အမျိုးသားတွေမှာ လိင်စိတ်တက်ကြွချိန် ဒါမှမဟုတ် တစ်ကိုယ်ရည် အာသာဖြေချိန်တွေမှာ လိင်တံဆီ သွေးစီးဆင်းမှု ပိုများတဲ့အတွက် အနီရောင် သို့မဟုတ် ပုံမှန်အသားရောင်နဲ့ ကွဲပြားတဲ့ အရောင်ပြောင်းခြင်း ဖြစ်စဉ် ရှိတတ်ပါတယ်။ သို့သော်လည်း ဒီလို လိင်စိတ်တက်ကြွမှုမရှိတဲ့ အချိန် ၊ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်မှု မရှိတဲ့ အချိန်တွေမှာပင် လိင်တံ အရောင်ပြောင်းနေတယ် ဆိုရင်တော့ သတိထားဖို့ လိုပါပြီ။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတွေရဲ့ လိင်တံ ခရမ်းရောင် ပြောင်းရတဲ့ နောက်ကွယ်က အကြောင်းအရင်းတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။
(၁) ထိခိုက်ဒဏ်ရာရခြင်း
Photo : Equality Health
မတော်တဆ အသေးစား ထိခိုက်မှု သို့မဟုတ် ပွန်းပဲ့ဒဏ်ရာကြောင့် ကွီးတို့ရဲ့ ညီလေးဟာ ခရမ်းရောင် ပြောင်းတတ်ပါတယ်။ အကြောင်းကတော့ ဒဏ်ရာကြောင့် လိင်တံ အရေပြားအောက်မှာရှိတဲ့ သေးငယ်တွေ သွေးကြောငယ်တွေ သွေးယိုစိမ့်မှု ဖြစ်လို့ပါ။ ဒဏ်ရာပြင်းထန်မှုအပေါ် မူတည်ပြီး လိင်တံရဲ့ အရေပြားအရောင်ဟာ ခရမ်းရောင်၊ အပြာရောင် ၊ အစိမ်းရင့်ရောင် သို့မဟုတ် အမဲရောင် စတာတွေ ပြောင်းလာတတ်ပါတယ်။
(၂) လိင်တံကျိုးခြင်း
Photo : Dr Ben Medical
ဖြစ်တောင့်ဖြစ်ခဲ အခြေအနေဆိုပေမယ့် အမျိုးသားတွေမှာ လိင်တံကျိုးတဲ့ ပြဿနာ ဖြစ်နိုင်ပါတယ်။ ပြင်းထန်တဲ့ လိင်ဆက်ဆံမှု ပုံစံတွေ ၊ လိင်တံအပေါ် ဖိအားပြင်းပြင်း သက်ရောက်တဲ့ အခြေအနေတွေကြောင့် မတော်တဆ လိင်တံကျိုးနိုင်ပါတယ်။ လိင်တံကျိုးပြီဆို လိင်တံအရေပြားဟာ ရောင်ရမ်းနာကျင်တာ ၊ ခရမ်းရောင် သို့မဟုတ် ခဲပုတ်ရောင်ပြောင်းတာတွေ စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။
(၃) ဓာတ်မတည့်မှုဖြစ်ခြင်း
Photo : Rapid STD Testing
အဓိကအားဖြင့် ဆေးဘက်ဆိုင်ရာ ဓာတ်မတည့်မှု ဖြစ်ပွားတဲ့အခါ လိင်တံရဲ့ အရေပြားအရောင်ဟာ ပြောင်းလဲတတ်ပါတယ်။ ပဋိဇီဝ Antibiotics ဆေးဝါးတွေ ၊ Acetaminophen သို့မဟုတ် Ibuprofen တို့လို အကိုက်အခဲပျောက်ဆေးတွေ ၊ စိတ်ကျရောဂါကု ဆေးတွေ စတဲ့ ဆေးဝါးတွေ မှီဝဲရခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဓာတ်မတည့်မှုကနေတဆင့် လိင်တံအရေပြားပေါ်မှာ အရောင်ပြောင်းတာ ၊ ခရမ်းရောင်သမ်းတဲ့ အဖုအထစ်တွေ ပေါ်လာတာမျိုး ကြုံရနိုင်ပါတယ်။
(၄) လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ပွားခြင်း
Photo : Broadgate GP
လိင်အင်္ဂါရေယုန်နဲ့ ဆစ်ဖလစ်ကဲ့သို့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးစက်ခံရပါက လိင်တံအရေပြားနဲ့ လိင်အင်္ဂါ အနီးတဝိုက်မှာ အရည်ကြည်ဖုတွေ ထွက်ပေါ်လာတာ ၊ နာကျင်မှုရှိတဲ့ အနီ သို့မဟုတ် ခရမ်းရောင် အနာတွေပေါက်တာတွေ ဖြစ်နိုင်ပါတယ်။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ပတ်သတ်ပြီး သံသယရှိတယ် သို့မဟုတ် ရောဂါလက္ခဏာတွေ ပြနေပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသပြီး ကုသမှု ခံယူတာက အကောင်းဆုံး ဖြစ်ပါတယ်။
Source : Men’s Health
Featured Photo : UPGUYS