ခရီးထွက်ခြင်းက စိတ်အပန်းပြေစေပြီး စိတ်ဖိစီးမှုများကို ပြေလျော့စေပါတယ်။ တစ်နှစ်တာလုံး စိတ်ဖိစီးထားသမျှတွေကို ပြေပျောက်ပြီး အားအင်သစ် သွန်းလောင်းချင်တယ်ဆိုရင်တော့ ခရစ်စမတ် ပိတ်ရက်မှာ ခရီး ရှည်ထွက်တာက အကောင်းဆုံးပါပဲ။ ဒီလာမယ့် ခရစ်စမတ် ပိတ်ရက်မှာ ခရီး ရှည် ထွက်ဖို့ ပြင်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာများကို ရွေးချယ်သင့်ပါတယ်။

ဒီနေရာတွေကတော့ ခရစ်စမတ် မှာ ခရီး ထွက်ချင်သူများအတွက် အသင့်တော်ဆုံး နေရာတွေပဲ ဖြစ်ပါတယ်။

(၁) ဆွစ်ဇာလန်နိုင်ငံရှိ Basel မြို့

Basel မြို့

ခရစ်စမတ်ရာသီမျာ ဥရောပဆီ ခြေဆန့်ချင်တယ်ဆိုရင်တော့ ဆွစ်ဇာလန်နိုင်ငံရှိ Basel မြို့လေးဆီသို့ သွားရောက်လည်ပတ်သင့်ပါတယ်။ ဒီနေရာလေးမှာဆိုရင် Homemade ပစ္စည်းလေးတွေလည်း ပေါပြီး အလှဆင် မီးလုံး အစုံလည်း ဝယ်ယူရရှိနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး ထိုမြို့ငယ်လေးရဲ့ သဘာဝ ပတ်ဝန်းကျင် အလှအပကလည်း ခရီးသွားများကို ဆွဲဆောင်နေမှာ အမှန်ပါပဲ။

(၂) ဂျာမနီနိုင်ငံရှိ ဘာလင်မြို့

ဘာလင်မြို့

ဂျာမနီနိုင်ငံကလည်း ခရစ်စမတ်ဈေးတန်းကြောင့် နာမည်ကြီးပါတယ်။ ထိုမြို့ထဲမှာတင် ခရစ်စမတ်ဈေးဆိုင်တန်းပေါင်း အမျိုး ၆၀ လောက်ရှိပါတယ်။ ကွီးတို့က ထိုဈေးဆိုင်တန်းတွေမှာ လည်ပတ်လို့ ဝသွားပြီဆိုရင်တော့ နာမည်ကြီး စားသောက်ဆိုင်များ၊ ခမ်းနားလှပတဲ့ ပြတိုက်ကြီးများ၊ ညဘက် အငွေ့အသက်ကို ခံစားနိုင်မယ့် ဘားများ၊ ကလပ်များလည်း ရှိပါသေးတယ်။

(၃) ဘယ်ဂျီယံနိုင်ငံရှိ Bruges မြို့

ခရစ်စမတ် ခရီး

ဘယ်လ်ဂျီယံနိုင်ငံဆီ သွားလည်ဖြစ်မယ်ဆိုရင်တော့ Bruges မြို့ဆီ သွားရောက်လည်ပတ် သင့်ပါတယ်။ Bruges မြို့လေးရဲ့ လမ်းတွေက အလယ်ခေတ်လောက်က ကျောက်စရစ်ခဲများကို ခင်းပြီး အလှဆင်ထားတဲ့ ဒီဇိုင်းမျိုးကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြို့ငယ်လေးထဲ ခြေချလိုက်မိတာနဲ့ပဲ မှော်ကမ္ဘာထဲ ရောက်သွားသလို ခံစားရစေမှာပါ။ ခရစ်စမတ်ကာလမှာဆိုရင်လည်း တစ်မြို့လုံးကို မှိတ်တုတ် မှိတ်တုတ် မီးလုံးလေးများနဲ့ အလှဆင်ထားတာဆိုတော့ ကြည့်ရတာလည်း မိမိုက်နေမှာပဲ ဖြစ်ပါတယ်။

(၄) ဒိန်းမတ်နိုင်ငံရှိ Copenhagen မြို့

ခရစ်စမတ် ခရီး

ဒိန်းမတ်နိုင်ငံက ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံတွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်ဆိုတာ ကွီးတို့ သိပြီးပြီလား။ သူတို့ နိုင်ငံလေးက ဘာ့ကြောင့် ပျော်ရွှင်ရသလဲဆိုတာကို လက်တွေ့ ကွင်းဆင်းလေ့လာချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နိုင်ငံလေးဆီသို့ သွားရောက်လည်ပတ်သင့်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်မှု အများဆုံးနဲ့ အလှပဆုံး နေရာဆီသို့ သွားချင်တယ်ဆိုရင်တော့ Copenhagen မြို့လေးဆီသို့ ခြေဦးလှည့်လိုက်ပါ။ ထိုမြို့လေးထဲမှာဆိုရင် ခရစ်စမတ်အချိန်ရာသီဆိုရင် သက်ဝင်လှုပ်ရှားနေပြီး ခရစ်စမတ်သစ်ပင်များဖြင့် မြို့ကို အလှဆင်ထားတာက ရင်သပ်ရှုမောစရာ ကောင်းလှပါတယ်။

(၅) အိုင်ယာလန်နိုင်ငံရှိ Dublin မြို့

ခရစ်စမတ် ခရီး

အိုင်ယာလန်နိုင်ငံသည်လည်းပဲ အထက်က ဖော်ပြခဲ့တဲ့ နိုင်ငံတွေလိုမျိုးပါပဲ။ ခရစ်စမတ်ကာလမှာဆိုရင် လူအများက ပွဲတော်ကာလဖြစ်တဲ့အတွက်ကြောင့် အပြင်ထွက်လည်ကြတာဆိုတော့ စည်စည်ကားကားနဲ့ မြိုင်ဆိုင်နေပါတယ်။ ဒါ့အပြင် နှစ်သစ်ကူးညမှာဆိုရင် ပိုလို့တောင် ပျော်စရာ ကောင်းပါတယ်။ ကွီးတို့က ခရစ်စမတ်နဲ့ နှစ်သစ်ကူးညကို တစ်ဆက်တည်း ဖြတ်သန်းချင်တယ်ဆိုရင်တော့ ထိုမြို့မှာ အားရပါးရ လည်ပတ်ရင်း ဖြတ်သန်းနိုင်ပါတယ်။

ကွီးတို့ရော ခရစ်စမတ် ပိတ်ရက်ရှည်မှာ ဘယ်မြို့တွေဆီ သွားရောက်ဖို့ ပြင်ဆင်ထားပါသလဲ။

Source: Cntraveler

Featured Image: Bitesforfoodies