ငယ်တုန်းမှာ ခရီးတွေ များများထွက်ပါလို့ ပြောတာ ကြားဖူးကြမှာပါ။ လူအများစုကတော့ ဝါသနာ တစ်ခုအနေနဲ့ရော အပန်းဖြေ အနားယူဖို့အတွက်ပါ ခရီးသွားလေ့ ရှိကြပါတယ်။ ခရီးသွားခြင်းက စာရေးသူတို့အတွက် အံ့ဩသင့်ဖွယ်ရာ အကျိုုးကျေးဇူးတွေ များစွာကို ပေးစွမ်းနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ခရီးသွားခြင်းကနေ ကွီးတို့ ရရှိနိုင်မယ့် အကျိုုးကျေးဇူးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်

Travelling

Photo : The Bearded Backpacker

ခရီးသွားတာဟာ ကွီးတို့ရဲ့ စိတ်ရောရုပ်ပါ ကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။ အထူးသဖြင့် သာယာလှပတဲ့ သဘာဝရှုခင်းတွေ ၊ တောင်တန်းတွေနဲ့ ကျေးလက်ဒေသတွေဆီ ခရီးသွားတဲ့အခါမှာ သိသိသာသာ စိတ်ရော ခန္ဓာကိုယ်ပါ ပေါ့ပါးလန်းဆန်းတဲ့ ခံစားချက်ကို ရရှိစေပါတယ်။  မွန်းကြပ်စရာ နေ့စဉ်ဘဝထဲက ရုန်းထွက်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းချင်တယ် ဆိုရင်တော့ သဘာဝနဲ့ အနီးကပ်ဆုံး ထိတွေ့ခံစားနိုင်မယ့် နေရာဆီသာ ခရီးသွားဖို့ အကြံပြုချင်ပါတယ်။

(၂) အမှတ်တရကောင်းတွေ ဖန်တီးပေးတယ်

Travelling

Photo : Nomadic Yak

ဘဝရဲ့ မမေ့နိုင်စရာ အမှတ်တရကောင်းတွေကို ခရီးသွားခြင်းကနေ ရနိုင်ပါတယ်။ တစ်ကိုယ်တည်းဖြစ်စေ ၊ သူငယ်ချင်း/ မိသားစုတွေနဲ့ ဖြစ်စေ ၊ ချစ်သူကောင်မလေးနဲ့ ဖြစ်စေ ခရီးတွေ များများသွားပြီး ကောင်းမွန်တဲ့ အမှတ်တရတွေကို ဖန်တီးနိုင်ပါတယ်။ နောင်တချိန်မှာ အောက်မေ့စရာ အမှတ်တရတွေကို ပြန်ပြောရင်း ကြည်နူးပျော်ရွှင်ရတဲ့ ခံစားချက်ကို ခံစားနိုင်စေဖို့ ငယ်တုန်းမှာ ခရီးတွေ များများ သွားသင့်ပါတယ်။

(၃) စီမံခန့်ခွဲမှုစွမ်းရည် ပိုကောင်းလာစေတယ်

Travelling
Photo : The Good Men Project

ခရီးတစ်ခု သွားတော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်ရတဲ့အရာတွေ ၊ စီမံခန့်ခွဲရတဲ့ အပိုင်းတွေ အများကြီးပါ။ သွားမယ့်နေရာဒေသ ၊ တည်းမယ့်ဟိုတယ် ၊ အချိန် ၊ ငွေကြေးကုန်ကျမှု စတဲ့ အရာတွေ အားလုံးကို သေချာလေး စီမံခန့်ခွဲပြီး ပြီးပြည့်စုံတဲ့ ခရီးစဉ်တစ်ခုဖြစ်စေဖို့ အစီအစဉ်ချရတာပါ။ ဒါကြောင့် ခရီးတစ်ခေါက်သွားတိုင်းမှာ ကွီးတို့ရဲ့ စီမံခန့်ခွဲနိုင်မှု အရည်အချင်းတွေ တိုးပွားလာစေမှာဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ၊ ကိုယ့်အားကိုယ်ကိုး နိုင်စွမ်းတွေလည်း ပိုမြင့်လာစေမှာ ဖြစ်ပါတယ်။

Source : LifeHack

Featured Photo : Solo Traveler World