ယမကာဆို တစ်မျိုးတည်း သောက်ရတာ ငြီးငွေ့သူတွေအတွက် နှစ်မျိုးစပ် ၊ သုံးမျိုးစပ် ကော့တ်တေးလေးတွေ စပ်သောက်ကြည့်တာက စိတ်လှုပ်ရှားစရာ အပြောင်းအလဲတစ်ခုပါပဲ။ ကော့တ်တေးလ် Cocktails လို Mixed Drinks တွေ အများကြီးထဲမှာ အပြင်းစားကြိုက်တဲ့ ယောကျာ်းလေးတွေနဲ့ လိုက်ဖက်တာလေးတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Tom Collins

making-a-tom-collins

Photo : theadultman

ဒီကော့တ်တေးလက် Gin-သံပရာနှစ်မျိုး စပ်ထားတာ ဖြစ်ပြီး ခွက်အရှည် Collins Glass ဖန်ခွက်နဲ့ စပ်ရတာပါ။ ဂျင် ၂ အောင်စ ၊ လတ်ဆတ်တဲ့ လီမွန်ရည် ၁ အောင်စ ၊ သကြား ၁ ဇွန်း နဲ့ ဆိုဒါရေတို့နဲ့ စပ်ရတာ ဖြစ်ပါတယ်။

(၂) Whisky Sour

whiskey-sour

Photo : theadultman

Whisky Sour က ရိုးရှင်းပါတယ်။ အမယ်အနေနဲ့ ဝီစကီ ၊ လီမွန် နဲ့ သကြား ၃ မျိုးပဲ ပါပါတယ်။ ဝီစကီ ၂ အောင်စ ၊ လီမွန်ရည် ၁ အောင်စ နဲ့ သကြား ၁ ဇွန်းပဲ သုံးပါတယ်။ နွေရာသီမှာ ခပ်ပြင်းပြင်း ချချင်တဲ့ အမျိုးသားတွေအကြိုက်တွေ့ကြမှာပါ။

(၃) Gibson

gibson

Photo : theadultman

Martini ဖန်ခွက်နဲ့ ဖျော်ရတဲ့ ကော့တ်တေးပါ။ ဂျင် ၂.၅ အောင်စ ၊ Vermouth ၀.၅ အောင်စ နဲ့ ကော့တ်တေးမှာ အလှဆင်ဖို့ ကော့တ်တေးကြက်သွန်နှစ်ဥလောက် လိုပါတယ်။ Gin မကြိုက်ရင် ဗော့ဒ်ကာ ပြောင်းသုံးနိုင်ပါတယ်။

(၄) Negroni

Negroni-sbagliatto-made-in-glass

Photo : theadultman

အီတလီကော့တ်တေးတစ်မျိုး ဖြစ်တဲ့ Negroni ဟာ ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်စစ်သားတွေအကြား ခေတ်စားရာကနေ ကမ္ဘာကျော်သွားတာပါ။ ကော့တ်တေးစပ်ရာမှာ ထည့်တဲ့ Campari Bitter ၂ အောင်စ ၊ ဂျင် ၂ အောင်စ ၊ Sweet Vermouth ၂ အောင်စ နဲ့ အပေါ်မှာ လိမ္မော်ခွံလေး ထပ်ပေးရပါတယ်။

Featured Photo : theadultman