Challenging ဖြစ်တဲ့ ဂိမ်းတွေ ကစားတာက ကျွန်တော်တို့ရဲ့ ဦးနှောက်ကို အလုပ်ပိုလုပ်စေပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကို အများကြီး တိုးတက်လာစေမှာ ဖြစ်ပါတယ်။ ကွီးတို့က ဒီလို ခက်ခက်ခဲခဲ အကြိတ်အနယ် ဆွဲရမယ့် စိန်ခေါ်မှု အများဆုံး ဂိမ်းတွေကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက်ပါပဲ။ အမှန်တကယ် စိတ်ဝင်စားဖို့ကောင်းပြီး စိန်ခေါ်မှု ရှိရှိ ကစားရမယ့် Android ဂိမ်းကောင်းလေးတွေကို ညွှန်းပေးလိုက်ပါတယ်။
(၁) Duet
Source : Kumobius
Duet က စိတ်ဝင်စားဖို့ကောင်းတဲ့ Puzzle ဂိမ်း တစ်ခုပါ။ ဂိမ်းကစားသူတွေအနေနဲ့ အနီအပြာ စက်လုံးလေး ၂ လုံးကို ထိန်းချုပ် ကစားသွားရမှာဖြစ်ပြီး လမ်းကြောင်းတစ်လျှောက်က အခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်သွားရမှာပါ။ ဂိမ်းပုံစံက ရိုးရှင်းတယ်ဆိုပေမယ့် Levels တစ်ခုစီတက်လာတိုင်းမှာ အတားအဆီးတွေက ပိုပိုပြီး ခက်ခဲနက်နဲလာမှာ ဖြစ်တာကြောင့် တကယ့်ကိုပဲ စိန်ခေါ်မှု ရှိရှိနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဂိမ်းရဲ့ Main Part က Free ဆော့ကစားလို့ရမှာ ဖြစ်ပေမယ့် နောက်ထပ်အဆင့်တွေမှာတော့ ပိုက်ဆံနဲ့ ဝယ်ဖို့ကစားဖို့ လိုပါတယ်။
(၂) Pandemic: The Board Game
Source : Twin Sails Interactive
Pandemic ဂိမ်းလေးကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ Board ဂိမ်း တစ်ခု ဖြစ်ပါတယ်။ ဂိမ်းရဲ့နာမည်အတိုင်းပဲ ကပ်ရောဂါအခြေအနေတွေကို ကိုယ်တွယ်ဖြေရှင်းရမယ့် CDC (Centers for Disease Control and Prevention) ကျန်းမာရေး အဖွဲ့ဝင်တွေနေရာကနေ ကစားရမှာ ဖြစ်ပါတယ်။ Player တစ်ယောက်စီတိုင်းမှာ ထူးခြားတဲ့ စွမ်းရည်တွေ ရှိပါတယ်။ ဂိမ်းရဲ့ Easy Mode က သိပ်မခက်ခဲပေမယ့် Hard Mode မှာတော့ တော်တော်လေးကို ခက်ခဲနက်နဲတဲ့ Story တစ်ခုနဲ့ ကစားသွားရမှာပါ။ ဒီဂိမ်းက စိန်ခေါ်မှု များသလို ပျော်ဖို့လည်းကောင်းပါတယ်။ Free ဆော့လို့မရပေမယ့် အရမ်းဈေးမကြီးတဲ့အထဲမှာ ပါတာကြောင့် ဆော့ကစားကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။
(၃) This War of Mine
Source : 11 bit studios
This War of Mine ဂိမ်းက Simulation Elements တွေပါတဲ့ ဗျူဟာကျကျကစားရမယ့် စိတ်ဝင်စားစရာ Strategy ဂိမ်း တစ်ခု ဖြစ်ပါတယ်။ Players တွေအနေနဲ့ စစ်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ ဒုက္ခသည်တွေနေရာကနေ ကစားရမှာပါ။ စစ်ပွဲထဲမှာ အသက်ရှင်ကျန်ရစ်တဲ့ ဒုက္ခသည်တွေအတွက် အသက်ဆက်လက်ရှင်သန်ဖို့အတွက် အခက်အခဲအတားအဆီးတွေနဲ့ နေထိုင်ရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တိုင်းက သိပ်ကိုအရေးပါတဲ့အတွက် တကယ့်ကိုပဲ လေးလေးနက်နက်တွေးခေါ်ဆုံးဖြတ်ပြီး စိန်ခေါ်မှု အပြည့်နဲ့ ကစားရမှာဖြစ်ပါတယ်။ ဒီဂိမ်းက $13.99 ခန့်ကျသင့်မှာ ဖြစ်ပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေအများကြီး ရှိနေတာဖြစ်တာကြောင့် ဝယ်ဆော့ရတာ ဆော့ပျော်တဲ့ ဂိမ်းတစ်ခုဆိုလည်း မမှားပါဘူး။
(၄) DroidFish
Photo : droidfish.en.aptoide.com
DroidFish ကတော့ စစ်တုရင် ဂိမ်း ဖြစ်ပါတယ်။ Chess ဂိမ်းတွေရဲ့သဘောတရားကိုက လေးလေးနက်နက် စဉ်းစားတွေးခေါ်ရတာဖြစ်သလို နည်းဗျူဟာကျကျ တစ်ဖက်ပြိုင်ဘက်ရဲ့အမှားနဲ့ ပျော့ကွက်ကို ရှာဖွေပြီး အနိုင်ယူကစားရတာ ဖြစ်ပါတယ်။ ဒီဂိမ်းက Stockfish Chess Engine ကိုအသုံးပြုထားတာဖြစ်ပြီး ခက်ခဲတဲ့ ပြိုင်ဘက်အချို့ကို အနိုင်ယူကျော်ဖြတ် ကစားရမှာ ဖြစ်ပါတယ်။ DroidFish ဂိမ်းရဲ့ နောက်ထပ်အားသာချက်တစ်ခုက ကြော်ငြာတွေကြည့်ရတာ ၊ ငွေပေးချေ ဝယ်ယူရတာတွေ မရှိပဲ အခမဲ့ကစားနိုင်တဲ့အတွက် Chess ဂိမ်းချစ်သူတွေ သေချာပေါက်ဆော့သင့်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။
Featured Photo : Epic Games