လက်ထပ်ပြီးတဲ့နောက် ကိုယ့်ရဲ့ ဇနီးမယားအပေါ်မှာ ခင်ပွန်း ကောင်း တစ်ယောက် ပီသ ဖို့အတွက် ဘာတွေ လုပ်ဆောင်ရမယ် ဆိုတာကို ကွီးတို့ သိပါသလား။ မသိသေးရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ဖို့ လိုအပ်ပါလိမ့်မယ်။

ကိုယ့် အမျိုးသမီးအပေါ် ကြင်နာတတ်ပါစေ

couple

အမျိုးသမီးတွေသည် အိမ်ထောင်သက် ဘယ်လောက်ပဲ ကြာလာပါစေ ကိုယ့်လင်ယောကျာ်းဆီက ကြင်ကြင်နာနာ ဆက်ဆံမှု နွေးထွေးစွာပြောဆိုဆက်ဆံမှုတို့ကို အလွန်ပဲနှစ်သက်ခုန်မင် ကြပါတယ်။ စကားပြောဆိုတဲ့အခါ ကြင်ကြင်နာနာပြောဆိုတာ ကြင်ကြင်နာနာ ဂရုစိုက် ဆက်ဆံတာမျိုး လိုချင်ကြတာပါ။ တစ်ယောက်နဲ့ တစ်ယောက် ကြင်ကြင်နာနာနဲ့ ဂရုစိုက်မယ်ဆိုရင် ထိုအိမ်ထောင်က ပြိုကွဲသွားစရာ အကြောင်းမရှိပါဘူး။

ကိုယ့်မိသားစုအတွက် အချိန်ပေးပါ

couple

ဘယ်လောက်ပဲ အလုပ်များများ ကိုယ့်ရဲ့ မိသားစုအတွက် အချိန်ပေးဖို့ လိုအပ်ပါတယ်။ ငါက မိသားစုအတွက် ငွေရှာပေးနေတာပဲဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ မိသားစုကို လျစ်လျူရှုထားမယ်ဆိုရင် အိမ်ထောင်ရေး သုခကို ခံစားနိုင်မှာ မဟုတ်ပါဘူး။ ခင်ပွန်းကောင်းတစ်ယောက် ပီသချင်တယ်၊ ဖခင်ကောင်းတစ်ယောက် ပီသချင်တယ်ဆိုရင်တော့ ငွေရှာရုံနဲ့ မလုံလောက်ပါဘူး။ နွေးထွေးတဲ့ မေတ္တာဓာတ်တွေလည်း ပေးဖို့ လိုအပ်ပါတယ်။​

ကိုယ့်ရဲ့ မဟေသီကို မကောင်းပြောခြင်း၊ ဝေဖန်ပြောဆိုခြင်းများ မလုပ်ပါနဲ့

ခင်ပွန်း ကောင်း ပီသ

လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်၊ ပင်ကိုယ် ဗီဇအပေါ် လိုက်ပြီး ဝေဖန်နေမယ် ဆိုရင်တော့ ဘယ်သူကမှ ကြိုက်မှာ မဟုတ်ပါဘူး။ လူတစ်ယောက်ကို ဝေဖန်ခြင်းသည် စွပ်စွဲခြင်းနဲ့ အလားသဏ္ဍာန် တူပါတယ်။ ဆိုကြပါစို့၊ ကွီးတို့က ညစာကို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာမျိုး စားချင်လိုက်တာလို့ ပြောတာကို တဖက်လူအား “မင်းက အမြဲတမ်း ဝိတ်တက် စေတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေပဲ ချက်နေတာပဲ” လို့ ပြောတာနဲ့ အတူတူပါပဲ။

အမြဲတမ်း အလျော့ပေးပါ

ခင်ပွန်း ကောင်း ပီသ

Relationship တိုင်းသည် ယုံကြည်မှုကို အခြေခံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ယုံကြည်မှုမရှိဘဲနဲ့ အကြာကြီး ခံလေ့မရှိပါဘူး။ ယုံကြည်မှု တည်ဆောက်ဖို့က အချိန်အများကြီး ယူရပါတယ်။ ဒါပေမယ့် အနည်းငယ်သော နားလည်မှုလွဲခြင်း၊ အမှားလုပ်မိခြင်းတို့ကြောင့် လွယ်လွယ် ပျက်စီးနိုင်ပါတယ်။ လူတွေရဲ့ နှလုံးသားကို ယုံကြည်မှုနဲ့ သိမ်းပိုက်နိုင်သလို ယုံကြည်မှုနဲ့ဘဲ ကွဲကြေသွားအောင် ပြုလုပ်နိုင်ကြတယ်။ ကွီးတို့ရဲ့ အိမ်သူသက်ထားက ကွီးတို့ဆီကနေ အများကြီးမမျှော်လင့်ပါဘူး။ ရိုးသားပြီး ယုံကြည်ရတဲ့လူ တစ်ယောက်ဖြစ်ဖို့ဘဲ မျှော်လင့်တာပါ။

ကိုယ့်ရဲ့ အချစ်တွေကို ဖော်ပြဖို့ မမေ့ပါနဲ့

ခင်ပွန်း ကောင်း ပီသ

ကိုယ့် အမျိုးသမီးက မနက်စာ၊ နေ့လည်စာ၊ ညစာ စသည်ဖြင့် ပြင်ဆင်ပေးတဲ့အခါ ကိုယ့်အနေနဲ့ ကျေးဇူးတင်စကား ပြောပေးဖို့ လိုအပ်ပါတယ်။ ကျေးဇူးတင်စကား ပြောဖို့အတွက် ဘယ်လောက်မှ အချိန်ကြာသွားမှာလည်း မဟုတ်သလို၊ ခက်ခဲတဲ့ အရာတစ်ခုလည်း မဟုတ်ပါဘူး။ ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်အတွက် လုပ်ပေးတဲ့အရာများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားပြီး သူ(မ)ကို ချစ်ကြောင်းလည်း မမေ့မလျော့ ပြောဆိုဖို့ လိုအပ်ပါတယ်။ ကိုယ့်သားသမီးတွေကိုလည်း အမေ အပေါ် သိတတ်နားလည်အောင်၊ ကျေးဇူးတင်စကား ပြောတတ်အောင် သင်ကြားထားဖို့ လိုအပ်ပါတယ်။ အိမ်ထောင်တစ်ခုသည် နှစ်ကာလ ကြာလာတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်လို့ ပြောဖို့ မေ့သွားတတ်ကြပါတယ်။ ဒီအချက်သည် သတိထားရမယ့် အချက်တစ်ခုပဲ ဖြစ်ပါတယ်။

ကဲ… ဘယ်လိုလဲ။ ကွီးတို့ရော ကိုယ့်ရဲ့ ဇနီးမယားအပေါ်မှာ ခင်ပွန်း ကောင်း တစ်ယောက် ပီသ ရဲ့လား။

Source: Lovepanky

Featured Image: Thrivingmarriages