ကျွန်တော်တို့မီးဖိုချောင်မှာ အမြဲတွေ့ရလေ့ရှိတဲ့ ခရမ်းချဉ်သီး က ကယ်လိုရီနည်းသော အသီးအနှံဖြစ်ပြီး အာဟာရဓာတ်များပြည့်နေတယ် ဆိုတာသိပါသလား။ ခရမ်းချဉ်သီးတစ်လုံးက နေ့စဉ်လိုအပ်သော ဗီတာမင် C အနည်းဆုံးရဲ့ ၄၀ ရာခိုင်နှုန်း ကိုပေးစွမ်းနိုင်ပါတယ်။ ခရမ်းချဉ်သီးများက ကိုယ်ခံစွမ်းအား၊ အမြင်အာရုံနှင့် အရေပြားကျန်းမာရေး တို့ကို ပံ့ပိုးပေးသည့် ဗီတာမင် A နဲ့ အရိုးများကို သန်မာစေတဲ့ ဗီတာမင် K ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဆက်လက်ပြီးတော့ ဒီလိုအာဟာရဓာတ်တွေ ကြွယ်ဝတဲ့ ခရမ်းချဉ်သီး က ရတဲ့ အံ့ဖွယ် ကျန်းမာရေး အကျိုးကျေးဇူးများ ကဘာလဲဆိုတာ လေ့လာကြည့်ရအောင်။

နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်

ခရမ်းချဉ်သီး ကျန်းမာရေး

Photo : Onlyhealth

ခရမ်းချဉ်သီးမှာ Lycopene လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (၎င်းတို့ရဲ့ အနီရောင်ကိုလည်း ဖြစ်စေပါတယ်) ပါဝင်ပါတယ်။ လေ့လာမှုများအရ Lycopene က နှလုံးရောဂါ၊ ဆီးချိုနှင့် လေဖြတ်နိုင်ခြေကို တိုးစေသည့် အန္တရာယ်များကြောင့် သေဆုံးနိုင်ခြေ နည်းပါးခြင်းနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီးမှာပါဝင်တဲ့ ပိုတက်စီယမ်က နှလုံးလုပ်ငန်းဆောင်တာအတွက် အဓိက အာဟာရဓာတ်ကို ထောက်ပံ့ပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

ကျန်းမာသော အမြင်အာရုံရရှိစေရန် ပံ့ပိုးပေးနိုင်ပါတယ်

ခရမ်းချဉ်သီး ကျန်းမာရေး

Photo : AMITA Health

ကွီးတို့ရေ မုန်လာဥနီကတော့ မျက်စိကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ သိကြပေမဲ့ ခရမ်းချဉ်သီးကလည်း အမြင်အာရုံအတွက် အထောက်အပံ့ဖြစ်စေတယ်ဆိုတာ သိပ်သတိမထားမိကြပါဘူး။ Lycopene က ကွီးတို့ရဲ့မျက်လုံးအတွက်လည်း ကောင်းမွန်ပါတယ်။ ခရမ်းချဉ်သီးမှာ Lycopene အပြင် Lutein နဲ့ Beta Carotene လည်း ပါဝင်ပါတယ်။ ဤအာဟာရဓာတ်များက မျက်စိအမြင်အာရုံကို ပံ့ပိုးပေးပြီး အတွင်းတိမ်ကဲ့သို့သော မျက်စိအခြေအနေများကို ကာကွယ်ပေးပါတယ်။ ဒါကလည်း ခရမ်းချဉ်သီး ကရတဲ့ အံ့ဖွယ် ကျန်းမာရေး အကျိုးကျေးဇူးတစ်ခုပါပဲ။

အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်

Tomato

Photo : Kalam Times

နောက်ထပ် ခရမ်းချဉ်သီး ကရတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတစ်ခုကတော့ အစာခြေစနစ်ကို ကောင်းမွန်တာပဲ ဖြစ်ပါတယ်။ ခရမ်းချဉ်သီးမှာပါတဲ့ အရည်နဲ့ အမျှင်ဓာတ်က ဝမ်းချုပ်တတ်တယ်ဆိုရင် အထောက်အကူ ဖြစ်နိုင်ပါတယ်။ USDA ရဲ့အဆိုအရ ခရမ်းချဉ်သီး အလုံးကြီးတစ်လုံးတွင် အရည် ၆ အောင်စနှင့် အမျှင်ဓာတ် ၁.၅ ဂရမ် ပါဝင်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း အချို့သောလူများတွင် ချက်ပြုတ်ထားသော ခရမ်းချဉ်သီးမှ အချဉ်ဓာတ်က အက်ဆစ်ပြန်တက်ခြင်းနှင့် အစာမကြေခြင်းတို့ကို ဖြစ်စေနိုင်တာမျိုး ရှိတတ်တာကြောင့် သတိပြုသင့်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်

tomato

Photo : Integrated Health Clinic

စူးစမ်းလေ့လာမှုများက ခရမ်းချဉ်သီးမှာပါဝင်တဲ့ ဒြပ်ပေါင်များနဲ့ Lycopene စားသုံးမှတို့က ဆီးကျိတ်၊ သားအိမ်၊ အဆုတ်နှင့် အစာအိမ်ကင်ဆာ ဖြစ်ပွားမှု နည်းပါးခြင်းတို့ကြား ဆက်စပ်မှုရှိကြောင်း တွေ့ရှိခဲ့ပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးစားခြင်းက ကင်ဆာဖြစ်ပွားနိုင်ခြေကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ခရမ်းချဉ်သီး က ရတဲ့ အံ့ဖွယ် ကျန်းမာရေး အကျိုးကျေးဇူးများပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အရေပြားအတွက် ကောင်းမွန်ခြင်း၊ ဆီးချိုရောဂါ၏ နောက်ဆက်တွဲပြဿနာများကို ခုခံကာကွယ်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများစွာကိုလည်း ရရှိပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ခရမ်းချဉ်သီးကို ဟင်းလျာထဲမှာဖြစ်စေ၊ ကွီးတို့စိတ်ကြိုက် ချက်ပြုတ်ပြင်ဆင်ပြီး ဖြစ်စေ၊ ကွီးတို့ရဲ့ နေ့စဉ် အစားအစာများထဲမှာ ထည့်သွင်းလိုက်ပါ။

Source : Chigaco Health

Featured Photo : Snaped