ကွီးတို့ရေ ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းတဲ့ ခပ်ဟော့ဟော့ ဘီးကျဲတစ်ဗွေ မဖြစ်ချင်ဘူးလား။ ခပ်ဟော့ဟော့နဲ့ ဆွဲ‌ဆောင်မှု ရှိဖို့က အဝတ်အစားဝတ်ဆင်ပုံ တစ်ခုတည်းပေါ်မှာ မူတည်နေတာတော့ မဟုတ်ပါဘူး။  အမှန်တကယ်တော့ ဆွဲဆောင်မှုရှိဖို့ဆိုတာ မခက်ပါဘူး။ အချို့သော အချက်လေးတွေကို သေချာလိုက်နာဖို့ပဲ လိုတာပါ။ ဒီနေ့မှာတော့ ကွီးတို့အတွက် ခပ်ဟော့ဟော့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကူညီပေးနိုင်တဲ့ အချက်လေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

ဝတ်စားဆင်ယင်မှုကို ဂရုစိုက်ပါ

ခပ်ဟော့ဟော့ ဘီးကျဲတစ်ဗွေ

Photo : Real Man Rea Style

ဝတ်စားဆင်ယင်မှုက လူတစ်ယောက် ကိုယ့်ကိုယ်ကို အလေးထားလား၊ ဂရုစိုက်လားဆိုတာ ပေါ်လွင်ပါတယ်။ ကောင်းမွန်စွာ ဝတ်စားဆင်ယင်ခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုကို မြှင့်တင်ပေးနိုင်သလို ကိုယ်နဲ့ဆက်ဆံရတဲ့ သူများကိုလည်း လေးစားရာရောက်ပါတယ်။ သပ်ရပ်ကြည့်ကောင်းပြီး စတိုင်လ်ကျစေဖို့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်မျိုး မရှိမဖြစ် မလိုအပ်ပါဘူ။ အရေးကြီးတဲ့အချက်ကတော့ ကွီးတို့ ခန္ဓာကိုယ်အမျိုးအစားနှင့် လိုက်ဖက်ညီပြီး ပရော်ဖက်ရှင်နယ်ကျကျ နေရာဒေသအလိုက် ရွေးချယ်ဝတ်ဆင်တတ်ဖို့သာ လိုပါတယ်။

ကောင်းမွန်သော ကိုယ်သင်းရနံ့ရှိပါစေ

ခပ်ဟော့ဟော့ ဘီးကျဲတစ်ဗွေ

Photo : Ocean Property

ခပ်ဟော့ဟော့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်သင်းရနံ့ကလည်း အရေးကြီးပါတယ်။ အထူးသဖြင့် အမျိုးသားတစ်ဦးရဲ့ ရနံ့က အမျိုးသမီးတစ်ဦးအပေါ်မှာ ကောင်းစွာလွှမ်းမိုးနိုင်ပြီး ဆွဲဆောင်မှုရှိစေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးထားပြီး ကိုယ်နဲ့လိုက်ဖက်တဲ့ ရေမွှေးနံ့ကို အသုံးပြုပါ။ နေရာဒေသအလိုက် ရွေးချယ်ပြီး ရေမွှေးအနံ့ကို ရွေးချယ်အသုံးပြုတတ်ခြင်းကလည်း ကွီးတို့ကို ဆွဲဆောင်မှုရှိစေမှာပါ။

လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပါ

ခပ်ဟော့ဟော့ ဘီးကျဲတစ်ဗွေ

Photo : Men’s Health

လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ခြင်းက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သည်သာမက စိတ်ပိုင်းဆိုင်ရာ အတွက်လည်း အကျိုးရှိစေပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အသွင်အပြင်ကိုလည်း ပြောင်းလဲနိုင်တာကြောင့် ကျစ်လစ်ပြီး တောင့်ဖြောင့်တဲ့ ခန္ဓာကိုယ်ရရှိဖို့အတွက်လည်း လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။ ကွီးတို့လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစား ရရှိနိုင်ဖို့လည်း ကူညီပေးနိုင်ပါတယ်။

ကိုယ်နေဟန်ထား ကောင်းမွန်ပါစေ

Photo : Real Man Real Style

ကွီးတို့ မတ်တပ်ရပ်တဲ့အခါဖြစ်စေ၊ လမ်းလျှောက်တဲ့အခါဖြစ်စေ ကိုယ်နေဟန်ထားမှန်ကန်မှု ရှိခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပါတယ်။ ကိုယ်ဟန်အနေအထားကောင်းမွန်ခြင်းက ကွီးတို့ကိုဆွဲဆောင်မှုရှိတယ်လို့ ထင်မြင်စေမယ့် ခံစားချက်ကို ပေးစွမ်းနိုင်ပြီး တခြားလူတွေကိုလည်း ထိုသို့ထင်မြင်စေပါတယ်။ကိုယ်နေဟန်ထား မှန်ကန်ဖို့အတွက် လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်ပါတယ်

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ

Photo : Real Man Real Style

လုံးဝကို မိမိုက်ပြီး ဆွဲဆောင်မှုရှိနေတဲ့ အမျိုးသားတွေကို ကြည့်လိုက်ရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိတာ တွေ့ရမှာပါ။ တစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင် မတွန့်ဆုတ်ပါနဲ့၊ ရဲရဲဝံ့ဝံ့လုပ်ဆောင်ပါ။ တစ်ခုခုကို ရဲရဲဝံ့ဝံ့ လုပ်တောင်တာ၊ ပြောဆိုတာ၊ ဘယ်လိုကိစ္စကိုမဆို ယုံကြည်ချက်ရှိရှိ လုပ်ဆောင်တာမျိုးက ယောကျာ်းဆန်တဲ့ ဆွဲဆောင်မှုကို ပေးစွမ်းနိုင်ပါတယ်။

မုတ်ဆိတ် အနည်းငယ်ထားပါ

Photo : Real Man Real Style

အချို့သော အမျိုးသားတွေက မုတ်ဆိတ်မွှေး အနည်းငယ်ရှိခြင်းနဲ့ ‌တော်တော်လေးကို လိုက်ဖက်ပြီး ဆွဲဆောင်မှု ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တဲ့ ပုံစံဖြင့် မုတ်ဆိတ် အနည်းငယ်ထားကြည့်ပါ။ အကယ်၍ ကွီးတို့က မုတ်ဆိတ်ထားရတာ မကြိုက်ဘူးဆိုလည်း ပြဿနာမရှိပါဘူး။ ကိုယ်နှစ်သက်တာကို ပြုလုပ်နိုင်ပါတယ်။

ဆွဲ‌ဆောင်မှုရှိပြီး ခပ်ဟော့ဟော့ ဘီးကျဲတစ်ဗွေ ဖြစ်ဖို့ ဒီနည်းလေးတွေကို အခုပဲ စမ်းကြည့်လိုက်ပါ။

Source : Real Man Real Style

Featured Photo : Vista Create