ကမ္ဘာပေါ်တွင် ခမ်းနား လှပတဲ့ နေရာ ဒေသများသည် အများအပြားတည်ရှိနေကြတာ ဖြစ်ပါတယ်။ ခရီးသွားရတာ ဝါသနာပါသူများကတော့ ကမ္ဘာပေါ်ရှိ ထို ခမ်းနား လှပတဲ့ နေရာ ဒေသများကို စူးစမ်းရှာဖွေ တွေ့ရှိမှာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ခရီးလည်း သွားချင်တယ်။ သူမတူအောင် ခမ်းနား လှပတဲ့ နေရာ ဒေသများကိုပါ ရောက်ဖူးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာများသို့ သွားရောက်သင့်ပါတယ်။

Da Nang ရှိ ရွှေတံတား

Golden bridge

လက်နှစ်ဖက်က တံတားကြီးကို ကိုင်မြှောက်ထားတဲ့ ဓာတ်ပုံလေးကို အွန်လိုင်းတွေပေါ်မှာ ရင်းရင်းနှီးနှီး တွေ့ဖူးကြပါလိမ့်မယ်။ ထိုတံတားကြီးကတော့ ဗီယက်နမ်းနိုင်ငံ၊ Ba Na တောင်ပေါ် အပန်းဖြေစခန်းမှာ တည်ရှိတဲ့ လက်ရာမြောက်တံတားပဲဖြစ်ပါတယ်။

ထိုတံတားကြီးသည် ပင်လင်ရေမျက်နှာပြင်အထက် ၁၄၀၀ မီတာအမြင့်မှာတည်ရှိပြီး တံတားရဲ့အရှည်ကတော့ ၁၅၀ မီတာရှည်လျားပါတယ်။ ဒီတံတားကြီးရဲ့ ထူးခြားချက်ကတော့ သဘာဝတရားကို မပျက်စီးစေဘဲ ထိုသဘာဝတရားကိုသာ အမှီပြုပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ အနုပညာလက်ရာမြောက်တဲ့ ဗိသုကာလက်ရာများကြောင့် ကမ္ဘာလှည့်ခရီးသွားများဖြင့် အမြဲတစေဆိုသလို ပြည့်နှက်နေတာဖြစ်ပါတယ်။ ထို လှပ တဲ့ နေရာသို့ စုံတွဲများ၊ Pre-Wedding ရိုက်ချင်ကြတဲ့ စုံတွဲများလည်း လာရောက်လေ့ရှိကြပါတယ်။

ဒူဘိုင်းရှိ Palm Jumeirah

Dubai

ဒီနေရာလေးကတော့ ၂၁ ရာစုအစောပိုင်းတုန်းက ဆောက်လုပ်ထားတာဖြစ်ပါတယ်။ စက်ဝိုင်းအတွင်းတွင် ထန်းပင်အကြီးကြီး ရှိနေသယောင် ဖန်တီးဆောက်လုပ်ထားတာဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး သဲများကိုတော့ Persian ပင်လယ်ကွေ့က ထုတ်ယူကာ မြေဖို့ပြီး စတင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ၂၀၀၆ ခုနှစ်မှာ အဆောက်အဦးတွေ စတင်ဆောက်လုပ်နိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာတော့ သွားရောက်နေထိုင်နိုင်ပြီဖြစ်တဲ့ နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။

ထိုနေရာလေးသည် စစဆောက်လုပ်ချင်းတုန်းကတော့ ကမ်းခြေတု (၃) မျိုး ဖန်တီးဖို့ရန်အတွက် ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ သို့သော် စီးပွားရေးအကြပ်အတည်းကြောင့် တစ်ပိုင်းတစ်စသာဖြစ်သွားခဲ့ပါတယ်။ သို့သော် ယခုအချိန်မှာတော့ ကမ္ဘာ့ ခမ်းနားလှပတဲ့နေရာတစ်ခုအဖြစ် အသိအမှတ်ပြုခံရတဲ့နေရာတစ်ခုဖြစ်လာပါတယ်။

ဟာဝိုင်အီဒေသရှိ နာနတ်သီး ဝင်္ကပါ

hawaii

ဝင်္ကပါတွေထဲ သွားရောက်လည်ပတ်ရတာ နှစ်သက်တဲ့ ကွီးတို့အတွက်တော့ ဟာဝိုင်အီရှိ နာနတ်သီး ဝင်္ကပါက စောင့်ကြိုနေပါတယ်။ ဒီနေရာလေးသည် ၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး ဝင်္ကပါအဖြစ် ကြေညာခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားများနှင့် ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်ပြီး ထိုဝင်္ကပါကြီးသည် ၃ ဧက ကျယ်ဝန်းပြီး အခြားသော ဟာဝိုင်အီဒေသတွင် အလေ့ကျပေါက်သော အပင်ပေါင်း ၁၄၀၀ ခန့်ဖြင့် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဘော်ဒါတွေအများကြီးနဲ့ အတူတူ သွားရောက်လည်ပတ်ရင်တော့ ပိုပြီး ပျော်စရာကောင်းမှာ အမှန်ပါပဲ။

Da Nang ရှိ နဂါးတံတား

ခမ်းနား နေရာ

ဒီနဂါးတံတားကတော့ ဗီယက်နမ်နိုင်ငံ Da Nang ရှိ တံတားတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားများအကြား ရေပန်းစားပြီး လာရောက်လည်ပတ်သူများဖြင့် အမြဲတမ်း ပြည့်နှက်နေတာဖြစ်ပါတယ်။

တံတားအပေါ်မှာ နဂါးတစ်ကောင်က ပြေးလွှားနေသယောင် ပုံဖော်ထားတာဖြစ်ပါတယ်။ ထိုနဂါးသည် မီးလည်း မှုတ်ထုတ်နိုင်သလို ရေကိုလည်း မှုတ်ထုတ်နိုင်ပါတယ်။ ညဘက်မှာဆိုရင် အရောင်တွေမျိုးစုံပြောင်းလဲနိုင်ပြီး အင်မတန်လှပတဲ့အတွက်ကြောင့် ကမ္ဘာ့အဆန်းကြယ်ဆုံး ဗိသုကာဒီဇိုင်းများကို မြင်တွေ့ချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို သွားရောက်လည်ပတ်နိုင်ပါတယ်။

ဒေါက်ဖိနပ် အဆောက်အဦး

ခမ်းနား နေရာ

စင်ဒရဲလားရဲ့ ရှူးဖိနပ်လေးကို အားလုံးပဲ သိကြမယ်လို့ ထင်ပါတယ်။ ဒီအဆောက်အဦးကတော့ စင်ဒရဲလားရဲ့ဖိနပ်ဒီဇိုင်းကို အိုင်ဒီယာယူကာ ဆောက်လုပ်ထားတာဖြစ်ပါတ်ယ။ ၁၆ မီတာ မြင့်မားပြီး အဆောက်အဦးတစ်ခုလုံးကို ဖန်ဖြင့် ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ထိုအဆောက်အဦးကို ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း ချစ်ဖို့ကောင်းပါတယ်။ ရိုမန့်တစ်ဆန်ဆန် Pre-Wedding ရိုက်ကူးချင်သူများအတွက်နှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးချင်သူများအတွက်ဖြစ်ပါတယ်။ ဒီအဆောက်အဦးကတော့ ထိုင်ဝမ်ရှိ Budai မြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။

Mont-Saint-Michel

ခမ်းနား နေရာ

ဒီနေရာလေးကိုတော့ ယခင်က Mont-Tombe လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ ၁၂၀၃ ခုနှစ်တွင် ဒီနေရာလေးသည် ပြင်သစ်ဘုရင် King Phillip II က မီးရှို့ခဲ့တဲ့အတွက်ကြောင့် တစ်စိတ်တစ်ပိုင်း မီးလောင်ကျွမ်းသွားခဲ့ရပါတယ်။ ဒါ့အပြင် ထိုနေရာလေးသည် ဒီရေအတက်အကျလည်း မြန်တဲ့အတွက်ကြောင့် သွားရောက်လည်ပတ်ရတာလည်း အင်မတန်ခက်ခဲလှပါတယ်။ ထိုနေရာရဲ့ ဗိသုကာ လက်ရာများကတော့ ရှေးခေတ်ရောမဗိသုကာလက်ရာနှင့် ဂေါ့သစ်ဗိသုကာ လက်ရာနှစ်ခုတို့ကို ပေါင်းစပ်ထားတဲ့ ရဲတိုက်တစ်ခုပဲ ဖြစ်ပါတယ်။

Petra

ခမ်းနား နေရာ

Petra ဆိုတဲ့နေရာကတော့ တစ်ချိန်တုန်းက လူဦးရေ ထူထပ်ခဲ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဘီစီ ၄၀၀ နှင့် အေဒီ ၁၀၆ ကြားကာလအချိန်များတုန်းက ကုန်သွယ်မှုအချက်အချာကျတဲ့နေရာတစ်ခုဖြစ်ပြီး Nabataean အင်ပါယာခေတ်တုန်းက မြိုကတော်တစ်ခုဖြစ်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ ပျောက်ဆုံးနေတဲ့မြို့တော်အဖြစ် အမည်ပေးခံခဲ့ရပြီး ၂၀၀၇ ခုနှစ်မှာတော့ ကမ္ဘာ့အံ့ဖွယ် (၇) နေရာများထဲတွင် တစ်ခုပါဝင်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံရှိ ပန်းပွင်းများကြားထဲက ရေပန်းဥယျာဉ်

ခမ်းနား နေရာ

တကယ်လို့ ကွီးတို့သည် သဘာဝအလှတရားကို မြတ်နိုးတယ်ဆိုရင်တော့ ဒီနေရာလေးက လည်ပတ်လို့ အကောင်းဆုံးပါပဲ။ သစ်ပင်ပန်းမာန်ပေါင်းများစွာဖြင့် စိုက်ပျိုးတည်ဆောက်ထားတဲ့နေရာတစ်ခုဖြစ်ပြီး ပန်းရနံ့မျိုးစုံ ထုံသင်းနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အပင်တွေပေါ်ကနေ ရေပန်းဥယျာဉ်သဖွယ် တည်ဆောက်ထားပုံကလည်း အဆင့်အတန်း မြင့်မားလွန်းလှပါတယ်။ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ပန်းပွင့်များကို ရာသီအလိုက် ပြောင်းလဲစိုက်ပျိုးခြင်းပဲ ဖြစ်ပါတယ်။

Source: Brightside.me

Featured Image: History Hit