ယောကျာ်းလေးတိုင်း အိပ်ရာထက်မှာ ၃ မိနစ် ခေါက်ဆွဲပြုတ် အဖြစ်ခံချင်ကြမယ် မထင်ပါဘူး။ ကြာကြာ ခရီးနှင်ဖို့ ဘေးထွက်ဆိုးကျိုးများတဲ့ ဆေးဝါးတွေ ၊ တပွဲတိုးဆေးတွေကလည်း ကွီးတို့အတွက် ရေရှည်အလုပ်မဖြစ်နိုင်တာ သေချာပါတယ်။ ဒီအတွက်တော့ စိတ်မပူပါနဲ့။ ကွီးတို့ရဲ့ လိင်ဆက်ဆံမှုဘဝအတွက် အပြုသဘောဆောင်တဲ့ အလှည့်အပြောင်း ဖြစ်စေမယ့် သဘာဝနည်းလမ်း ရှိပါတယ်။ ဒါကတော့ အစားအသော က်ပါ။ မှန်ကန်တဲ့ အစားအသောက်ဟာ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သလို ကိုယ်တွင်း သွေးစီးဆင်းမှုကို အထောက်အပံ့ဖြစ်စေပြီး လိင်တံထောင်မတ်နိုင်စွမ်းနဲ့ လိင်အင်္ဂါ သန်စွမ်းကျန်းမာခြင်းတွေအတွက် များစွာအကူညီဖြစ်စေနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အိပ်ရာထက်မှာ ခရီးရှည်ကြီး သွားချင်တဲ့ ကွီးတို့အတွက် သဘာဝအတိုင်း ကြာကြာအစွမ်းပြနိုင်ဖို့ လုပ်ငန်းမစခင်မှာ စားပေးသင့်တဲ့ အစားအသောက်တွေကို ပြောပြပေးချင်ပါတယ်။

(၁) ဖရဲသီး

Watermelon

Photo : Food Network

ဖရဲသီးဟာ ရေဓာတ်ကြွယ်ဝစွာပါဝင်တတဲ့ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံး အစားအစာတစ်ခုအဖြစ် လူသိများပါတယ်။ ၂၀၁၄ ခုနှစ်က လေ့လာမှုတစ်ခုအရ ဖရဲသီးမှာ Lycopene ပါဝင်ပြီး ၎င်းက ကင်ဆာရောဂါနဲ့ အဝလွန်ခြင်းတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းတယ်လို့ ဆိုထားပါတယ်။ နောက်တစ်ချက်ကတော့ ဖရဲသီးမှာ Citrulline လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ၎င်းက Arginine အဖြစ်ကို ပြောင်းလဲသွားစေတဲ့အတွက် လိင်အင်္ဂါအတွင်း သွေးစီးဆင်းမှုကို ပိုတိုးစေကာ လိင်တံထောင်မတ်နိုင်စွမ်းနဲ့ အတူနေချိန်မှာ အချိန်ကြာကြာ အစွမ်းပြနိုင်ဖို့ ကူညီပေးနိုင်စွမ်း ရှိပါတယ်။

(၂) အခွံမာသီး

Nuts
Photo : Healthline

ခရီးရှည်ကြီး သွားချင်တဲ့ ကွီးတို့အနေနဲ့ လုပ်ငန်းမစခင်မှာ စားသင့်တာက Nuts လို့ခေါ်တဲ့ အခွံမာသီးတွေပါပဲ။ အခွံမာသီးတွေဟာ လိင်မှုဆိုင်ရာ အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်တယ်လို့ အာဟာရဆိုင်ရာ ပညာရှင်တွေက ဆိုထားပါတယ်။ အထူးသဖြင့် အခွံမာသီးနဲ့ အစေ့အဆန်တွေမှာ အိုမီဂါ – ၃ ဖက်တီအက်ဆစ်နဲ့ ဇင့်ဓာတ် နှစ်မျိုးလုံးပါဝင်တာကြောင့် နှလုံးသွေးကြောကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး လိင်မှုဆိုင်ရာ စွမ်းဆောင်နိုင်မှုကို ပံ့ပိုးပေးနိုင်ပါတယ်။

(၃) ငှက်ပျောသီး

banana

Photo : Medical News Today

ငှက်ပျောသီးမှာ ခန္ဓာကိုယ်ရဲ့ အလုံးစုံ လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ ပိုတက်စီယမ် ကြွယ်ဝစွာပါဝင်ပါတယ်။ ပိုတက်စီယမ်ဓာတ်ဟာ နှလုံး ၊ အာရုံကြောနဲ့ ကြွက်သားတွေရဲ့ ကျုံ့ဆန့်နိုင်စွမ်းကို အထောက်အပံ့ ဖြစ်စေတာကြောင့် လိင်မှုဆိုင်ရာစွမ်းဆောင်ရည်နဲ့ အတူနေချိန်မှာ လိင်အင်္ဂါ ပြည့်ပြည့်ဝဝ မာကျောမှုရှိနေစေဖို့နဲ့ အထွတ်အထိပ်ရောက်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည်အပြည့်နဲ့ အိပ်ရာထက်မှာ ခရီးရှည်ကြီး သွားချင်တယ်ဆိုရင် လုပ်ငန်းမစခင် ငှက်ပျောသီး စားထားဖို့ အကြံပေးချင်ပါတယ်။

(၄) ထောပတ်သီး

avocados

Photo : British Dietetic Association – UK.COM

ထောပတ်သီးမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်နဲ့ ဗီတာမင် E ဓာတ်တွေ ပါဝင်တာကြောင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးပြီး သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ အတူမနေခင်မှာ ထောပတ်သီး အနည်းငယ်ခန့် စားပေးမယ်ဆိုရင် ကွီးတို့ရဲ့ လိင်အင်္ဂါအတွင်း သွေးစီးဆင်းမှုကို တိုးစေပြီး စွမ်းဆောင်ရည် ပြည့်ပြည့်ဝဝနဲ့ အချိန်ကြာကြာ အစွမ်းပြနိုင်ဖို့ များစွာအထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။

(၅) ပျားရည်

Honey

Photo : Healthline

ပျားရည်ကိုတော့ အလှအပရေးရာအတွက်သာမက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင် ပမာဏကို ဖြည့်တင်းပေးတဲ့ သဘာဝသကြားဓာတ်လို့ လူသိများပါတယ်။ ပျားရည်ဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ရိုးရာဆေးနည်းတွေ ၊ တိုင်းရင်းဆေးကုထုံးတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြတဲ့ သဘာဝဆေးဖက်ဝင် အစားအသောက်တစ်ခု ဖြစ်ပါတယ်။ လေ့လာမှုတွေအရတော့ ပျားရည်ဟာ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးနဲ့ မျိုးပွားမှုကျန်းမာရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ဆိုပြီး လိင်မဆက်ဆံခင် ပျားရည်စားပေးမယ်ဆိုရင် စွမ်းဆောင်ရည်ကို ပိုမိုမြင့်မားစေဖို့ ကူညီပေးနိုင်တယ်လို့ ဆိုထားပါတယ်။

Featured Photo : The Body