ခရီးသွားရတာ ကြိုက်တဲ့ကွီးတို့အတွက် ပြည်ပခရီးလည်း ထွက်ချင်တယ် အဝေးကြီးလည်း မသွားချင်ဘူးဆိုရင် အရှေ့တောင်အာရှထဲက ကမ္ဘောဒီယားနိုင်ငံကို လည်ပတ်ဖို့ရွေးချယ်နိုင်ပါတယ်။ ခမာမြေတစ်ဖြစ်လည်း ကမ္ဘာဒီးယားနိုင်ငံက လှပပြီး အပူပိုင်းကမ်းခြေများမှ စိမ်းလန်းသော သစ်တောများနှင့် ရှေးဟောင်း ဘုရားကျောင်းများအထိ အလှအပမျိုးစုံကို ရှုစားနိုင်ပါတယ်။ ဒါ့အပြင် သဘာဝအလှအပတွေ၊ ခမာလူမျိုးများရဲ့ ရင်းနှီးပျူငှာမှု၊ ရှည်လျှားတဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ပေါများတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ခရီး သွားရတာ ကြိုက်တဲ့ ကွီးတို့အတွက် ခမာမြေမှ အလှအပများဆီသို့ ဒီဆောင်းပါးလေးနဲ့ အလည်အပတ်ခေါ်သွားပါရစေ။
Siem Reap

Photo : Hotels
ခမာမြေမှ အလှအပတွေကို ရှုစားဖို့ Siem Reap ကနေ စလိုက်ရအောင်ဗျာ။ Siem Reap ဆိုတာကတော့ The Angkor Wat (အန်ကာဝပ်ဘုရားကျောင်း) နဲ့ အနီးဆုံးမြို့ဖြစ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတဲ့ မြို့ ဖြစ်ပါတယ်။ ကြည့်ရှုစရာ ဘာသာရေး အဆောက်အဦးတွေ၊ အစည်ကားဆုံး Pub Street စတဲ့ လည်ပတ်စရာတွေအပြင် ၊ ကြယ် ၅ ပွင့် ဟိုတယ်၊ စားသောက်ဆိုင်တွေ ပေါများတဲ့ ဆီယမ်ရိ မြို့ ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ လည်ပတ်လို့ အကောင်းဆုံးသော နေရာများထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Siem Reap ကို လာအိုနဲ့ ထိုင်းတို့မှ အလွယ်တကူ ဘတ်စ်ကားဖြင့် သွားရောက်နိုင်ပါတယ်။
Kampot

Photo : www.bookings
ဒီမြို့လေးကတော့ ကမ္ဘောဒီးယားနိုင်ငံတောင်ပိုင်းရှိ Preaek Tuek Chu မြစ်ပေါ်ရှိ မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီ Kampot မြို့လေးက ၏ ငရုတ်ကောင်းစိုက်ခင်းများနှင့် ဆားခင်းများကြောင့် လူသိများပါတယ်။ ဒီမြို့လေးမှာ ဘုရင်ခံစံအိမ် အပါအဝင် ကိုလိုနီခေတ်က အဆောက်အဦများစွာကိုလည်း လေ့လာကြည့်ရှုနိုင်ပါတယ်။ မြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ Preah Monivong Bokor အမျိုးသားဥယျာဉ်မှာ မျောက်လွှဲကျော်များနှင့် ကြောင်ကြီးများ အပါအဝင် ရေတံခွန်နဲ့ သစ်တောများကိုပါ ရှုစားနိုင်ပါတယ်။ ဒီ အမျိုးသားဥယျာဉ်ကို ၂၀၀၃ ခုနှစ်မှာ အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
Koh Ta Kiev

Photo : About
ကွီးတို့က မြို့ပြမဟုတ်ဘဲ သဘာဝကျွန်းအလှကို ခံစားလိုပါက ကမ္ဘောဒီးယားကျွန်းစုငယ်များထဲမှ အကြီးဆုံးကျွန်းစုတစ်ခုဖြစ်တဲ့ Koh Ta Kiev ကို သွားရောက်လည်ပတ်နိုင်ပါတယ်။ Koh Ta Kiev သည် ခရီးသွားများကြားတွင် ဝှက်ထားသော ကျောက်မျက်ရတနာတစ်ခုလို့ တင်စားကြပြီး ကမ္ဘောဒီးယား ယဉ်ကျေးမှုစစ်စစ်ကို တွေ့ကြုံခံစားရန် အကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်တယ်လို့ဆိုပါတယ်။
Phnom Penh

Photo : Cambodia
ကမ္ဘောဒီယားကို အလည်အပတ်ရောက်ခဲ့ရင် ၎င်းရဲ့ မြို့တော်နဲ့ အကြီးမားဆုံးမြို့ဖြစ်တဲ့ Phnom Penh မှာလည်း လည်ပတ်ခဲ့ဖို့ မမေ့ပါနဲ့။ ဒီမြို့က အေဒီ ၁၅ ရာစု ကတည်းက တည်ရှိခဲ့ပြီး ပြင်သစ်ကိုလိုနီခေတ်မှာ ပြင်သစ် ဗိသုကာလက်ရာများကြောင့် အာရှရဲ့ ပုလဲ အဖြစ် ထင်ရှားခဲ့ပါတယ်။ ဖနွမ်းပင်မြို့တော်မှာ တော်ဝင်ဘုရင့်နန်တော်၊ The Silver Pagoda၊ ဖနွံပင် ညဈေး၊ ခမာနီခေတ် လူမျိုးတုံးသတ်ဖြတ်မှု ပြတိုက် တို့ဟာ လည်ပတ်ဖို့ ကောင်းတဲ့ နေရာများဖြစ်ပါတယ်။
The Angkor Wat

Photo : Hotels.com
ခမာမြေကို ရောက်ခဲ့ရင် လုံးဝကို မဖြစ်မနေ လည်ပတ်ရမယ့်နေရာကတော့ The Angkor Wat အန်ကာဝပ်ဘုရားကျောင်း ဖြစ်ပါတယ်။ The Angkor Wat က လာရောက်လည်ပတ်သူတွေအတွက် ရေပန်းအစားဆုံး မဖြစ်မနေ သွားရောက်တဲ့ နေရာဖြစ်ပါတယ်။ ဧက ၄၀၀ ကျော် ကျယ်ဝန်း ပြီး သဲကျောက်တွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာမှာ အကြီးဆုံး ဘာသာရေးအထိမ်းအမှတ် အဆောက်အဦး ဖြစ်ပါတယ်။ ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ် ၁၉၉၂ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။ ၁၂ ရာစုမှာ တည်ဆောက်ခဲ့တဲ့ The Angkor Wat က ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါးထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ ကွီးတို့လည်း ကမ္ဘောဒီယားကို ရောက်ခဲ့ရင် The Angkor Wat ကို မရောက် ရောက်အောင် သွားရောက်လည်ပတ်ခဲ့ပါ။
Tonle Sap Lake

Photo : The Time of India
ခမာမြေမှ အလှအပများဆီသို့ ခြေဆန့်တဲ့အခါမှာ သာယာလှပတဲ့ သဘာဝဘေးမဲ့တောတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ Tonle Sap Lake ဆိုတာကတော့ Siem Reap မှ တစ်ရက် သို့မဟုတ် ညအိပ်ခရီးထွက်နိုင်သည့် အကြီးဆုံးရေချိုအိုင် ဖြစ်ပါတယ်။ ဒီရေကန်ထဲမှာ ငါးများနှင့် ငှက်များမှ မိကျောင်းနှင့် လိပ်များအထိ တောရိုင်းတိရစ္ဆာန်များကို တွေ့နိုင်ပါတယ်။ ကန်ပတ်လည်တွင် သဘာဝနှင့် လိုက်လျောညီထွေစွာ နေထိုင်လျက်ရှိကြသော ရေပေါ်ရွာများကိုလည်း တွေ့နိုင်ပါတယ်။ Tonle Sap Lake သည် ဇီဝမျိုးစုံမျိုးကွဲများကို အလွန်လေးစားတန်ဖိုးထားသည့် ကမ္ဘောဒီးယားငါးဖမ်းယဉ်ကျေးမှုကို လေ့လာရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။
ကွီးတို့ကို ကမ္ဘာဒီးယားနိုင်ငံရဲ့ လှပတဲ့နေရာလေးတွေကို ဝေမျှပေးလိုက်တာ ဖြစ်ပါတယ်။ နောက်ထပ်လည်း လှပတဲ့နေရာလေးတွေကို ခေါ်သွားပေးဦးမှာ ဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှုပေးကြပါဦးခင်ဗျာ။
Source : Travel & Destinations
Featured Photo : Indochina
