ကွီးတို့ရဲ့ ဖွားဖက်တော် ညီလေး ကောင်းကောင်း မထောင်မတ်နိုင်လို့ စိတ်ညစ်နေရလား ? ဒါဆိုရင်တော့ ဖြစ်နိုင်ခြေအရှိဆုံး နောက်ကွယ်က အကြောင်းအရင်းတွေကို တချက်လောက် ဆန်းစစ်ပြီး အဖြေရှာဖို့ လိုပါမယ်။ အမျိုးသားတို့ရဲ့ လိင်တံ ထောင်မတ်နိုင်စွမ်းကို ကျဆင်းစေတဲ့ အဓိက အကြောင်းအရင်းတွေက ဘာများဖြစ်မလဲ ဒီဆောင်းပါးမှာ လေ့လာကြည့်လိုက် ရအောင်ပါ။

(၁) လုံလောက်တဲ့ အိပ်စက်မှု မရှိလို့

You’re Not Getting Enough Sleep

Photo : Peloton

ကောင်းမွန်တဲ့ အိပ်စက်မှု မရှိဘူးဆိုရင် ကွီးတို့ရဲ့ လိင်မှုဘဝအပေါ် ဆိုးကျိုးတွေ အများကြီး သက်ရောက်စေနိုင်ပါတယ်။ အိပ်ရေးဝဝ မအိပ်တာဟာ လိင်စိတ်နိုးကြား တက်ကြွမှုကို ကျဆင်းစေတတ်သလို လိင်တံထောင်မတ်နိုင်စွမ်းနဲ့ လိင်မှုစွမ်းဆောင်ရည်ကိုလည်း ထိလိုက်စေနိုင်ပါတယ်။

(၂) အထိုင်များလို့

You’re Too Sedentary

Photo : Eat This Not That

လှုပ်ရှားမှုနည်းပြီး အထိုင်များတဲ့ လူနေမှုပုံစံဟာ ပန်းသေပန်းညိုး ပြဿနာ ဖြစ်နိုင်ခြေကို ဦးတည်စေတဲ့ သွေးတိုး ၊ ဆီးချိုနဲ့ ကိုလက်စထရော မြင့်တက်ခြင်း အခြေအနေတွေကို ဖြစ်စေတတ်ပါတယ်။ ဒီကျန်းမာရေး အခြေအနေတွေဟာ ဖွားဖက်တော် ညီလေး ကောင်းစွာထောင်မတ်နိုင်ဖို့အတွက် လိုအပ်တဲ့ သွေးစီးဆင်းမှုကို အဟန့်အတား ဖြစ်စေတာကြောင့် ဖြစ်ပါတယ်။

(၃) စိတ်ဖိစီးမှုများနေလို့

You're Stressed and Exhausted

Photo : Propel Physiotherapy

စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေဟာ လိင်မှုဘဝကျန်းမာရေးအတွက် အဟန့်အတား တစ်ခုပါပဲ။ စိတ်ဖိစီးမှုက Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်း Levels ကို တက်စေပြီး ကျားဟော်မုန်း Testosterone အဆင့်ကို ကျဆင်းစေပါတယ်။ Testosterone ကျလာတဲ့အခါ Libido ကိုပါ ကျဆင်းလာစေပြီး လိင်တံ ထောင်မတ်မှုနိုင်စွမ်းကို လျော့ကျစေတာ ဖြစ်ပါတယ်။

(၄) အရက်အလွန်အကျွံ သောက်လို့

you drank too much
Photo : WebMD

Whiskey Dick ဆိုတဲ့ စကားကို ကြားဖူးကြမယ် ထင်ပါတယ်။ ဒါဟာ အရက်အလွန်အကျွံ သောက်တဲ့သူတွေမှာ ဖြစ်တတ်တဲ့ လိင်တံထောင်မတ်မှုကျဆင်းတဲ့ အခြေအနေပါ။ အရက်အလွန်အကျွံ သောက်တဲ့အခါ လိင်တံဆီသို့ သွေးစီးဆင်းမှုကို ကျဆင်းစေပြီး လိင်တံ ထောင်မတ်နိုင်စွမ်းကို လျော့ကျစေတဲ့အပြင် အာရုံကြောစနစ်ကိုလည်း ပျက်စီးစေတတ်တာကြောင့် အထိအတွေ့ ခံစားနိုင်စွမ်း ကျဆင်းစေတတ်ပါတယ်။

Source : Men’s Health

Featured Photo : Men’s Health