ကွီးတို့ ခန္ဓာကိုယ် အနံ့ အသက်များ ပြင်း ထန်နေရခြင်းက ကွီးတို့ စားသုံးတဲ့ အစားအစာများပေါ်မှာ အများကြီး မူတည်နေတယ်ဆိုတာကို သိပါသလား။ မသိသေးရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိ ဆက်ဖတ်ကြည့်လိုက်ပါ။

ခန္ဓာကိုယ် ရနံ့ဆိုး ထွက်ခြင်းက ကွီးတို့ နေထိုင်ပြုမူပုံများ၊ အစားအသောက် စနစ်နဲ့ အများကြီး သက်ဆိုင်သလို၊ ကွီးတို့ရဲ့ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်ပါသေးတယ်။ အခုဖော်ပြမယ့် အစားအစာများကို ကြိုက်နှစ်သက်တယ် ဆိုရင်တော့ ကွီးတို့ ခန္ဓာကိုယ်ရနံ့က ပြင်းမှာ အသေအချာပါပဲ။

ဟင်းခပ် အမွှေးအကြိုင်များ

spice

ဟင်းခပ် အမွှေးအကြိုင် ရနံ့တွေက ကွီးတို့ရဲ့ ခံတွင်းရနံ့မှာ အချိန်အကြာကြီး စွဲကျန်ရစ်မှာဖြစ်ပြီး ဆံပင်၊ အသားအရေနဲ့ အဝတ်အစားပေါ်မှာလည်း ကပ်ညှိနေမှာပဲ ဖြစ်ပါတယ်။

ကြက်သွန်နီနှင့် ကြက်သွန်ဖြူ

garlic

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကတော့ ကွီးတို့ရဲ့ ခံတွင်းရနံ့ကို ဘယ်လောက်ထိတောင် ဆိုးရွားစေနိုင်တယ်ဆိုတာကို ကွီးတို့ သိပြီးသားဖြစ်ပါလိမ့်မယ်။ ကွီးတို့ခ န္ဓာကိုယ်က ထွက်ရှိလာတဲ့ ချွေးနံ့နဲ့ ဘက်တီးရီးယားများ ပေါင်းလိုက်မယ်ဆိုရင်တော့ ဆိုးရွားတဲ့ အနံ့တစ်မျိုး ထွက်လာမှာ အသေအချာပါပဲ။

ပန်းပွင့်မျိုးနွယ် ဟင်းသီးဟင်းရွက်များ

broccoli

ကွီးတို့ ကြိုက်နှစ်သက်တဲ့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပန်းပွင့်စိမ်း စတဲ့ အစားအစာများကလည်း ခန္ဓာကိုယ် ရနံ့ကို ပြင်းထန်စေတယ်ဆိုတာကို သိပြီးပါပြီလား။ ထိုအစားအစာများ စားသုံးပြီး ထွက်ရှိလာတဲ့ ဆာလဖျူရစ် အက်စဆစ်သည် ကွီးတို့ ခန္ဓာကိုယ်ရနံ့ကို ဆိုးရွားစေပါတယ်။

ကွီးတို့ ခန္ဓာကိုယ် အနံ့ ပြင်း ခြင်းကို ဘယ်လို ထိန်းချုပ်လို့ရနိုင်မလဲ

ခန္ဓာကိုယ် အနံ့ ပြင်း

ခန္ဓာကိုယ် ရနံ့က သဘာဝဖြစ်စဥ်တစ်ခုပါပဲ။ ကိုယ့်ရဲ့ ရနံ့က ပြင်းလေ ပိုပြီး ခေါင်းခဲရလေဖြစ်ပြီး ရှက်စိတ်လည်း ဝင်တတ်ပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ခန္ဓာကိုယ် ရနံ့ပြင်းခြင်းကို လျော့ချနိုင်တဲ့ နည်းလမ်းကောင်းတွေ အများကြီး ရှိပါသေးတယ်။

တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိပါ

ခန္ဓာကိုယ် အနံ့ ပြင်း

တစ်နေ့လျှင် တစ်ကြိမ်ခန့် ရေပုံမှန် ချိုးပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကွီးတို့က ချွေးထွက်သန်တယ်ဆိုရင်တော့ မနက်တစ်ကြိမ်၊ ည တစ်ကြိမ် ချိုးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ သဘက်တွေကိုလည်း ပုံမှန် လျှော်ဖွတ်ပေးဖို့ လိုအပ်ပါတယ်။

လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများ ဝတ်ဆင်ပါ

ခန္ဓာကိုယ် အနံ့ ပြင်း

အထူးသဖြင့် ပူအိုက်တဲ့ ရာသီဥတုမှာဆိုရင် လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာရှိစေမယ့် အဝတ်အစားမျိုးကို ဝတ်ဆင်သင့်ပါတယ်။ ပိတ်လှောင်တဲ့ အဝတ်အစားများက ချွေးကြောင့် ဘက်တီးရီးယားများ တွယ်ကပ်နိုင်တာကြောင့် ကွီးတို့ရဲ့ ခန္ဓာကိုယ်ရနံ့ကို ပိုလို့ ဆိုးရွားစေပါတယ်။

ချိုင်းလိမ်းဆီများ အသုံးပြုပါ

ခန္ဓာကိုယ် အနံ့ ပြင်း

ကွီးတို့ရဲ့ အနံ့ကို ဖုံးဖို့အတွက်တော့ ချိုင်းလိမ်းဆီများ၊ Deodorants များ လိမ်းကျံပြီး ကွီးတို့ ခန္ဓာကိုယ်ရနံ့ကို ဖုံးထားနိုင်ပါတယ်။ ရေချိုးပြီးပြီးချင်း လိမ်းကျံတဲ့အခါ အချိန်ကြာလာရင် ကွီးတို့ ခန္ဓာကိုယ်ရနံ့ ပြင်းတာမျိုးတွေ မရှိတော့ပါဘူး။

ရေများများ သောက်ပါ

ခန္ဓာကိုယ် အနံ့ ပြင်း

ကွီးတို့ရဲ့ ခန္ဓာကိုယ်သည် တစ်နေ့လျှင် ရေ ၈ ခွက်လောက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ရေများများ သောက်ပေးမှသာလျှင် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များက ဆီးအဖြစ်နဲ့ ခန္ဓာကိုယ် ပြင်ပသို့ ထွက်ခွာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ အစားအသောက် စားသုံးမှု စနစ်ကိုလည်း အနည်းငယ် ပြောင်းလဲကြည့်လိုက်ပါ။ ခံတွင်းရနံ့ ဆိုးစေတဲ့ အစားအစာများ စားမယ်ဆိုရင်တော့ သတိကြီးကြီး ထားဖို့ လိုအပ်ပါလိမ့်မယ်။

ကွီးတို့ရော ကိုယ့် ခန္ဓာကိုယ်ရနံ့ကို ဘယ်လိုနည်းလမ်းများနဲ့ ဖုံးအုပ်လေ့ရှိပါသလဲ။ ဘယ်နည်းလမ်းက ခန္ဓာကိုယ် ရနံ့တွေကို ဖုံးပစ်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်မလဲ။

Source: Health.clevelandclinic.org

Featured Image: Newsweek