ဝီစကီချစ်သူ ကွီး တို့အတွက် Scotch ဝီစကီ သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးသော ဝီစကီအမျိုးအစားများထဲမှ တစ်ခုဖြစ်ပါတယ်။ စကော့ချ်ဝီစကီကို ၁၅ ရာစုအစောပိုင်းတုန်းက စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။ စစချင်းပြုလုပ်ခါစက ပုလင်းပေါင်း ၁၅၀၀ ခန့်သာ ထုတ်လုပ်ရောင်းချဖြစ်ခဲ့တာပါ။

ထိုအချိန်တုန်းက မှောင်ခိုသာ ရောင်းချခွင့်ရခဲ့တာပါ။ သို့သော် ၁၈၀၀ ပြည့်နှစ် အစောပိုင်းနှစ်တွေကျမှသာ အခွန်အကောက်ဥပဒေ ပြငှာန်းခဲ့ပြီး စကော့ချ်ဝီစကီများကို တရားဝင်ရောင်းချလာခဲ့ပြီး လူကြိုက်များလာခဲ့ကာ ကမ္ဘာတစ်ဝှမ်းလုံးတွင်လည်း စကော့ချ်ဝီစကီမှ စကော့ချ်ဝီစကီဖြစ်လာခဲ့တာပါ။

စကော့ချ်ဝီစကီ ချစ်သူ ကွီး တို့အတွက် ကမ္ဘာ့ဈေးအကြီးဆုံး Scotch ဝီစကီ (၅) မျိုးရှိပါတယ်။

Macallan

ကွီး Scotch ဝီစကီ

နှစ်ပေါင်း ၃၀ သက်တမ်းရှိပြီး ဝီစကီချစ်သူ ကွီး တို့အတွက် အကောင်းဆုံး Scotch ဝီစကီ များထဲတွင် နံပါတ် (၅) နေရာ ချိတ်ပါတယ်။ သူ့ဈေးနှုန်းကတော့ ဒေါ်လာ ခြောက်ထောင့်သုံးရာ ပေးဝယ်ရမှာဖြစ်ပါတယ်။

Glenlivet Winchester

ကွီး Scotch ဝီစကီ

ဒီဝီစကီကတော့ ၁၉၆၆ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့တဲ့ ဝီစကီဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ သက်တမ်းရှိပြီး ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ နှစ်သောင်းငါးထောင် တန်ကြေးရှိပါတယ်။

The Balvenie

most expensive whisky for kwee

ဒီဘရန်းသည်လည်း နှစ်ပေါင်း ၅၀ သက်တမ်းရှိပြီဖြစ်ပါတယ်။ သူ့ကိုတော့ ပုလင်းပေါင်း အလုံး ၁၁၀ ခန့်သာ ထုတ်လုပ်ထားတာဖြစ်ပြီး ပုလင်းတစ်ပုလင်းရဲ့ တန်ဖိုးကတော့ ဒေါ်လာ လေးသောင်းလေးထောင် ရှိပါတယ်။

Dalmore Constellation 1964

most expensive whisky for kwee

ဒီစကော့ချ်ဝီစကီကတော့ ဒေါ်လာ ၆၃၀၀၀ တန်ဖိုးရှိပြီး Luxury အရသာမျိုးကို နှစ်သက်တဲ့ ကွီးတို့အတွက်တော့ အကောင်းစား Scotch ဝီစကီ အရသာမျိုး ပေးစွမ်းမှာဖြစ်ပါတယ်။

Isabella’s Islay

most expensive whisky for kwee

Isabella’s Islay ကတော့ ကမ္ဘာ့ဈေးအကြီးဆုံး စကော့ချ်ဝီစကီများထဲတွင် နံပါတ် (၁) နေရာမှာ ချိတ်ပါတယ်။ ကွီးတို့ရော သူ့ဈေးနှုန်းက ဘယ်လောက်ရှိမယ်လို့ ခန့်မှန်းမိပါသလဲ။

ဝီစကီပုလင်းကို စိန်တုံးပေါင်း ၈၅၀၀ တုံးနဲ့ အလှဆင်ထားပြီး ရွှေချောင်း ၂ ချောင်းရဲ့ အလေးချိန်နဲ့ ညီမျှတဲ့ ရွှေဖြင့်လည်း အလှဆင်ထားတာဖြစ်ပါတယ်။

သူ့ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၆.၅ မီလီယံ တန်ဖိုးရှိပါတယ်။ သန်းကြွယ်သူဌေးများကတော့ သူတို့အိမ်မှာ Luxury ပစ္စည်းအဖြစ် အလှဆင်ရန် ထားရှိတတ်ကြပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဝီစကီတွေထဲက ဘယ်အမျိုးအစားကို မြည်းစမ်းကြည့်ချင်ပါသလဲ။

Source : Themanual

Featured Image Source : DMARGE