရှိပါတယ်။

INIU 10000mAh Portable Charger

ကွီး Power Bank

သူ့ရဲ့အလေးချိန်ကတော့ ၁၉၈ ဂရမ်သာ လေးပါတယ်။ ဘက်ထရီကတော့ ၁၀၀၀၀ mAh ရှိပြီး Output အပေါက်များအဖြစ် USB-A နှစ်ပေါက်နှင့် USB-C တစ်ပေါက်တို့ ပါဝင်ပြီး Input အဖြစ် MicroUSB ၁ ပေါက်နှင့် USB-C ၁ ပေါက် ပါဝင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကွီး တို့ရဲ့ လျှပ်စစ်ပစ္စည်း ၃ မျိုးစလုံးကို အားသွင်းနိုင်တဲ့ အကောင်းစား Power Bank တစ်လုံးပဲဖြစ်ပါတယ်။

Casely Power Pods

ပါဝါဘန့်ခ်

သယ်ဆောင်ရပေါ့ပါးပြီး သေးငယ်တဲ့ ပါဝါဘန့်ခ်လေးကို ဝယ်ယူချင်တယ်ဆိုရင်တော့ Casely Power Pods အမျိုးအစားကို ဝယ်ယူသင့်ပါတယ်။ သူကတော့ Wireless ဖြစ်တာကြောင့် Wireless အားသွင်းစနစ် အသုံးပြုထားတဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့သာ အံဝင်ခွင်ကျဖြစ်မှာဖြစ်ပါတယ်။ အလေးချိန်က ၉၀.၇ ကီလိုဂမ်သာ လေးပါတယ်။

Omni 20

ပါဝါဘန့်ခ်

ဒီပါဝါဘန့်ခ်ကတော့ ဘက်ထရီအားဖြင့် ၂၀၁၀၀ mAh ပါဝင်ပြီး အလေးချိန်ကတော့ ၄၉၉ ဂရမ်ဖြစ်ပါတယ်။ လျှပ်စစ်ပစ္စည်းအမျိုးအစားအများအပြားကို တစ်ချိန်တည်းမှာပဲ အားသွင်းချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို အသုံးပြုသင့်ပါတယ်။ Output အပေါက်အနေနဲ့ USB-A ၂ ပေါက်၊ USB-C ၂ ပေါက်တို့ ပါဝင်ပြီး Input အပေါက်အနေနဲ့ကတော့ USB-C ၁ ပေါက် ပါဝင်ပါတယ်။ အားသွင်းမြန်တဲ့အတွက်ကြေင့် လူကြိုက်များတဲ့ ပါဝါဘန့်ခ်တစ်ခုပဲဖြစ်ပါတယ်။

ကွီးတို့ရော လက်ရှိမှာ ဘယ်လိုအကောင်းစား ပါဝါဘန့်ခ်တွေကို အသုံးပြုနေကြပါသလဲ။ အခုဖော်ပြပေးသွားတဲ့ အမျိုးအစားတွေထဲမှာရော ဘယ်အမျိုးအစားကို အနှစ်သက်ဆုံးပါလဲ။

Source: Creativebloq

Featured Image: Mensjournal