ခရီးဆောင်အိတ် တစ်လုံးက နှစ်များစွာ ကြာရှည်ခံပါတယ်။ ဒါ့ကြောင့် ကွီးတို့က မကြာခဏ ခရီးထွက်သည် ဖြစ်စေ၊ တစ်ခါတစ်လေမှ ခရီးထွက်သည်ဖြစ်စေ ခရီးဆောင်အိတ် ကောင်းကောင်းတစ်လုံး ရှိထားတာ မမှားပါဘူး။ ခရီးဆောင်အိတ်တွေကို ရွေးချယ်တဲ့နေရာမှာ ပြီးစလွယ် ရွေးချယ်လိုက်ရင် ကိုယ်နဲ့အဆင်မပြေတဲ့အခါ၊ ကိုယ်လိုလျင်တဲ့ အရွယ်အစားအတိုင်း မဟုတ်တဲ့အခါ ‌‌‌ငွေကုန်တာပဲ အဖတ်တင်ပါလိမ်မယ်။ ဒီနေ့မှာတော့ ခရီးဆောင်အိတ်ကို ဝယ်ဖို့စဉ်းစားနေတဲ့ ကွီးတို့အတွက် ခေါင်းမစားဘဲ၊ မှန်ကန်စွာ ရွေးချယ်တတ်စေဖို့ သိထားရမယ့် အချက်‌လေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

ခရီးဆောင်အိတ် အရွယ်အစား

ခရီးဆောင်အိတ်ကို

Photo : Toronto Star

ခရီး‌ဆောင်အိတ်တွေက အရွယ်အစားနဲ့ အမျိုးအစား အမျိုးမျိုးရှိပြီး ကွီးတို့သွားရောက်မယ့် ခရီးနဲ့ ထုတ်ပိုးသွားမယ့် ကစ္စည်းတွေ အပေါ်မူတည်ပြီး သေချာရွေးချယ်ရပါမယ်။ များသောအားဖြင့် ကိုယ်သွားရောက်မယ့် ခရီးနဲ့ ခရီးစဉ်အတွင်း ကြာချိန်ကို မူတည်ပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ လေကြောင်းနဲ့ သွားရောက်မယ့် ခရီးစဉ်များအတွက်ကတော့ ခရီးဆောင်အိတ်အလေးချိန်ကို သတ်မှတ်ထားတာကြောင့် ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားပြီး ဝယ်ယူပါ။ တစ်ခါတစ်ရံမှာ ကြီးလွန်းတဲ့ ခရီးဆောင်အိတ်တွေက သယ်ယူဖို့ ခက်တတ်ပါတယ်။ ကိုယ့်အတွက် သယ်ရတာအဆင်ပြေပြီး သက်တောင့်သက်သာ ဖြစ်စေမယ့် အိတ်ပို ရွေးချယ်ပါ။

လက်ကိုင်များ

ခရီးဆောင်အိတ်ကို

Photo : Travel Pro

ခရီးဆောင်အိတ်တွေ ဝယ်ယူရာမှာ လက်ကိုင်ကိုလည်း သေချာစစ်ဆေးကြည့်ဖို့ မမေ့ပါနဲ့။ အပေါ်နဲ့ ဘေးဘက်မှာ လက်ကိုင်တွေ ပါရှိခြင်းက တကယ်ကို လက်တွေ့အသုံးဝင်ပါတယ်။ ဆွဲသွားလို့ရတဲ့ လက်ကိုင်အပြင် အပိုလက်ကိုင်များ ပါရှိခြင်းက ခရီးဆောင်အိတ်ကို Check-in ဝင်ရာတွင်လည်းကောင်း၊ လှေကားများ တတ်ရာတွင်လည်းကောင်း သယ်ယူရတာ အဆင်ပြေစေပါတယ်။ နောက်တစ်ချက်ကတော့ လက်ကိုင်တွေက ခိုင်ခံ့မှု ရှိမရှိကိုလည်း သေချာစွာ စစ်ဆးပါ။

ဘီးများ

Photo : Skyway Luggage

ခရီးဆောင်အိတ်မှာ ပါဝင်တဲ့ ဘီးနဲ့ ပတ်သတ်လျှင် ကွီးတို့မှာ ရွေးချယ်စရာ ၂ မျိုး ရှိပါတယ်။ ဘီး ၂ ဘီးပါတဲ့ အိတ်နဲ့ ဘီး ၄ ဘီးပါတဲ့ အိတ်ပါ။ ဘီးနှစ်ဘီးပါသော ခရီးဆောင်အိတ်များသည် ပေါ့ပါးသော်လည်း ဟန်ချက်မညီပါက ချော်ထွက်နိုင်ခြေရှိပါတယ်။ ဘီး ၄ ဘီးပါတဲ့ အိတ်တွေကတော့ ဘေးတိုက်ဆွဲရန် ပိုလွယ်ကူပြီး လေဆိပ်တွေမှာ အသုံးပြုရ ပိုအဆင်ပြေနိုင်ပါတယ်။ ကွီးတို့အနေနဲ့ မဝယ်ခင် စမ်းသပ်ပြီးမှ ကိုယ်နဲ့ အဆင်ပြေတာကို ရွေးချယ်ပါ။

နေရာ ချဲ့နိုင်မှု

Photo : Rolling Stones

ခရီးဆောင်သေတ္တာအများအပြားတွင် အနည်းဆုံး ၁၀ ရာခိုင်နှုန်း အပိုထုပ်ပိုးနေရာအတွက် ဇစ်ဖွင့်နိုင်သည့် တိုးချဲ့နိုင်သောအကန့်တစ်ခု ပါရှိတယ်။ ဒီလို အပိုနေရာချဲ့နိုင်တဲ့ အကန့်ပါတဲ့ အိတ်တွေက အချို့သော အချိန်တွေမှာ ကွီးတို့အတွက် အဆင်ပြေနိုင်ပါတယ်။ များသောအားဖြင့် ခရီးကနေ အမှတ်တရပစ္စည်းတွေ အများကြီး ဝယ်လာတာမျိုးဆိုရင် ဒီအပို အကန့်ကို ကောင်းကောင်း အသုံးချနိုင်ပါတယ်။ တစ်ခုသတိထားရမယ့် အချက်ကတော့ လေကြောင်းနဲ့ဆိုရင် သတ်မှတ်ထားတဲ့ အလေးချိန်ကျော်သွားပါက ကွီးတို့ အပိုထပ်ဆောင်းငွေ ပေးရနိုင်ပါတယ်။

ကွီးတို့အတွက် ခရီးဆောင်အိတ်ကို ရွေးချယ်ဝယ်ယူမှာ လွယ်ကူစေဖို့နဲ့ မှန်မှန်ကန်ကန် ကိုယ်နဲ့ အဆင်ပြေစွာ ရွေးချယ်နိုင်စေဖို့ ဒီအချက်လေးတွေက ကူညီပေးပါလိမ့်မယ်။

Source : Good Housekeeping

Featured Photo : Yanko Design