လူတိုင်းလူတိုင်း ဘဝမှာ ခက်ခဲတဲ့အချိန်တွေ မကြုံချင်လဲ ကြုံတွေ့ရစမြဲပါပဲ။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်တိုင်းမှာ ကျော်ဖြတ်မလား ၊ လက်မြောက်အရှုံးပေးမလားဆိုတာပေါ်မူတည်ပြီး ရလဒ်တွေဟာ ကွဲပြားသွားတာပါ။ အောင်မြင်နေသူတွေရဲ့ ဘဝမှာလည်း အခက်အခဲတွေ ၊ စိန်ခေါ်မှုတွေဆိုတာ သေချာပေါက် ကြုံတွေ့ဖြတ်သန်းခဲ့ကြရတာပါ။ ဒီတော့ သင့်အနေနဲ့ ဘဝမှာ ခက်ခဲမှု တွေကြုံလာတိုင်း ဘယ်လိုမျိုး ရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာကို ဒီဆောင်းပါးကနေတဆင့် မျှဝေပေးပါမယ်။

(၁) အဆိုးပြီးရင် အကောင်းတွေ လာမယ်

Surviving

Photo : Awareness that Heals

ခက်ခဲပင်ပန်းတဲ့ အချိန်ကာလတွေကို ဖြတ်ကျော်ဖို့ အဆိုးပြီးရင် အကောင်းတွေ လာမယ်ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်မာစွာ စွဲကိုင်ထားပါ။ ဟုတ်ပါတယ်။ အရာရာတိုင်းက အမြဲပြောင်းလဲနေတာပါ။ ဘယ်အရာမှ တစ်သတ်မှတ်တည်း ဖြစ်မနေပါဘူး။ အဆိုးတွေကို ကြံ့ကြံ့ခိုင် ကျော်ဖြတ်ပြီးတာနဲ့ မကြာမီ အချိန်အတောအတွင်းမှာ အကောင်းတွေနဲ့ ကြုံရတော့မှာပါ။ သင့်အနေနဲ့ လက်ရှိမှာ ပင်ပန်းခက်ခဲတဲ့ အချိန်တွေကို ရင်ဆိုင်ကျော်လွှား နေရတယ် ဆိုရင်တော့ မဝေးတော့တဲ့ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ အချိန်တွေကို ပိုင်ဆိုင်ဖို့ နီးစပ်နေပါပြီ။

(၂) ခက်ခဲမှုတွေကို သင်ခန်းစာအဖြစ် မှတ်ယူလိုက်

Surviving

Photo : The Mindful Stoic

ဘဝမှာ အမှားတွေ မလုပ်မိတဲ့ သူဆိုတာ မရှိပါဘူး။ ဒီလို အမှားတွေ ၊ အကျပ်အတည်း ၊ အခက်အခဲတွေကပဲ သင့်ကို ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာအောင် ပြုပြင်ပြောင်းလဲ ပေးနိုင်တာ ဖြစ်ပါတယ်။ ပြဿနာတွေနဲ့ ရင်ဆိုင်ရပြီး မဖြေရှင်းနိုင်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့လာရပြီဆိုရင် စိတ်ကို အေးအေးထားပါ။ အမှားတွေထဲကနေ သင်ခန်းစာ ယူတက်အောင်ကြိုးစားပြီး နောက်ထပ် တူညီတဲ့ အမှားမျိုး မကျူးလွန်မိအောင် သတိထားရပါမယ်။ ကိုယ့်ရဲ့ အမှားတွေကို သေချာစွာ သတိထား ဆင်ခြင်ပြီး ကြုံခဲ့ရတဲ့ အခက်အခဲ ပြဿနာတွေကနေပဲ သင်ခန်းစာအဖြစ် မှတ်ယူကာ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းတဲ့လူဖြစ်အောင် ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။

(၃) ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်

Surviving x
Photo : ABWE

လူတော်တော်များများက ခက်ခဲမှု တွေ ၊ အကြပ်အတည်းတွေ ဖြစ်လာတိုင်းမှာ အနာဂတ်ကို တွေးပူကြသလို ပြီးခဲ့တဲ့ အတိတ်ကို ပြန်တွေးပြီးလည်း သောကတွေ များတက်ကြပါတယ်။ မနက်ဖြန် ဘာဖြစ်မလဲ ဆိုတာ ဘယ်သူမှ မသိနိုင်သလို ၊ ပြီးခဲ့တဲ့ အတိတ်တွေကိုလည်း ဘားမှပြန်ပြောင်းလို့ မရတော့ပါဘူး။ ဒီလိုအရာတွေအတွက် တွေးတောပူပန်နေတာဟာ အချိန်ဖြုန်းနေခြင်းသပ်သပ် ၊ ကိုယ့်စိတ်ကို ရိုက်ချိုးနေခြင်း သပ်သပ်သာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် အနာဂါတ်တွေ ၊ ကျန်ခဲ့တဲ့ အတိတ်တွေမှာ အတွေးတွေကို နယ်ချဲ့ အချိန်ကုန်နေမယ့်အစား လက်ရှိပစ္စုပ္ပန်အချိန်ကိုသာ အာရုံစိုက်လိုက်ပါ။ ပစ္စုပ္ပန်တည့်တည့်ကိုပဲ အာရုံစိုက်ထားလေ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ခံစားရမှာ သေချာပါတယ်။

Source : Fast Company

Featured Photo : KYLE BUCHANAN